ထားဝယ် ဇူလိုင် ၃
ယနေ့တွင်ကျရောက်သည့်မြန်မာအမျိုးသမီးများနေ့အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက မြန်မာအမျိုးသမီးများနေ့တွင်တနင်္သာ ရီတိုင်းဒေသကြီးအတွင်းမှာ ရှိသော အမျိုးသမီးများအပါအဝင် မြန်မာအမျိုးသမီးများအားလုံးကို လှိုက်လှဲ စွာဂုဏ်ပြုပါကြောင်း၊ အမျိုးသမီးများအား နည်းမျိုးစုံဖြင့်ခွဲခြားမှုပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန် ဗင်းရှင်း(CEDAW)ပါ ကတိကဝတ်များနှင့်အကြံပြုသုံးသပ်ချက် များ၊ ဘေဂျင်းလုပ်ငန်းစီမံချက်ပါ ဦးစား ပေး နယ်ပယ်(၁၂)ရပ်နှင့်အညီ ရေးဆွဲထားသည်အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသား အဆင့်မဟာဗျူဟာစီမံကိန်း (၂၀၁၃-၂၀၂၂)ကိုရေးဆွဲခဲ့ပြီး မဟာဗျူဟာစီမံကိန်းအနေဖြင့် ၂၀၂၂ခုနှစ်တွင် စီမံကိန်းကာလပြီးဆုံးခဲ့ပြီဖြစ်သည့်အတွက်အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာအမျိုးသားအဆင့်မဟာဗျူဟာစီမံကိန်း (Phase II)ကိုလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ကဦးဆောင်ပြီးဆက်စပ် ဝန်ကြီးဌာန များနှင့်အဖွဲ့အစည်းများကဝိုင်းဝန်းပူးပေါင်းရေးဆွဲလျက်ရှိကြောင်း၊ နိုင်ငံတော်အဆင့်ဦးစားပေးကဏ္ဍများဖြစ်သည့် ငြိမ်းချမ်းရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး ၊ အမျိုးသမီး များနှင့်အမျိုးသမီးငယ်ရွယ်များအပေါ် အကြမ်းဖက်မှုလျော့နည်းပပျောက်ရေး နှင့် သဘာဝဘေးအန္တ ရာယ်ကို ခံနိုင်ရည်စွမ်းအားမြင့်မားစေရေးတို့အတွက် အရှိန်အဟုန်ဖြင့်ဆောင်ရွက်သွားနိုင်ရန်အတွက် တိုင်းဒေသကြီးအတွင်းရှိဆက်စပ်ဌာနအဖွဲ့အစည်းများ၊အစိုးရမဟုတ်သောနိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့်ပူးပေါင်းဆောင်ရွက်သွားကြရမှာဖြစ်ကြောင်း၊ ကျား/မတန်းတူညီမျှမှုရှိရန်နှင့် မြန်မာအမျိုးသမီး များ၏အခွင့်အရေးများကို ပိုမိုမြှင့်တင် ကာကွယ်စောင့်ရှောက်နိုင်ရန်အတွက် နိုင်ငံတော်အနေဖြင့် ဘက်ပေါင်းစုံက တတ်နိုင်သရွေ့ကြိုးပမ်းဆောင်ရွက်လျက်ရှိသလို အမျိုးသမီးထုကြီးနှင့်အဖွဲ့အစည်းများ ကလည်း သက်ဆိုင်ရာကဏ္ဍအသီးသီးကနေ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်းပြော ကြားသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ထူးချွန်အမျိုးသမီးများအား ဆုချီးမြှင့်ပြီးမြန်မာအမျိုး သမီးများနေ့အထိမ်းအမှတ် မှတ်တမ်းတင်Video ပြသမှုနှင့်မူလတန်းကြိုကျောင်းမှသားငယ်သမီးငယ် များက စည်းလုံးစို့လေသွေးချင်းတို့ရဲ့ပြည်သီချင်းဖြင့် ဖျော်ဖြေတင်ဆက်မှုတို့အား တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် နှင့် တိုင်းဒေသကြီးဝန်ကြီးများကကြည့် ရှုအားပေးခဲ့ကြောင်းသတင်းရရှိသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)

