ထားဝယ် ဇွန် ၂၇
၂၀၂၃-၂၀၂၄ ခု၊ ပညာသင်နှစ်အတွင်း တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ ကြသည့် ကျောင်းသား /သူများအားဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီခွဲ က ထားဝယ်မြို့၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ကျင်းပသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက ယနေ့လူငယ်နောင်ဝယ်လူကြီးဆို သလို နောင်တစ်ချိန်တွင် နိုင်ငံတော်၏တာဝန်များကို လွှဲပြောင်းထမ်းဆောင်ကြရမှာ ဖြစ်သည့် အတွက် ထူးချွန်သည့်လူတော်လူကောင်းများ ဖြစ်လာကြစေရေးကြိုးပမ်းဆောင်ရွက်ကြစေ လိုကြောင်း၊ ပညာတတ်မြောက်မှသာလျှင်အကောင်းအဆိုး အကြောင်း အကျိုးကို ဝေဖန်ပိုင်းခြား သုံးသပ်ဆောင်ရွက်နိုင်မည်ဖြစ်ပြီး “ ပညာရဲရင့် ပွဲလယ်တင့်”၊ “ ပညာရွှေအိုး လူမခိုး” ဆိုသလိုပညာ၏တန်ခိုး၊ ပညာ၏တန်ဖိုးမှာကြီးမားသောကြောင့်ကြိုးစားသင်ယူ လေ့လာကြစေလို ကြောင်း၊ နိုင်ငံတော်ကပညာရေး ရင်းနှီးမြှုပ်နှံမှုကို အလေးထားအားပေး ကြိုးပမ်းဆောင်ရွက်လျက် ရှိပြီးအသိပညာ၊ အတတ်ပညာနှင့် ပြည့်စုံသော ပညာတတ်များ ပေါများလာရေး၊ ကျောင်းနေအရွယ် ကလေးငယ်များအားလုံး စဉ်ဆက်မပြတ် ပညာသင်မှု အခွင့်အလမ်းရရှိရေးကိုအထူးလေးပေး ဆောင်ရွက်လျက်ရှိကြောင်း၊ “ လက်ဦးဆရာ မည်ထိုက်စွာ ပုဗ္ဗာစရိယမိနှင့်ဖ” ဆိုသလို မိဘအားလုံး “ကလေးပညာရေး ကောင်းမွန်ရေး၊ ကျောင်းနေအရွယ်ကလေးများကျောင်းပြင်ပမရောက်ရှိရေး၊ တက္ကသိုလ်တွင်အဆင့်မြင့်ပညာရပ်များကို လေ့ကျင့်သင်ကြားရေး” စသည့် အဓိကရည်မှန်းချက် များဖြင့် နိုင်ငံတော် အတွက် အားကိုးအားထားရသည့် အနာဂတ်ခေါင်းဆောင်ကောင်းများ အသိ ပညာရှင်၊ အတတ်ပညာရှင်များ ဖြစ်ပါစေကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်နှင့် တာဝန်ရှိသူများ၊ မိသားစု စည်းရုံးရေးနှင့်စည်းကမ်းထိန်းသိမ်းရေးကော်မတီတို့က တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ၂၀၂၃-၂၀၂၄ပညာသင်နှစ်အတွင်းတက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ဂုဏ်ထူးရဝန်ထမ်းသား /သမီး (၆)ဘာသာဂုဏ်ထူး ရှင်(၁)ဦးအား (၁)ဘာသာလျှင်(၂)သိန်းကျပ်နှုန်းဖြင့် ငွေကျပ်(၁၂)သိန်း၊ (၂)ဘာသာ ဂုဏ်ထူးရှင် (၁)ဦးအား (၁)ဘာသာလျှင်(၂)သိန်းနှုန်းဖြင့်ငွေကျပ်(၄)သိန်း၊ (၁)ဘာသာဂုဏ်ထူးရှင်(၂)ဦးအား (၂)သိန်းနှုန်း ဖြင့်ငွေကျပ်(၄)သိန်း၊ရိုးရိုးအောင်မြင်သူ(၇)ဦးအား ငွေကျပ်(၁)သိန်းနှုန်းဖြင့် ငွေကျပ်(၇)သိန်း၊ စုစုပေါင်း ချီးမြှင့်ငွေကျပ် (၂,၇၀၀,၀၀ဝိ/-) (ကျပ်နှစ်ဆယ့်ခုနှစ်သိန်းတိတိ)အားဂုဏ်ပြုချီးမြှင့် ထောက်ပံ့ပေးအပ်ပြီး Petro and trans ကုမ္ပဏီလီ မီတက်နှင့် P.T.C ကုမ္ပဏီလီမီတက် တို့က ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား/သူများအား ငွေကျပ်သိန်း(၂၀) အား ဂုဏ်ပြုချီးမြှင့် သည်။
ဆက်လက်၍ (၆)ဘာသာဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သည့် မောင်မိုးမြင့်ထက်အောင် ကဂုဏ်ထူးများဖြင့် အောင်မြင်အောင် ကြိုးစားခဲ့မှုများအား ရှင်းလင်းပြောကြားခဲ့ကြောင်း သတင်း ရရှိသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)

