တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့

တနင်္သာရီတိုင်းဒေသကြီး

အစိုးရအဖွဲ့

ထားဝယ်ခရိုင်အတွင်း ကော်ဖီစိုက်ပျိုးမည့် ဒေသခံတောင်သူများအား ကော်ဖီပျိုးပင်များ အခမဲ့ ပေးအပ်

ထားဝယ်ခရိုင်အတွင်း ကော်ဖီစိုက်ပျိုးမည့် ဒေသခံတောင်သူများအား ကော်ဖီပျိုးပင်များ အခမဲ့ ပေးအပ်

တနင်္သာရီတိုင်းဒေသကြီး၊ထားဝယ်မြို့၊ စိုက်ပျိုးမွေးမြူရေးတွဲဖက် အထက်တန်းကျောင်း (အ.ထ.က-၄) တွင် ကော်ဖီပျိုးပင် များပျိုးထောင် ထားလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းမင်းလတ်၊ ကော်ဖီလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်ရေး ကော်မတီမှ တာဝန်ရှိသူများနှင့် အဖွဲ့ဝင်များက ကော်ဖီပျိုး ထောင်ထားရှိမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးပြီးထားဝယ်ခရိုင်အတွင်း ကော်ဖီစိုက်ပျိုးမည့် ဒေသ ခံတောင်သူများထံ ကော်ဖီပျိုးပင်များ အခမဲ့ ပေးအပ်ခဲ့ကြောင်းသိရသည်။

tni

တနင်္သာရီတိုင်းဒေသကြီးအတွင်း ကော်ဖီသီးနှံတိုးချဲ့စိုက်ပျိုးခြင်းဖြင့် တောင်သူများ ဝင်ငွေတိုးတက်ကာ လူမှုစီးပွားဘဝ တိုးတက်လာစေပြီး ဒေသအတွင်း အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိစေရန်၊ နှစ်ရှည်သီးနှံ ရော်ဘာ၊ ကွမ်းသီး၊ သီဟိုဌ် ပင်ကြားတွင် ကော်ဖီပင် ထည့်သွင်းစိုက်ပျိုး ခြင်းဖြင့် မြေတစ်ယူနစ်ဧရိယာ တိုးတက်ကာ မြန်မာ့ကော်ဖီ ကမ္ဘာ့ဈေးကွက်သို့ ထိုးဖောက်နိုင်ရန် ရည်ရွယ်၍ တိုင်းဒေသကြီးအတွင်း ၂၀၂၄-၂၀၂၅ ဘဏ္ဍရေးနှစ်တွင် ကော်ဖီစိုက်ဧက  ( ၂၆၇၄ ) ဧက တိုးချဲ့စိုက်ပျိုးရန် တိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေဖြင့် ကော်ဖီပျိုးပင် (၈၀၀၀၀၀) (ရှစ်သိန်း) ပျိုးထောင်စိုက်ပျိုးကာ ဒေသခံတောင်သူများသို့ အခမဲ့ ဖြန့်ဝေဆောင်ရွက်သွားမည်ဖြစ်သည်။

tni

တိုင်းဒေသကြီးအတွင်း ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ကော်ဖီပျိုးပင် (၈၀၀၀၀၀) (ရှစ်သိန်း)အား ပျိုးထောင်ထားရှိပြီး ထားဝယ်ခရိုင်တွင် လျာထား (၁၁၉၈) ဧက၊ တောင်သူ (၃၇၀) ဦးအတွက် (၃၅၂၀၀၀) အပင်ကိုလည်းကောင်း၊ မြိတ်ခရိုင် တွင် လျာထား (၉၁၉)ဧက၊ တောင်သူ (၃၇၃)ဦးအတွက် (၂၇၈၀၀၀) အပင်ကိုလည်းကောင်း၊ ကော့သောင်းခရိုင်တွင် လျာထား(၂၅၅)ဧက၊ တောင်သူ(၅၇)ဦးအတွက် (၈၀၀၀၀)အပင်ကိုလည်းကောင်း၊ ဘုတ်ပြင်းခရိုင်တွင် လျာထား(၃၀၂)ဧက ၊ တောင်သူ (၆၉)ဦးအတွက် (၉၀၀၀၀)အပင်ကို လည်းကောင်း၊ စုစုပေါင်း တိုင်းဒေသကြီးအနေဖြင့် လျာထား (၂၆၇၄)ဧက တောင်သူပေါင်း(၈၆၉)ဦးအတွက် ကော်ဖီပျိုးပင် (၈၀၀၀၀၀) ကို သက်ဆိုင်ရာ ခရိုင်/ မြို့နယ်အလိုက် အသီးသီး ပျိုးထောင် ထားရှိပြီးဖြစ်ရာ လာမည့် မိုးရာသီအမီ ကော်ဖီစိုက်ပျိုးမည့် ဒေသခံတောင်သူများ ထံသို့ အချိန်မီ အခမဲ့ ဖြန့်ဖြူး ဆောင်ရွက်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း စိုက်ပျိုးရေးဦးစီး ဌာနထံမှသိရသည်။

ငွေဇင်ယော်(ထားဝယ်)

ကျော်ကျော်လတ်(၀၉၄၂၂၂၀၃၆၄၉)

tnitni

နောက်ဆုံးရ သတင်း