ထားဝယ် မတ် ၁၇
ထနင်္သာရီတိုင်းဒေသကြီး၊ထားဝယ်မြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်း ကျောင်း၊စာစစ်ဌာန၌ ၂၀၂၅ခုနှစ် တက္ကသိုလ် ဝင် စာမေးပွဲတွင်ကျောင်းသား/သူများမြန်မာစာဘာသာရပ်အား အေးချမ်းစွာဖြေဆိုလျက်ရှိရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို၊ တိုင်းဒေသကြီးဝန်ကြီးများနှင့်တာဝန်ရှိသူများက ကြည့်ရှုအားပေးကြသည်။
ရှေးဦးစွာတိုင်းဒေသကြီးပညာရေးမှူးရုံးမှညွှန်ကြားရေးမှူးဦးဝင်းနောင်က စာမေးပွဲဖြေဆိုနေစဉ်ကာလအတွင်း ဆောင်ရွက် ထားရှိမှုအခြေအနေများနှင့်ဖြေဆို/ပျက်ကွက်သူ ဦးရေစာရင်းများအား ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက စာမေးပွဲအခန်းတာဝန်ကျ ကြီးကြပ်ရေးမှူးများနှင့်သက်ဆိုင်ရာတာဝန်ရှိသူများအား ကျောင်းသား/သူများ စိတ်အေး ချမ်းသာစွာဖြေဆိုနိုင်ရေးအတွက် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးကြ ရန်လိုအပ်ကြောင်း၊ စာမေးပွဲ ဖြေဆိုနေသည့်ကာလအတွင်း စာဖြေခန်း အတွင်းအပြင်သန့်ရှင်းရေး၊ လေဝင်လေထွက်ကောင်းမွန်ရေးနှင့်အလင်းရောင် လုံလောက်စွာရရှိရေး ဆောင်ရွက်ပေးကြရန်လိုအပ်ကြောင်း၊ စာဖြေသူနှင့်စာမေးပွဲလုပ်ငန်းအနှောင့်အယှက်မဖြစ်စေရေး ဂရုစိုက်ဆောင်ရွက်ပေးကြရန်လိုအပ်ကြောင်း၊ ကျောင်းသား/သူ များ၏ ကျန်းမာရေးအားအလေးထားဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း၊ စာမေးပွဲကိုစာမေးပွဲစည်းမျဉ်းစည်းကမ်းများ နှင့် အညီဖြေဆိုနိုင်ရေးဝိုင်းဝန်းကူညီဆောင်ရွက်ပေးရန် လိုအပ်ကြောင်း မှာကြားသည်။
တနင်္သာရီတိုင်းဒေသကြီးအတွင်းတက္ကသိုလ်ဝင်စာမေးပွဲကိုသက်ဆိုင်ရာစာစစ်ဌာန(၁၆)ခု၌ ဝင်ရောက်ဖြေဆိုသူ ဦးရေမှာ ကျား(၁၇၂၈)ဦး၊ မ(၃၀၂၉)ဦး၊ စုစုပေါင်း(၄၇၅၇ဦးရှိပြီးမြန်မာစာဘာသာ ရပ်ဖြေဆိုသူဦးရေကျား(၁၆၂၁)ဦး၊ မ(၂၉၂၀)ဦး၊ စုစုပေါင်း(၄၅၄၁)ဦး၊ ဖြေဆိုမှုရာခိုင်နှုန်း(၉၅.၄၆%)၊ ပျက်ကွက်သူ ဦးရေ မှာ ကျား(၁၀၈)ဦး၊ မ(၁၀၉)ဦး၊စုစုပေါင်း (၂၁၇)ဦး၊ (၄.၅၆%)ရှိကြောင်းသိရသည်။

အဆိုပါစာစစ်ဌာနများ၌ ဆရာ/မများ၊ ကျောင်းသား/သူများအားစာမေးပွဲအေးချမ်းစွာဖြေဆိုနိုင်ရေးနှင့် မိဘများ၏ လုံခြုံရေး အတွက် သက်ဆိုင်ရာလုံခြုံရေးတာဝန်ရှိသူများနှင့်တာဝန်သိပြည်သူများက ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်း ရရှိသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)

