ထားဝယ် ဇူလိုင် ၁၀
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ထားဝယ်တက္ကသိုလ်ဝင်းအတွင်းအသစ်တည်ဆောက် ထားရှိသည့်ဓမ္မာရုံဖွင့်ပွဲ အခမ်းအနားကိုယနေ့နံနက် ၁၀ နာရီက ထားဝယ်တက္ကသိုလ်ဓမ္မာရုံ၌ ကျင်းပ သည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို ၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီး ချုပ်ဒေါ်ပိုက်ပိုက်အေး၊ တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီးဦးသက်နိုင်တို့က ထားဝယ်တက္ကသိုလ်ဓမ္မာရုံ အားဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးကာ ဧည့်သည်တော်များက ဓမ္မာရုံ ကမ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရည်ပက်ဖျန်းပေးခဲ့ကြသည်။
အခမ်းအနားတွင်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက တက္ကသိုလ်များ၏ အင်္ဂါရပ်တစ်ခုဖြစ် သည့် တက္ကသိုလ်ဓမ္မာရုံ တစ်ခုကိုအောင်မြင်စွာတည်ဆောက်ဖွင့်လှစ်ပေးနိုင်သောကြောင့်အတိုင်းမသိ ဝမ်းမြောက်ဂုဏ်ယူမိကြောင်း၊ တက္ကသိုလ်များသည် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးတည် ဆောက်ရာတွင် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့်အဓိကစွမ်းအားစု များအဖြစ်ပါဝင်နိုင်ရေး၊ဗလငါးတန်နှင့်ပြည့်စုံသောလူငယ်များဖြစ်စေရန်လူငယ်ကဏ္ဍ ကိုမြှင့်တင်ဆောင် ရွက်ရေးဆိုသည့် လူမှုရေးဦးတည်ချက်ကို အကောင်ထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ တက္ကသိုလ် ဓမ္မာရုံများတွင် ဆရာ/မများ၊ကျောင်းသား/သူများ ဝါဆိုသင်္ကန်းကပ်လှူပွဲများ၊ ဝါတွင်းဥပုသ်သီလပွဲများ၊ ပရိတ်ပဌာန်းရွတ်ဖတ် ခြင်းများ၊ ဓမ္မစင်္ကြာရွတ်ဖတ်ခြင်းများ၊ယဉ်ကျေးလိမ္မာဗုဒ္ဓဘာသာသင်တန်းများ၊ ဆရာကန်တော့ပွဲများ ကျင်းပဆောင်ရွက် နိုင်မှာဖြစ်ကြောင်း၊ကျောင်းသားလူငယ်များကို စာရိတ္တကောင်း သောလူငယ်လေးများဖြစ်အောင်၊ ကိုယ်ကျင့်တရားကောင်းပြီး တာဝန်ယူစိတ်၊ တာဝန်ခံရဲသောစိတ်ရှိ သည့် ရိုးသားဖြောင့်မတ်သော လူငယ်များဖြစ်အောင် ပြုစုပျိုးထောင်ပေးနိုင်မှာဖြစ်ပြီး စာရိတ္တဗလ မြှင့်တင်ရေးလုပ်ငန်းစဉ်များအတွက်လည်းအနှစ်သာရပြည့်ဝပြီးတန်ဖိုးရှိကြောင်း၊ထားဝယ်တက္ကသိုလ်ရှိဆရာ/မ များ၊ ကျောင်းသား/သူများ အတွက် ဘာသာရေး၊ လူမှုရေး အခမ်းအနားများကျင်းပနိုင်ရေး အတွက် လိုအပ်လျှက်ရှိသော တက္ကသိုလ်ဓမ္မာရုံတစ်ခုကိုပေါ်ထွန်းလာစေရေးအတွက် မတည်လှူဒါန်းပေးခဲ့ပါ သောအလှူရှင်မြို့မိမြို့ဖများ၊ စီးပွားရေး လုပ်ငန်းရှင်ကြီးများ၊ တိုင်းဒေသကြီးအတွင်းရှိ ဌာနဆိုင်ရာ အသီးသီးမှတိုင်းအဆင့် အရာရှိကြီးများအားလုံးကိုလည်း ကျေးဇူး တင်ရှိကြောင်း၊ အနာဂတ် မျိုးဆက် သစ် ကျောင်းသား/သူများတို့တွင် အမျိုးဘာသာ၊ သာသနာယဉ်ကျေးမှုကို စောင့်ထိန်းလိုက်နာတတ်စေ ပြီးစိတ်ဓာတ်ဖြင့် ပြည့်ဖြိုးလာစေကာ မျိုးဆက်သစ်လူငယ်ထုအတွင်း စာရိတ္တမဏ္ဍိုင် ကြံ့ခိုင်၍ နိုင်ငံတော် က အားထားရမည့်လူငယ်လူရွယ်များ ပေါ်ထွန်းစေရေးအတွက် ဗလငါးတန်နှင့်ညီညွတ်သူများဖြစ်အောင် ကြိုးပမ်းအား ထုတ်ကြရန်လိုအပ်ကြောင်းပြောကြားသည်။
ထို့နောက် ထားဝယ်တက္ကသိုလ်ပါမောက္ခချုပ်ဒေါက်တာသန်းသန်းဦးက အလှူရှင်များကိုယ်စား အလှူရှင်တစ်ဦးအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပြီးကျေးဇူးတင်စကားပြောကြားသည်။
ထားဝယ်တက္ကသိုလ်ဓမ္မာရုံကို အလှူရှင်များ၊ စီးပွားရေးလုပ်ငန်းများ၊ ဌာနဆိုင်ရာများတို့က မတည်ငွေစုစုပေါင်း ကျပ်သိန်း (၂၀၀၀၀)ကျော် ဖြင့်တည်ဆောက်ထားခြင်းဖြစ်ကြောင်းသတင်းရရှိသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)

