တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့

တနင်္သာရီတိုင်းဒေသကြီး

အစိုးရအဖွဲ့

ထားဝယ်မြို့တွင် ၂၀၂၅ ခုနှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲကို သတ်မှတ်စာစစ်ဌာနများ၌ကျောင်းသား/သူများ (နောက်ဆုံးနေ့) ဇီဝဗေဒနှင့် ဘောဂဗေဒဘာသာရပ်အားအေးချမ်းပျော်ရွင်စွာဖြေဆိုပြီးစီး

ထားဝယ်မြို့တွင် ၂၀၂၅ ခုနှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲကို သတ်မှတ်စာစစ်ဌာနများ၌ကျောင်းသား/သူများ (နောက်ဆုံးနေ့) ဇီဝဗေဒနှင့် ဘောဂဗေဒဘာသာရပ်အားအေးချမ်းပျော်ရွင်စွာဖြေဆိုပြီးစီး

ထားဝယ်    မတ် ၂၂

 

၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် သတ်မှတ်စာစစ်ဌာနများ၌ ယနေ့ နံနက်ပိုင်းကကျောင်းသား/သူများ( နောက်ဆုံးနေ့ )အဖြစ် ဇီဝဗေဒနှင့် ဘောဂဗေဒဘာသာရပ်အားအေးချမ်းပျော်ရွှင်စွာ ဖြေဆို လျက်ရှိသည်။

 

ထို့သို့ကျောင်းသား/သူများအေးချမ်းပျော်ရွှင်စွာဖြေဆိုပြီးနောက် ကျောင်းအဝင်ဝတွင် ကျောင်းသားမိဘများ၊ ညီအစ်ကို မောင်နှမများ၊ ဆွေးမျိုးသားချင်းများ က  လာရောက်ကြိုဆိုလျက်ရှိသည်။

၂၀၂၅ ခုနှစ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် ဇီဝဗေဒဘာသာရပ်ဖြေဆိုသူကျောင်းသား(၇၁)ဦး၊ ကျောင်းသူ (၁၃၂)ဦး စုစုပေါင်း (၂၀၃)ဦး၊ ဖြေဆိုမှု (၉၇.၆၀)ရာခိုင်နှုန်းနှင့်ဘောဂဗေဒဘာသာရပ်ဖြေဆိုသူ ကျောင်းသား(၁၁၀)ဦး၊ ကျောင်းသူ (၂၀၀)ဦး စုစုပေါင်း (၃၁၀)ဦး၊ ဖြေဆိုမှု (၉၄.၈၀)ရာခိုင်နှုန်းရှိကြောင်းသိရသည်။

 

အဆိုပါစာစစ်ဌာနများ၌ ဆရာ/မများ၊ ကျောင်းသား/သူများအားစာမေးပွဲအေးချမ်းစွာဖြေဆိုနိုင်ရေးနှင့် မိဘများ၏ လုံခြုံရေး အတွက်သက်ဆိုင်ရာလုံခြုံရေးတာဝန်ရှိသူများနှင့်တာဝန်သိပြည်သူများက ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်း ရရှိသည်။

 

ငွေဇင်ယော်(ထားဝယ်)

နောက်ဆုံးရ သတင်း