တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့

တနင်္သာရီတိုင်းဒေသကြီး

အစိုးရအဖွဲ့

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို ဂျူတီကုတ်နှင့်ဦးဆောင်းအပ်နှင်းပွဲ အခမ်းအနားသို့ တက်ရောက်

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို ဂျူတီကုတ်နှင့်ဦးဆောင်းအပ်နှင်းပွဲ အခမ်းအနားသို့ တက်ရောက်

ထားဝယ်      ဇူလိုင် ၁

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်သူနာပြုသင်တန်းကျောင်း၊ အပတ်စဉ်(၃၁)ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းပွဲအခမ်း အနားကို ယနေ့နံနက် ၈ နာရီခွဲက ထားဝယ်မြို့၊ ထားဝယ်သူနာပြု သင်တန်း ကျောင်း၊ အစည်းအဝေးခန်းမ၌ကျင်းပသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက မြန်မာနိုင်ငံတွင်ကျန်းမာရေး စောင့်ရှောက်မှုပေးရာ၌ အလွန်အရေးပါသော သူနာပြုဆရာ/ဆရာမများအဖြစ်မွေးထုတ်မည့် သူနာပြု ဆရာ/ဆရာမ လောင်းလျာများအတွက် အရေးကြီးလှသည့် ဂုဏ်ယူဖွယ်အခမ်းအနား တစ်ခုလည်း ဖြစ်ကြောင်း၊ သူနာပြုဆိုသည် ကျန်းမာရေးကဏ္ဍတွင်များစွာ   အရေးပါသော

လုပ်ငန်းတစ်ရပ်ဖြစ်ကြောင်း၊ကရုဏာကြီးမားပြီးကိုယ်ကျိုးစွန့်အနစ်နာခံတတ်ခြင်း၊စိတ်ထားမွန်မြတ်ခြင်း၊ အပင်ပန်းဆင်းရဲ ခံနိုင်ခြင်းစသည့် အင်္ဂါရပ်များနှင့် ထူးကဲစွာပြည့်စုံသူများသာ ထမ်းဆောင်နိုင်သည့်တာဝန်မျိုးသာဖြစ်ကြောင်း၊ သူနာပြု နှင့် သားဖွားပညာရေးကိုလည်း ဒီပလိုမာ သင်တန်းမှသူနာပြုသိပ္ပံဘွဲ့၊ သူနာပြုမဟာ သိပ္ပံဘွဲ့လွန်သင်တန်းများ၊ သူနာပြုပါရဂူ ဘွဲ့လွန်သင်တန်း များကို ပြည်တွင်းရော ပြည်ပမှာပါ လေ့လာသင်ယူနိုင်ကြောင်း ၊ သင်ကြားရေးအပိုင်းမှာ နိုင်ငံတော်၏ ကျန်းမာရေးစောင့်ရှောက်မှုလိုအပ်ချက်နှင့်အညီအရည်အသွေးပြည့်ဝသည့် သူနာပြု သားဖွားများမွေး ထုတ်ပေးနိုင်ရေး အရေးကြီးကြောင်း၊ နိုင်ငံတော်က အရည်အသွေးပြည့်မှီသော ကျန်းမာရေးစောင့် ရှောက်မှုနှင့် အဆင့်အတန်းမြင့်မားစေရေး ဆောင်ရွက်ရာတွင် ပြည်သူများအားထားရသည့် အရည် အချင်းရှိသော ဘက်စုံတော်သည့် သူနာပြုကောင်းများလေ့ကျင့်မွေးထုတ်ပေးရမှာ ဖြစ်ကြောင်း၊ မိမိတို့ ၏အသက်မွေးဝမ်းကြောင်းအတတ်ပညာရပ်ဖြစ်သော သူနာပြုပညာရပ်ကိုမွန် မြတ် သော လုပ်ငန်း အဖြစ်ရေရှည်အောင်မြင်စေရန်အတွက် အထူးအလေးထားကြိုးစားဆောင်ရွက်ကြပါရန်နှင့် ဖလော့ရင့် နိုက်တင်ဂေး ကဲ့သို့ သူနာပြုများစွာပေါ်ထွန်းလာပါစေကြောင်းပြောကြားသည်။

ထို့နောက်တိုင်းဒေသကြီးကုသရေး/ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊(ခေတ္တတိုင်းဦးစီးမှူး)ထားဝယ်သူနာပြုသင်တန်းကျောင်း  (စီမံဥက္ကဌ)ဒေါက်တာမိုးဇော်က အမှာစကားပြောကြားပြီး ထားဝယ်သူနာ ပြုသင်တန်းကျောင်း၊ကျောင်းအုပ်ကြီး ဒေါ်သင်းသင်းလှိုင် က(Coating and Capping )နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားကာ တာဝန်ရှိသူများ က အပတ်စဉ် (၃၁) သင်တန်းသား/သူ(၆၈)ဦးအား ဂျူတီကုတ် အင်္ကျီနှင့်ဦးဆောင်းအပ်နှင်းသည်။

ဆက်လက်၍ ကျောင်းအုပ်ကြီး၊ ကျောင်းအုပ်(စီမံ)နှင့် ကျောင်းအုပ်(သင်ကြား)တို့ထံမှလက် ဆင့်ကမ်းဆီမီးတိုင်များကိုထွန်းညှိ၍ သူနာပြုသစ္စာအဓိဌာန်ရွတ်ဆိုပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က (ပထမ၊ ဒုတိယ၊ တတိယ)ပညာရည်ချွန် ဆုရရှိသူများအားဆုချီးမြှင့်ကာ ထားဝယ်သူနာပြုသင်တန်း ကျောင်းအတွက်ထောက်ပံ့ငွေကျပ်(၅၀)သိန်းအားပေးအပ်သည်။

ထို့နောက် အပတ်စဉ် (၃၁) သင်တန်းသား/သူများကိုယ်စားသင်တန်းသူတစ်ဦးကကျေးဇူးတင် စကားပြောကြားပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများက သင်တန်းသား/သူများနှင့်စုပေါင်းအမှတ်တရဓာတ်ပုံ ရိုက်ကူးခဲ့ကြောင်း သတင်းရရှိသည်။

နောက်ဆုံးရ သတင်း