တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့

တနင်္သာရီတိုင်းဒေသကြီး

အစိုးရအဖွဲ့

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ၏ (၃/၂၀၂၄) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက်

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို   ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ၏ (၃/၂၀၂၄) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက်

ထားဝယ်            ဇူလိုင် ၁

တနင်္သာရီတိုင်းဒေသကြီးဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ၏(၃/၂၀၂၄)ကြိမ်မြောက်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပသည်။

အစည်းအဝေးတွင်  တိုင်းဒေသကြီးဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဥက္ကဌ၊ တိုင်းဒေသ ကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက  တိုင်းဒေသကြီးဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီအနေဖြင့် ဒေသ တွင်းက ခရီးစဉ်နေရာအသီးသီးတွင် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းကဏ္ဍစနစ်တကျ ဖွံ့ဖြိုးတိုးတက်နိုင် စေရန်အတွက်ရည်ရွယ်ပြီးလုပ်ငန်းညှိနှိုင်းအစည်းအဝေးများကို ပြုလုပ်နိုင်ခဲ့သည်မှာ (၁၄) ကြိမ်မြောက် ရှိပြီဖြစ်ကြောင်း၊  ဟိုတယ်စီမံကိန်းလုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက်ကြိုတင် တည်ဆောက်ခွင့်ပြု (၁၂)ခု၊ ဟိုတယ်လုပ်ငန်းလိုင်စင်အသစ်(၁၄)ခု၊ အဆင့်မြင့်တည်းခိုရိပ်သာလုပ်ငန်းလိုင်စင်အသစ်(၃)ခု၊ ခရီးလှည့်လည်ရေးလုပ်ငန်းလိုင်စင်အသစ်(၂၄)ခု၊ဧည့်လမ်းညွှန်လုပ်ငန်းလိုင်စင်အသစ်(၂)ခု၊ ဒေသဆိုင်ရာ ဧည့်လမ်းညွှန် လုပ်ငန်းလိုင်စင်(၅၅)ခု၊ ဟိုတယ်လုပ်ငန်းလိုင်စင်သက်တမ်းတိုးခြင်း(၃၆)ခု၊ အဆင့်မြင့် တည်းခိုရိပ်သာလုပ်ငန်းလိုင်စင် သက်တမ်းတိုးခြင်းအတွက်ခွင့်ပြု(၆)ခု၊ ခရီးလှည့်လည်ရေးလုပ်ငန်း လိုင်စင်သက်တမ်းတိုးခြင်း(၃၀)ခု၊ ဒေသဆိုင်ရာဧည့်လမ်းညွှန်လုပ်ငန်းလိုင်စင် သက်တမ်းတိုးခြင်း (၈၁)ခု တို့ကိုဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊  ဟိုတယ်လုပ်ငန်းများကို တစ်လ (၁) ကြိမ်လုပ်ကိုင်ဆောင်ရွက် ပေးနိုင်ခဲ့ကြောင်း၊ ကော့သောင်းတွင်ပြုလုပ်ကျင်းပခဲ့သည့် လှေပြိုင်ပွဲများ၊ ခရီးသွားပွဲ တော်နှင့် ပတ်သက် ၍ နိုင်ငံတော်က စိတ်ဝင်စားမှုရှိခဲ့ပြီးလာမည့်နှစ်တွင်ကျွန်းများ၌ပြုလုပ်ရန်လျာထားကြောင်း၊ ယခုလမှ စ၍ကြိုတင်ပြင်ဆင်ထားရှိမည်ဆိုပါက ခရီးသွားရာသီတွင် အောင်မြင်မှာဖြစ်သည့်အတွက် လိုအပ်သော ပြင်ဆင်မှုများ၊ ဝန်ထမ်းစုဆောင်းမှုများ၊ အခန်းပြင်ဆင်မှုများ၊ ခရီးစဉ်ရေးဆွဲခြင်း၊ တစ်ဖက်နိုင်ငံနှင့် ချိတ်ဆက်ပြီးခရီးသည်များလာရောက်နိုင် အောင်ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း၊  ခရီးသည်များဝင် ရောက်လာပါက အတိုင်းအတာတစ်ခုအထိ တိုင်းဒေသကြီး တွင်ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ ကော်မတီများအနေဖြင့် ဝိုင်းဝန်းပြီးအကောင်အထည်ဖော်ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊တိုင်းဒေသ ကြီးတွင်အတိုင်းအတာတစ်ခုထိ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ကိုင်နိုင်မည်ဟု ယုံကြည်ကြောင်း၊ တိုင်းဒေသ ကြီးတွင်ကျွန်းများ၊ ပင်လယ်ကမ်းရိုးတန်းများ၊ ခရီးသွားလုပ်ငန်းများ၊ တစ်ဖက်နိုင်ငံနှင့်နီးစပ်သည့်အတွက် ရည်မှန်းချက်ထားရှိပြီးလုပ်ကိုင် ဆောင်ရွက်သွားကြရန်လိုအပ်ကြောင်းပြောကြားသည်။

ထို့နောက် လုပ်ငန်းကော်မတီဒုတိယဥက္ကဌ၊တိုင်းဒေသကြီးစီးပွားရေးရာဝန်ကြီးဦးမောင်ကြီးက ဆွေးနွေးပြောကြား ပြီးကော်မတီအတွင်းရေးမှူးက ယခင်အစည်းအဝေးဆုံးဖြတ်ချက်များ အပေါ်ဆောင် ရွက်ပြီးစီးမှုအခြေအနေများ နှင့် ကော်မတီမှဆုံးဖြတ်ပေးရမည့် ဝန်ဆောင်မှုကဏ္ဍအလိုက်လုပ်ငန်းလိုင် စင်လျှောက်ထားခြင်းဆိုင်ရာအမှာစာများအား ရှင်းလင်းတင်ပြရာ ကော်မတီအဖွဲ့ဝင်များက တိုင်းဒေသ ကြီးအတွင်း၌ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းကဏ္ဍ စနစ်တကျဖြင့် ရေရှည်ဖွံ့ဖြိုးတိုးတက်နိုင်ရေးအတွက် အကြံပြုဆွေးနွေးတင်ပြကာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆွေးနွေးတင်ပြချက်များ အပေါ်တွင်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်းသတင်းရရှိသည်။

တိုင်းဒေသကြီး(ပြနိ/ဆက်)

 

နောက်ဆုံးရ သတင်း