တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့

တနင်္သာရီတိုင်းဒေသကြီး

အစိုးရအဖွဲ့

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၁၈)နှစ်အောက်ပြေးခုန်ပစ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၁၈)နှစ်အောက်ပြေးခုန်ပစ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

ထားဝယ်      မတ် ၁

 

တနင်္သာရီတိုင်းဒေသကြီးအစိုးရဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၁၈)နှစ်အောက်ပြေးခုန်ပစ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို မတ် ၁၇ ရက်နေ့ညနေပိုင်းက ထားဝယ်မြို့၊ ရွှေဝယ်သီရိအားကစားကွင်း၌ ကျင်းပ သည်။

ရှေးဦးစွာ အမျိုးသား/အမျိုးသမီးမီတာ(၁၀၀)ပြေးပြိုင်ပွဲနှင့်မီတာ(၄၀၀×၄) လက်ဆင့် ကမ်းပြိုင်ပွဲ၏ယှဉ်ပြိုင်ကစား နေမှုကို တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အားကစား သမားများ နှင့် အားကစား ဝါသနာရှင်များက ကြည့်ရှုအားပေးကြသည်။

ထို့နောက်ဆုချီးမြှင့်ပွဲအခမ်းအနားကိုဆက်လက်ကျင်းပရာတိုင်းဒေသကြီးလူမှုရေးရာဝန်ကြီးဦးသက်နိုင် က ပြိုင်ပွဲတစ် လျှောက်ကူညီဆောင်ရွက်ပေးသောကြက်ခြေနီတပ်ဖွဲ့အားဂုဏ်ပြုဆုငွေချီးမြှင့်ပြီး တိုင်းဒေသကြီးသယံဇာတရေးရာ ဝန်ကြီး ဦးခင်မောင်မြင့်က မီတာ(၁၀၀)ပြိုင်ပွဲတွင် အမျိုးသမီးပထမဆုရရှိသောကျွန်းစုမြို့နယ်မှ မဖူးနန္ဒီလင်း၊ ဒုတိယဆုရရှိ သော မြိတ်မြို့နယ်မှမမြတ်သီရိလင်း၊ တတိယဆုရရှိသောကော့သောင်းမြို့နယ်မှမဆုမြတ်မွန်အားလည်းကောင်း၊ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီးဦးမောင်ကြီး က အမျိုးသားပြိုင်ပွဲတွင်ပထမဆုရရှိသော ထားဝယ်မြို့နယ်မှမောင်ပြည့်စုံအောင်၊ ဒုတိယ ဆုရရှိသောကော့သောင်းမြို့နယ် မောင်ဟိန်းထက်ဇော်၊ တတိယ ဆုရရှိသော မြိတ်မြို့နယ်မှ မောင်ကျော်ဇင်ဖြိုးအား လည်းကောင်း၊ တိုင်းဒေသကြီးလုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးမင်းမင်းလတ်က မီတာ(၄၀၀×၄) လက်ဆင့် ကမ်းပြိုင်ပွဲတွင်အမျိုးသား ပထမဆုရရှိသောထားဝယ်မြို့နယ်အသင်း၊ ဒုတိယဆုရရှိသောလောင်းလုံးမြို့နယ်အသင်း၊ တတိယဆုရရှိသော သရက်ချောင်း မြို့နယ်အသင်းအားလည်းကောင်း ၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူ ကြီးချုပ် ဒေါ်ပိုက်ပိုက်အေးက  မီတာ(၄၀၀×၄)လက်ဆင့်ကမ်းပြိုင်ပွဲတွင်အမျိုးသမီးပထမဆုရရှိသောကျွန်းစုမြို့နယ်အသင်း၊ ဒုတိယ ဆုရရှိသောထားဝယ် မြို့နယ်အသင်း၊တတိယဆုရရှိသောမြိတ်မြို့နယ်အသင်းအားလည်းကောင်းတစ်ဦးချင်းဆု နှင့် ငွေသား ဆု များအသီးသီးပေးအပ်ချီးမြှင့်သည်။

 

ဆက်လက်၍တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို က အမျိုးသမီးပြိုင်ပွဲတွင်ရွှေတံဆိပ်(၈)ခု၊ ငွေ(၄)ခု၊ ကြေး(၃) ခု ဖြင့် ပထမဆုရရှိသော ကျွန်းစုမြို့နယ်အသင်းနှင့်အမျိုးသားပြိုင်ပွဲ များတွင် ရွှေတံဆိပ်(၇)ခုဖြင့် ပထမဆုရရှိသော ထားဝယ် မြို့နယ်အသင်းအား တံခွန်စိုက်ဆုဖလားများ ပေးအပ်ချီး မြှင့်ကြကြောင်းသတင်း ရရှိသည်။

 

တိုင်းဒေသကြီး(ပြန်/ဆက်)

နောက်ဆုံးရ သတင်း