ထားဝယ် အောက်တိုဘာ ၈
နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်အရဖွင့်လှစ်သည့်လျှပ်စစ်၊ ဂဟေ ၊ မော်တော်ယာဉ်စက်ပြင်နှင့်လက်ကိုင် ဖုန်းပြင်သင်တန်းအမှတ်စဉ်( ၁၂/၂၀၂၁ )သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီ က တနင်္သာရီ တိုင်းဒေသကြီး၊ ထားဝယ်မြို့ ၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များစက်မှုလက်မှုပညာသင်တန်းကျောင်းခန်းမ၌ကျင်းပ ခဲ့ ကြောင်းသိရသည်။
အခမ်းအနားတွင်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမြတ်ကို က နယ်စပ်ဒေသရှိတိုင်းရင်းသားလူမျိုးများ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရန်နယ်စပ်ရေးရာဝန်ကြီးဌာန၊ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန က တနင်္သာရီ တိုင်းဒေသကြီးအတွင်း ထားဝယ်မြို့၌နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များစက်မှုလက်မှု ပညာသင်တန်းကျောင်း(၁) ကျောင်း မြိတ်မြို့နှင့်ကော့သောင်းမြို့တို့၌အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း(၂)ကျောင်း တို့ကိုဖွင့်လှစ်၍ဒေသအတွင်းရှိလူငယ်များနှင့်အမျိုးသမီးငယ်လေးများ အားအသက်မွေးဝမ်းကြောင်းပညာရပ်များသင်ကြား လေ့ကျင့်ပြုစုပျိုးထောင်ပေးလျက်ရှိကြောင်း၊သင်တန်းသားများအနေဖြင့် နိုင်ငံတော်ဖွံဖြိုးတိုးတက်ရေး/ဒေသဖွံ့ဖြိုးတိုး တက်ရေးအတွက်မိမိတို့တက်မြောက်သည့်အတတ်ပညာများဖြင့်ကျရာအခန်းကဏ္ဍ ကနေ တက်ကြွစွာပါဝင်ကြိုး စား ဆောင်ရွက်သွားကြရန်လိုကြောင်း။သင်တန်းကသင်ကြားပို့ချပေးလိုက်သော အတတ်ပညာများဖြင့် မိမိတို့ဘဝတိုးတက် ရေး အတွက် လက်တွေ့နယ်ပယ်တွင် ကျွမ်းကျင်လုပ်သားများအဖြစ် အောင်မြင်အောင်ကြိုးစားပြီး တန်ဖိုးရှိသော အနာဂတ် ဘဝ ကိုဖန်တီးသွားကြရန်လိုကြောင်းပြောကြားသည်။
ထိုနောက် တာဝန်ရှိသူများ က သင်တန်းတွင်ထူးချွန်ဆုရရှိသူများအား ဆုများပေးအပ်ပြီးသင်တန်းသားများအား သင်တန်းဆင်းလက်မှတ်ပေးအပ်၍ သင်တန်းသားများ လက်တွေ့လုပ်ဆောင်မှု များအားလှည့်လည်ကြည့်ရှု့အားပေးသည်။
သင်တန်းတွင်လျှပ်စစ်(၁၀)ဦး၊ဂဟေ(၁၀)ဦး၊မော်တော်ယာဉ်စက်ပြင်(၁၀)ဦး ၊ လက်ကိုင်ဖုန်းပြင်(၅)ဦး စုစုပေါင်း (၃၅)ဦး အားအတက်ပညာဘာသာရပ်များကို ၁၀.၅.၂၀၂၁ ရက်မှ ၈.၁၀.၂၀၂၁ရက်နေ့အထိရက်သတ္တပတ်( ၂၂ ) ပတ်ကြာ စာတွေ့လက်တွေ့လေ့ကျင့်သင်ကြားပို့ချပေးခဲ့ကြောင်းသတင်းရရှိသည်။
(တိုင်းဒေသကြီးပြန်/ဆက်)

