ထားဝယ် အောက်တိုဘာ ၈
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမြတ်ကိုနှင့်တာဝန်ရှိသူများသည်ယနေ့နံနက်ပိုင်းတွင် ထားဝယ် မြို့အတွင်းဒေသဖွံ့ဖြိုးရေးလု်ပငန်းများအားကြည့်ရှု့စစ်ဆေးခဲ့ကြောင်းသိရသည်။
ရှေ့ဦးစွာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမြတ်ကို က ထားဝယ်မြို့၊ရွှေဝယ်သီရီပညာဗိမာန်စာကြည့်တိုက် တွင် သုတရသစာအုပ်များ၊Library Computer များအားကြည့်ရှု့စစ်ဆေးရာစာကြည့်တိုက်ကော်မတီဥက္ကဌဦးဘမြင့် က ကိုဗစ်-၁၉ရောဂါဖြစ်ပွားနေစဉ်ကာလအတွင်း စာကြည့်တိုက်အား ယာယီပိတ်ထားကြောင်း၊ကိုဗစ်-၁၉ရောဂါလျော့နည်း သွားပါကပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်းရှင်းတင်ပြရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမြတ်ကို က ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ထားဝယ်မြို့၊ရွှေဝယ်သီရိ အားကစားကွင်းသို့သွားရောက်၍ကြည့်ရှု့စစ်ဆေးရာ အားကစားနှင့်လူငယ် ရေးရာဝန်ကြီးဌာန။ တိုင်းဒေသကြီးအားကစားနှင့် ကာယပညာဦးစီးမှူး ဦးစိုးမိုးနိုင် က အားကစားကွင်း အဆောက်အဦ ကွက်ချမြေပုံပုံစံ၊အထူးတန်းပွဲကြည့်စင်နှင့်ရိုးရိုးတန်းပွဲကြည့်စင် တည်ဆောက်ပြီးစီးမှုအခြေအနေ ၊ မီတာ(၄၀၀)ရာဘာ ပြေးလမ်းဘောလုံးကွင်းတည်ဆောက်ထားရှိမှုအခြေအနေတို့ကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြတ်ကို က လိုအပ်သည်များကိုမှာကြားခဲ့သည်။
ထိုနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမြတ်ကို နှင့် အဖွဲ့များ က ရွှေဝယ်သီရိအားကစားခန်းမ၌ ပြည်သူများကိုဗစ်-၁၉ရောဂါကာကွယ်ဆေးဒုတိယအသုတ်ဒုတိယအကြိမ်ထိုးနှံနေမှုအားကြည့်ရှု့အားပေးပြီး ထားဝယ် လေဆိပ်၌ လေယာဉ်ကွင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအခြေအနေ၊ လေဆိပ်ဝင်း အတွင်း/ အပြင်သန့်ရှင်းရေး အခြေ အနေ၊ခရီးသည်နားနေဆောင်အတွင်းရှိသန့်စင်ခန်းများအခြေအနေတို့အား ကြည့်ရှုစစ်ဆေးပြီးသက်ဆိုင်ရာတာဝန်ရှိသူများ အား လိုအပ်သည်များမှာကြားခဲ့ကြောင်းသတင်းရရှိသည်။
(တိုင်းဒေသကြီးပြန်/ဆက်)

