ကော့သောင်း၊ အောက်တိုဘာ ၁၄
တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမြတ်ကို သည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင်အတူ ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါလျက် အောက်တိုဘာလ ၁၃ ရက်နေ့ နံနက်ပိုင်း က ကော့သောင်းမြို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုခဲ့ကြကြောင်းသိရသည်။
ရှေ့ဦးစွာဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကိုဗစ်- ၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးလျက်ရှိသည့် ကော့သောင်းမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းသို့ရောက်ရှိပြီး ဒေသခံပြည်သူများအား ကိုဗစ် - ၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးနေမှုအခြေအနေအားကြည့်ရှုကာ အားပေးစကားပြောကြားသည်။
ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မွန်းလွဲပိုင်းတွင် ကော့သောင်းမြို့၊ ရွှေမင်းဝံ ပုညကုသလ ဘုန်းတော်ကြီးကျောင်းနှင့်ပုလုံးတုံတုံးကျေးရွာ၊ ရန်ကြီးအောင်ဘုန်းတော်ကြီး ကျောင်း တိုက်များ သို့ လှူဖွယ်ပစ္စည်းများအားလည်းကောင်း ၊ရွှေပြည်သာရပ်ကွက်၊ပတ္တမြားပရိယတ္တိစာသင်တိုက် စာသင်သံဃာများအတွက် ဆွမ်းဆန်တော်ဆီပဲ၊ကြက်သွန်းများအားလည်းကောင်း၊ မလိဝမ်းဘုန်းတော်ကြီး သင်စာသင်ကျောင်းတွင် မိဘမဲ့ကလေးများအတွက် ဆန်၊ဆီ၊ပဲ၊ကြက်သွန်းများအား လည်းကောင်း ဆက်ကပ်လှူဒါန်းသည်။
ထိုနောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ညနေပိုင်းတွင် ကိုဗစ်၁၉ရောဂါအတည်ပြုလူနာများအတွက် တဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်ရန်ရည်ရွယ်၍ အေးရိပ်ငြိမ်ရပ်ကွက်၊ရွှေဝက်ဝံကုမ္ပဏီလီမီတက်မှ တာဝန်ယူတည်ဆောက်မည့် အောက်ဆီစက်ရုံသို့လည်းကောင်း ၊ အေးမြကန်သာရပ်ကွက်၊ ကော့သောင်းခရိုင်ပြည်သူ့ဆေးရုံဝင်းအတွင်း အောက်ဆီဂျင်စက်ရုံ စတင်တည်ဆောက်နေမှုအခြေအနေ များအား သို့သွားရောက်ကြည့်ရှုစစ်ဆေးပြီးလိုအပ်သည်များကိုသက်ဆိုင်ရာ တာဝန်ရှိ သူများအားလမ်းညွှန် မှာကြားခဲ့ကြောင်း သိရှိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)

