တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့

တနင်္သာရီတိုင်းဒေသကြီး

အစိုးရအဖွဲ့

တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို အိမ်ထောင်စုလူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေး ကတ်ပြားပေးအပ်ပွဲနှင့် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့သူများအား ထောက်ပံ့ငွေနှင့်ပစ္စည်းများပေးအပ်ပွဲ တက်ရောက်

တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို  အိမ်ထောင်စုလူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေး ကတ်ပြားပေးအပ်ပွဲနှင့် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့သူများအား ထောက်ပံ့ငွေနှင့်ပစ္စည်းများပေးအပ်ပွဲ တက်ရောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို  အိမ်ထောင်စုလူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေး ကတ်ပြားပေးအပ်ပွဲနှင့် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့သူများအား ထောက်ပံ့ငွေနှင့်ပစ္စည်းများပေးအပ်ပွဲ တက်ရောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို  အိမ်ထောင်စုလူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေး ကတ်ပြားပေးအပ်ပွဲနှင့် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့သူများအား ထောက်ပံ့ငွေနှင့်ပစ္စည်းများပေးအပ်ပွဲ တက်ရောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို  အိမ်ထောင်စုလူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေး ကတ်ပြားပေးအပ်ပွဲနှင့် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့သူများအား ထောက်ပံ့ငွေနှင့်ပစ္စည်းများပေးအပ်ပွဲ တက်ရောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို  အိမ်ထောင်စုလူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေး ကတ်ပြားပေးအပ်ပွဲနှင့် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့သူများအား ထောက်ပံ့ငွေနှင့်ပစ္စည်းများပေးအပ်ပွဲ တက်ရောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို  အိမ်ထောင်စုလူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေး ကတ်ပြားပေးအပ်ပွဲနှင့် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့သူများအား ထောက်ပံ့ငွေနှင့်ပစ္စည်းများပေးအပ်ပွဲ တက်ရောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို  အိမ်ထောင်စုလူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေး ကတ်ပြားပေးအပ်ပွဲနှင့် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့သူများအား ထောက်ပံ့ငွေနှင့်ပစ္စည်းများပေးအပ်ပွဲ တက်ရောက်

မြိတ်   အောက်တိုဘာ   ၁၅
တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို သည် တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိ သူများနှင့်အတူ ယနေ့ နံနက်ပိုင်းက မြိတ်ခရိုင်ငါးလုပ်ငန်းအဖွဲ့ချုပ်ရုံးခန်းမ၌ ကျင်းပသည့် မြိတ်မြို့နယ်တွင် ပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပြီးစီးခဲ့သော အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပေးအပ်ပွဲသို့ တက်ရောက်ခဲ့သည်။
ပေးအပ်ပွဲတွင် ဝန်ကြီးချုပ် က နိုင်ငံသားစိစစ်ရေးကတ်ဆိုတာဟာ နိုင်ငံအတွင်းနေထိုင်သူ နိုင်ငံသား အားလုံး နိုင်ငံတော်ရဲ့ တရားဝင်အခွင့်အရေးတွေရရှိအောင်၊ နိုင်ငံသားအခွင့်အရေး မဆုံးရှုံးစေရအောင်၊ နေ့စဉ် တိုင်းရင်းသား ပြည်သူတို့ရဲ့ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ ပိုင်ဆိုင်မှုရေးရာ အရပ်ရပ်တို့အတွက် နိုင်ငံတော်ရဲ့ ပံ့ပိုးမှု၊ နိုင်ငံတော်ရဲ့စောင့်ရှောက်မှုကို တရားဝင်ခံယူရရှိနိုင်အောင် ဒီနိုင်ငံရဲ့ နိုင်ငံသားတစ်ယောက် အဖြစ် အသိအမှတ်ပြုထားတဲ့ နိုင်ငံသားအမှတ်အသား အထောက်အထား တစ်ခုဖြစ်ကြောင်း၊ တိုင်းဒေသကြီး အတွင်းမှာ မည်သည့်လက်မှတ်မှ ကိုင်ဆောင်ထားခြင်းမရှိသူ တစ်သိန်းတစ်သောင်းကျော်ရှိနေကြောင်း၊   အဲဒါ ကြောင့် နိုင်ငံတော်အကြီးအကဲတွေရဲ့ လမ်းညွှန်မှုအရ ပန်းခင်းစီမံချက်ကိုရေးဆွဲပြီး တစ်နိုင်ငံလုံးမှာရှိတဲ့ ပြည်သူ တွေအားလုံးရဲ့လက်ဝယ်မှာ ကိုင်ဆောင်လက်မှတ်တွေနဲ့ အိမ်ထောင်စုလူဦးရေစာရင်းတွေ ကိုင်ဆောင်ခွင့်ရရှိစေ ရေးအတွက် ဓာတ်ပုံရိုက်ကုန်ကျငွေနဲ့ သွေးစစ်ခကုန်ကျငွေတွေကို နိုင်ငံတော်မှ အကုန်ကျခံ ဆောင်ရွက်ပေးနေ တာဖြစ်ကြောင်း အမှာစကားပြောကြားသည်။

ထို့နောက် မြိတ်မြို့နယ်အတွင်း ပန်းခင်းစီမံချက်ဖြင့် ရပ်ကွက်/ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက် ပြီးစီးခဲ့သည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ဝန်ကြီးချုပ် ဦးမြတ်ကို၊ ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စောသန်းလှိုင်နှင့် တာဝန်ရှိသူများက ပြည်သူများအား ပေးအပ်ခဲ့ကြသည်။
အခမ်းအနားတွင် အောက်တိုဘာလ(၁)ရက်မှ(၆)ရက်အထိ ဆောင်ရွက်ပြီးစီးခဲ့သည့် နိုင်ငံ သားစိစစ်ရေးကတ်ပြား (၃၆၈)ကတ်နှင့် အိမ်ထောင်စု လူဦးရေစာရင်း(၂၈၄)စောင် ပေးအပ်ခဲ့သည်။ မြိတ်မြို့နယ် အနေဖြင့် ပန်းခင်းစီမံချက်ဖြင့် မေလ(၃)ရက်မှ ယနေ့အထိ ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား (၃၃၂၁)ကတ်နှင့် အိမ်ထောင်စု လူဦးရေစာရင်း (၄၇၉၀)စောင် ဆောင်ရွက်ပြီးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုလဲရတနာခန်းမတွင် ကျင်းပသည့် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့သည့် ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်း များနှင့် Volunteer များအား ထောက်ပံ့ငွေနှင့်ပစ္စည်းများပေးအပ်ပွဲသို့ တက်ရောက်၍ ဝန်ကြီးချုပ်က ဂုဏ်ပြုအမှာ စကားပြောကြားသည်။

ယင်းနောက် မြိတ်မြို့နယ်အတွင်းရှိ ကိုဗစ် -၁၉ ကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်းများတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် Volunteer များ အား ဝန်ကြီးချုပ် က ထောက်ပံ့ငွေများပေးအပ်၍ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး က ထောက်ပံ့ ပစ္စည်းများပေးအပ်ရာ တာဝန်ရှိသူများကလက်ခံရယူခဲ့ကြပြီးကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်း များတွင် ပါဝင်ဆောင်ရွက်ခဲ့ သူများ ကိုယ်စား ပြည့်သူ့ဆေးရုံ ဆေးရုံအုပ်ကြီး ဒေါက်တာ သန္တာမျိုးဝင်း က ကျေးဇူး တင်စကား ပြန်လည်ပြောကြားခဲ့သည်။
ထောက်ပံ့ငွေနှင့်ပစ္စည်းများပေးအပ်ရာတွင် ထောက်ပံ့ငွေအဖြစ် တပ်မတော်ဆေးဝန်ထမ်းများအား ကျပ် သိန်း(၇၀) ၊ ကျန်းမာရေးဝန်ထမ်းများအား ကျပ်သိန်း(၇၀)၊ ပရဟတိအဖွဲ့များအား (၈၅)သိန်း၊ ကြက်ခြေနီသူနာပြု တပ်ဖွဲ့အား (၁၅) သိန်းနှင့် ထောက်ပံ့ပစ္စည်းများအဖြစ် ကျပ်သိန်း(၆၀)တန်ဖိုးရှိ အမျိုးသားဝတ်အင်္ကျီ၊ အမျိုး သမီးဝတ်အင်္ကျီနှင့် လုံချည် (၂၀၆)ထည်၊ ဘီစကွတ်မုန့် (၁၁၀၀)ဗူး၊ ကြက်ဥဘဲဥ(၃၀၀၀)လုံး၊ ငှက်ပျောခိုင်(၃၀)ခိုင်၊  စတီးချိုင့်(၁၁၂)လုံးတို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။  

တိုင်းဒေသကြီး ပြန်/ဆက်

နောက်ဆုံးရ သတင်း