တနင်္သာရီ အောက်တိုဘာ ၁၅
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမြတ်ကိုသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့်တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများလိုက်ပါလျက်အောက်တိုဘာလ ၁၄ရက် ညနေ၄နာရီအချိန်က တနင်္သာရီမြို့သို့ရောက်ရှိကာ ငဝန်ချောင်းမငယ် ကိုဖြတ်၍ တနင်္သာရီမြို့နှင့် မြို့နယ်အတွင်းကျေးရွာများသို့ ဆက်သွယ်ပေးထားသည့် ဗောဓိကမ်းတံတားတည်ဆောက်ပြီးစီးမှုအခြေ အ နေတို့အား ကြည့်ရှုစစ်ဆေးရာ တံတားတည်ဆောက်ရေးအဖွဲ့(၄)မှ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးသိန်းနိုင်က ဗောဓိကမ်းတံတားတည် ဆောက်ပြီးစီးမှုအခြေအနေနှင့် အချက်အလက်များကိုလည်းကောင်း၊တိုင်းဒေသကြီးလမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသက်ဇော်ဝင်းက ချည်းကပ်လမ်းဆောင်ရွက်ပြီးစီးမှုအခြေအနေတို့ကိုလည်းကောင်းရှင်းလင်းတင်ပြခဲ့ကြပါသည်။
အဆိုပါ ဗောဓိကမ်းတံတားတည်ဆောက်ရေးစီမံကိန်းအား ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာန တည်ဆောက်ရေးအဖွဲ့(၄)မှ ၂၀၁၈ခုနှစ်၊မေလ(၁)ရက်က စ၍တာဝန်ယူတည်ဆောက်ခဲ့ခြင်းဖြစ်ပြီး တံတား၏အရှည် (၇၈၇) ပေ၊ ယာဉ်သွားလမ်းအကျယ် (၂၄)ပေနှင့် လူသွားလမ်းအကျယ်တစ်ဖက်လျင်(၃ပေ)စီပါရှိကာ ပြည် ထောင်စုအစိုးရ အဖွဲ့ ၏ ခွင့်ပြုရန်ပုံငွေ၊တိုင်းဒေသကြီးအစိုးရအဖွဲ့၏ခွင့်ပြုရန်ပုံငွေနှစ်ရပ်ပေါင်း ကျပ်သန်းပေါင်း(၅၀၀၀)ဖြင့် ဘဏ္ဍာနှစ် အလိုက်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယခုအခါ တံတားလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်ကြောင်း တံတားတည် ဆောက်ရေးအဖွဲ့(၄)မှ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးသိန်းနိုင်၏ ရှင်းလင်းတင်ပြချက်အရသိရှိရသည်။
အဆိုပါတံတား ၏ချဉ်းကပ်လမ်းမှာ တနင်္သာရီဘက်ကမ်းမှချည်းကပ်လမ်း အရှည် (၃၉၇၀)ပေ နှင့်ဗောဓိကမ်းကျေးရွာဘက်ခြမ်းမှ ချည်းကပ်လမ်းအရှည်(၁၂၂၇)ပေ စုစုပေါင်း အရှည် ၅၁၉၇ ပေ ရှိပြီး လမ်းဦးစီးဌာနက တာဝန်ယူတည်ဆောက်ခဲ့ခြင်းဖြစ်ရာဒေသတွင်း ပြည်သူများ အဆင်ပြေလွယ်ကူစွာ ခရီးသွားလာ နိုင်တော့ မည်ဖြစ် ကြောင်းသိရှိရပါသည်။
တိုင်းဒေသကြီး ပြန်/ ဆက်

