ထားဝယ် အောက်တိုဘာ ၁၈
တနင်္သာရီတိုင်းဒေသကြီး၊ထားဝယ်မြို့၊အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ အသက်(၁၂)နှစ်အထက် ကျောင်းသားကျောင်းသူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်ပိုင်း က တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမြတ်ကို နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ က ကြည့်ရှု့အားပေးခဲ့ကြောင်းသိရသည်။
ရှေးဦးစွာမြို့နယ်အုပ်ချုပ်ရေးမှူးဦးစိုးဝင်းနိုင် က ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံရန်အသက်(၁၂)နှစ်အထက် ကလေးငယ်များ(၁၂၀၉)ဦးစာရင်းလာရောက်ပေးထားပြီးယနေ့အချိန်ထိ(၆၈၇)ဦးထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်းရှင်းလင်းတင်ပြ ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမြတ်ကို က ကျောင်းအပ်နှံထားပြီး ဆေးထိုးလိုသူ ကျောင်းသားကျောင်းသူများ အား အမြန်ထိုးနှံပြီးစီးရေး ဆောင်ရွက်ရန် တာဝန်ရှိသူများအားမှာကြားသည်။
ထိုးနှံပေးသည့်ဆေးအမျိုးအစားမှာ တရုတ်နိုင်ငံထုတ် Sinovac ဖြစ်ပြီး ဆေးထိုးနှံသည့် ကျောင်းသား ကျောင်းသူ များ၏ မိဘအုပ်ထိန်းသူများကိုယ်တိုင်ကာကွယ်ဆေးထိုးနှံရန်သဘောတူကြောင်းကိုယ်တိုင်ပုံစံဖြည့်စာရင်း သွင်းယူကြောင်း သိရှိရပြီး ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံ ပေးခြင်းလုပ်ငန်းများတွင်ကျန်းမာရေးဝန်ထမ်းများ၊ပညာရေး ဝန်ထမ်း များ ၊ဌာနဆိုင်ရာများ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးများ နှင့် လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်းပါဝင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမြတ်ကို က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း အတွင်းကျန်းမာရေးဦးစီးဌာနနှင့်လူမှုရေးအဖွဲ့အစည်းများပူးပေါင်း၍ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံပေးနေမှုအခြေအနေများအား ကြည့်ရှု့အားပေးခဲ့ကြောင်းသတင်းရရှိသည်။
(တိုင်းဒေသကြီးပြန်/ဆက်)

