ထားဝယ် အောက်တိုဘာ ၂၈
သဘာဝဘေးကြောင့် မိုးစပါးထိခိုက်ပျက်စီးပြန်စိုက်ဧကအပေါ်ယူရီးယားမြေသြဇာ ထောက်ပံ့ပေးအပ်ခြင်းအခမ်း အနားကိုယနေ့နံနက် ၉ နာရီ က ထားဝယ်မြို့၊တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊အစည်းအဝေးခန်းမ၌ကျင်းပသည်။
အခမ်းအနားတွင်တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမြတ်ကို က ၂၀၂၁ ခုနှစ်မိုးရာသီတွင် တနင်္သာရီ တိုင်းဒေသကြီးအတွင်းသဘာဝဘေးကြောင့်မိုးစပါးထိခိုက်ပျက်စီးပြီးပြန်စိုက်ရသောစိုက်ဧကများအပေါ်တွင်နိုင်ငံတော် က ယူရီးယားဓာတ်မြေသြဇာထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားဖြစ်ကြောင်း၊ နိုင်ငံတော်အနေဖြင့်တောင်သူလယ်သမားများ အားအခွင့်အရေးကာကွယ်ရန်နှင့်အကျိုးစီးပွားမြှင့်တင်ရေးဥပဒေအရ လိုအပ်သည်များကို အစဉ်တစိုက်အကူအညီများ ထောက်ပံ့ပေးလျက်ရှိကြောင်း၊နိုင်ငံတော်က တောင်သူလယ်သမားများအပေါ်တွင်ထားရှိသောစေတနာများကို အသိအမှတ် ပြုတန်ဖိုးထားပြီးတောင်သူများအနေဖြင့်လည်း မိမိစိုက်ပျိုးရမည့်မိုးစပါး၊နွေစပါးများကိုအောင်အောင်မြင်မြင် စိုက်ပျိုးသွား ရန် နှင့်စိုက်ရန်ရှိသည့်သီးထပ်သီးညှပ်များကိုပါ တပါးတည်းပေါင်းပြီးလိုအပ်သည်များကိုပြည့်မိအောင်စိုက်ပျိုးသွားရန် လိုအပ် ကြောင်း၊တနင်္သာရီတိုင်းဒေသကြီးတွင်ဆန်စပါးရာခိုင်နှုန်းအပြည့်မဖူလုံသေးသောကြောင့်အစိုးရအဖွဲ့အနေဖြင့်စိုက် ဧကများ တိုးချဲ့ရန်၊စိုက်ပျိုးနည်းစနစ်များတိုးချဲ့ရန်၊မိုးစပါးပြောင်းလဲမှုများ နှင့် လိုအပ်သောဓာတ်မြေသြဇာများကိုပံ့ပိုး ဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ တနင်္သာရီတိုင်းဒေသကြီးအနေဖြင့်ယူရီးယားဓာတ်မြေသြဇာကိုနွေစပါး အတွက်လည်း ထပ်မံပြီးနိုင်ငံတော် က သက်သာသောစျေးနှုန်းများဖြင့်ဆက်လက်ပြီးရောင်းချပေးရန်အစီအစဉ်ရှိကြောင်း၊ ဒေသဝမ်းစာဖူလုံ ရေးအတွက်ဝိုင်းဝန်းပြီးဆောင်ရွက်ပေးသွားရန်လိုအပ်ကြောင်းပြောကြားသည်။
ထိုနောက် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ က သဘာဝဘေးကြောင့်မိုးစပါးထိခိုက်ပျက်စီးပြန်စိုက်ဧက (၈၆၄) အား ယူရီးယား မြေသြဇာထောက်ပံ့ပေးအပ်ရာ သက်ဆိုင်ရာတာဝန်ရှိသူများ က လက်ခံရယူပြီးတောင်သူများ ကိုယ်စား တနင်္သာရီမြို့နယ်မှတောင်သူကိုယ်စားလှယ်ဦးထွန်းဝေ က ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သတင်း ရရှိသည်။
(တိုင်းဒေသကြီးပြန်/ဆက်)

