တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့

တနင်္သာရီတိုင်းဒေသကြီး

အစိုးရအဖွဲ့

တနင်္သာရီတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနနှင့် စက်မှုလယ်ယာဦးစီးဌာနတို့ ပူးပေါင်းပြီး ကျောက်မော်ရပ်ကွက်၌ မိုးစပါးရိတ်သိမ်းခြွေလှေ့

တနင်္သာရီတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနနှင့် စက်မှုလယ်ယာဦးစီးဌာနတို့ ပူးပေါင်းပြီး ကျောက်မော်ရပ်ကွက်၌ မိုးစပါးရိတ်သိမ်းခြွေလှေ့ တနင်္သာရီတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနနှင့် စက်မှုလယ်ယာဦးစီးဌာနတို့ ပူးပေါင်းပြီး ကျောက်မော်ရပ်ကွက်၌ မိုးစပါးရိတ်သိမ်းခြွေလှေ့ တနင်္သာရီတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနနှင့် စက်မှုလယ်ယာဦးစီးဌာနတို့ ပူးပေါင်းပြီး ကျောက်မော်ရပ်ကွက်၌ မိုးစပါးရိတ်သိမ်းခြွေလှေ့ တနင်္သာရီတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနနှင့် စက်မှုလယ်ယာဦးစီးဌာနတို့ ပူးပေါင်းပြီး ကျောက်မော်ရပ်ကွက်၌ မိုးစပါးရိတ်သိမ်းခြွေလှေ့ တနင်္သာရီတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနနှင့် စက်မှုလယ်ယာဦးစီးဌာနတို့ ပူးပေါင်းပြီး ကျောက်မော်ရပ်ကွက်၌ မိုးစပါးရိတ်သိမ်းခြွေလှေ့ တနင်္သာရီတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနနှင့် စက်မှုလယ်ယာဦးစီးဌာနတို့ ပူးပေါင်းပြီး ကျောက်မော်ရပ်ကွက်၌ မိုးစပါးရိတ်သိမ်းခြွေလှေ့ တနင်္သာရီတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနနှင့် စက်မှုလယ်ယာဦးစီးဌာနတို့ ပူးပေါင်းပြီး ကျောက်မော်ရပ်ကွက်၌ မိုးစပါးရိတ်သိမ်းခြွေလှေ့ တနင်္သာရီတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနနှင့် စက်မှုလယ်ယာဦးစီးဌာနတို့ ပူးပေါင်းပြီး ကျောက်မော်ရပ်ကွက်၌ မိုးစပါးရိတ်သိမ်းခြွေလှေ့

ထားဝယ်                နိုဝင်ဘာ ၂
လယ်ယာလုပ်ငန်းခွင်အတွင်းလုပ်သားရှားပါးမှုအခက်အခဲအားဖြေရှင်းနိုင်စေရန်၊ လုပ်အား ကုန်ကျမှုသက်သာ စေရန်၊အချိန်ကုန်သက်သာကာ ပြောင်းလဲလာသောရာသီဥတုနှင့်အညီအချိန်တိုအတွင်းလုပ်ငန်းပြီးစီးမှုမြန်ဆန်စေရန် နှင့် ရိတ်သိမ်းခြေလှေ့စက်ဖြင့် ရိတ်သိမ်းရာတွင် အလေ အလွင့်နည်းပါးစေရေးတို့အတွက်တနင်္သာရီတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနနှင့် စက်မှု လယ်ယာ ဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သော မိုးစပါး ရိတ်သိမ်းခြွေလှေ့ခြင်း ကို နိုဝင်ဘာ  ၂ ရက်နေ့ နံနက် ၁၀ နာရီ က ထားဝယ်ခရိုင်၊ ထားဝယ်မြို့၊ကျောက်မော်ရပ်တောင်သူ ဦးမြင့်လွင်၏ မိုးစပါး  ဆင်းသုခ RS – CS မျိုးစေ့ ထုတ်စိုက်ခင်း၌ ကျင်းပခဲ့ကြောင်းသိရသည်။

ထိုနောက်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးသက်စိုး တက်ရောက် ကြည့်ရှု့အားပေးပြီးစိုက်ပျိုးရေးဦးစီးဌာနတိုင်းဒေသကြီး ညွှန်ကြားရေးမှူး ဦးသန်းထိုက်နှင့် စက်မှုလယ်ယာ ဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးအောင်ထွေးတို့ က  လုပ်ငန်း ဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြရာ  တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးသက်စိုး က ဒေသဝမ်းစာဖူလုံရေးအတွက် စပါးတစ်ဧက တင်း ( ၁၀၀ ) ထွက်ရှိရေး နည်းပညာများဖြန့်ဖြူးပညာပေးဆောင်ရွက်ရန်၊ ဒေသနှင့် ကိုက်ညီသော အထွက်ကောင်း မျိုးကောင်းမျိုးသန့်များ တောင်သူလက်ဝယ် အရောက် ဖြန့်ဖြူးရန် မြေပြုပြင်ဆောင်ရွက်သည်မှ ရိတ်သိမ်းခြွေလှေ့သည်အထိ လယ်ယာသုံးစက်ကိရိယာ များဖြင့် အပြည့်အဝ အသုံးချနိုင်ရေး ( Fully Mechanized ) တောင်သူပညာပေး လုပ်ငန်းများ ဆောင်ရွက် ရန်၊ သီးနှံစိုက်စွမ်းအားတိုးတက်စေရေး သီးထပ်၊ သီးညှပ်များ စိုက်ပျိုး ရန်၊ မြေဆီလွှာ ဖွံ့ဖြိုး တိုးတက်စေရေးအတွက် သဘာဝမြေဩဇာများ၊ သစ်စိမ်းမြေဩဇာများ၊ ပိုက်ဆံလျှော်များတိုးချဲ့ စိုက်ပျိုးရေး ပညာပေးဆောင်ရွက်ရန်တို့အား ဆွေးနွေးပြောကြားခဲ့သည်။
စိုက်ပျိုးရေးဦးစီးဌာနအနေ ဖြင့် မျိုးစေ့ဓါတ်ခွဲခန်း၊ မြေအသုံးချရေးဓါတ်ခွဲခန်းနှင့် သီးနှံကာကွယ်ရေး ဓါတ်ခွဲ ခန်း များဖြင့် တောင်သူများ၏ စိုက်ပျိုးရေးဆိုင်ရာ အခက်အခဲများကို ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိပြီး စိုက်ပျိုး ရေးသိပ္ပံ(ထားဝယ်)အား ဖွင့်လှစ်၍အလယ်အလတ်အဆင့် စိုက်ပျိုးရေးပညာရှင်များ မွေး ထုတ်ကာ လူ့စွမ်းအား အရင်း အမြစ် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိ ကြောင်း၊ တောင်သူနည်းပညာပေးသင်တန်းများ၊ ဆွေးနွေး ပွဲ များ၊ ကွင်းသရုပ်ပြပွဲများ၊ စမ်းသပ်ကွက် / စံပြကွက်များကိုလည်း  ဒေသရေမြေရာသီဥတုနှင့်ကိုက်ညီပြီး အထွက်နှုန်းကောင်းများရရိရေး ပညာပေးဆောင်ရွက်လျက်ရှိကြောင်း၊ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ ( GAP ) တောင်သူများ လိုက်နာဆောင်ရွက်နိုင်ရန် ပညာပေးဆောင်ရွက်လျက်ရှိကြောင်း နယ်စပ်ဂိတ်များ တွင်လည်း၊ အပင်ပိုးမွှားထိန်းချုပ်ရေးစခန်း   ( ၃ ) ခု ဖွင့်လှစ်ထား ရှိပြီး Import Certificate ( IC )၊ Phytosanitary Certificate ( PC ) များ ထုတ်ပေးလျက်ရှိကြောင်း သိရှိရသည်။

စက်မှုလယ်ယာဦးစီးဌာနအနေဖြင့် တောင်သူများ မြေယာပြုပြင်သည်မှ ရိတ်သိမ်းခြွေလှေ့ သည်အထိ လယ်ယာသုံးစက်ကိရိယာများကို ဌာနမှ ငှားရမ်းပေးခြင်း ဆောင်ရွက်လျက်ရှိရာ မြေပြင် ခြင်းလုပ်ငန်းကို တစ်ဧက ထယ်တစ်လွှာလျှင် ( ၁၆၀၀၀ ) ကျပ်နှုန်း၊ ကောက်စိုက်စက် ငှားရမ်းခအနေဖြင့် တစ်ဧကလျှင် ( ၂၅၀၀၀ ) ကျပ်နှုန်း၊ ရိတ်သိမ်းခြွေလှေ့စက်ကို တစ်ဧကလျှင်      ( ၃၅၀၀၀ ) ကျပ်နှုန်းဖြင့် ဝန်ဆောင်မှု ပေးလျက်ရှိကြောင်းနှင့် လယ်ယာ သုံး စက် ကိရိယာများကို လက်ငင်းစနစ်၊ အရစ်ကျစနစ်များဖြင့် တောင်သူမျာထံ ရောင်းချပေးလျက်ရှိပါ ကြောင်း သိရှိရသည်။

အဆိုပါ အခမ်းအနားတွင် မိုးစပါးမျိုးစေ့ထုတ်တစ်ဧက အထွက်နှုန်း ( ၆၆ ) တင်းနှုန်း ထွက်ရှိ ခဲ့ကြောင်းသိရသည်။  

တိုင်းဒေသကြီး(ပြန်/ဆက်)

နောက်ဆုံးရ သတင်း