တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့

တနင်္သာရီတိုင်းဒေသကြီး

အစိုးရအဖွဲ့

၂၀၂၀ ပြည့်နှစ်၊ စာအောင်သံဃာတော်များအား စာအောင်ဆုနှင်းသဘင်ပူဇော်ပွဲမင်္ဂလာအခမ်းအနားကျင်းပ

၂၀၂၀ ပြည့်နှစ်၊ စာအောင်သံဃာတော်များအား စာအောင်ဆုနှင်းသဘင်ပူဇော်ပွဲမင်္ဂလာအခမ်းအနားကျင်းပ
ထားဝယ်      ဖေဖော်ဝါရီ ၁    

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူးကျင်းပသော၂၀၂၀ ပြည့်နှစ်၊ စာအောင်သံဃာတော်များအား စာအောင်ဆုနှင်း သဘင်ပူဇော်ပွဲမင်္ဂလာအခမ်းအနားကိုယနေ့မွန်းလွဲ ၁ နာရီ က ထားဝယ်မြို့၊ သာသနာ့ဗိမာန်တော်ကြီး၌ကျင်းပသည်
အခမ်းအနားတွင်တိုင်းဒေသကြီးအစိုးရအဖွဲ့အမှူးပြုသောတက်ရောက်လာသော ဧည့်သည်တော်များ က အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ဖွင့်လှစ်ပြီး မင်္ဂလာဝိုင်းတော်အဖွဲ့ ကထူးမခြားနားသီချင်းဖြင့်သီဆိုပူဇော်ကာ နိုင်ငံတော်သြဝါဒါစရိယဆရာတော်၊ ထားဝယ်မြို့၊ ဃောသိတရာမကျောင်းတိုက်ဦးစီးပဓာန နာယက(အဂ္ဂမဟာပဏ္ဍိတ) ဘဒ္ဒန္တပညာသာမိ ဆရာတော်ကြီးထံမှ(၅)ပါးသီလခံယူဆောက်တည်ခဲ့ကြသည်။
ထို့နောက်ဆရာတော်သံဃာတော်အရှင်သူမြတ်များရွတ်ပွားသရဇ္စျာယ်ချီးမြှင့်တော်မူသော အန္တရာယ်ကင်းပရိတ်တရားတော် များနာယူကြည်ညိုပြီးတိုင်းဒေသကြီးဝန်ကြီးချုပ်သီရိပျံချီဦးမြတ်ကို က သာသနာရေးဆိုင်ရာများလျှောက်ထားကာ ကြွရောက်တော် မူလာကြသောဆရာတော်ကြီးများအား တာဝန်ရှိသူများ က လှူဖွယ်ပစ္စည်းဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းသည်။
ဆက်လက်၍ ၂၀၂၀ ပြည့်နှစ်၊ ထားဝယ်စာဖြေဌာနမှ ဓမ္မာစရိယနှင့်ပထမပြန်စာမေးပွဲတွင်ဝင်ရောက်ဖြေဆိုအောင်မြင်တော် မူခဲ့သောစာအောင်သံဃာတော်များ၊ သီလရှင်များနှင့်လူပုဂ္ဂိုလ်များအား တိုင်းဒေသကြီးဝန်ကြီးချုပ်သီရိပျံချီဦးမြတ်ကို၊   ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်စောသန်းလှိုင်နှင့် တာဝန်ရှိသူများ က အောင်လက်မှတ် နှင့် စာအောင်ဆုများဆက်ကပ်လှူဒါန်းပြီးတိုင်းဒေသကြီး သံဃနာယကအဖွဲ့ဥက္ကဋ္ဌဆရာတော်၊ထားဝယ်မြို့၊ ဇေယျဝတီကျောင်း တိုက်(အဂ္ဂမဟာပဏ္ဍိတ) ဘဒ္ဒန္တနန္ဒဝံသဆရာတော်ကြီး ထံမှလှူဒါန်းမှုအစုစုတို့အတွက် အနုမောဒနာတရားနာယူကြည်ညို ၍ ရေစက်သွန်းချအမျှပေးဝေခဲ့ကြသည်၊
၄င်းနောက်တက်ရောက်လာကြသောဧည့်သည်တော်များက ဗုဒ္ဓသာသနံစိရံတိဌတုသုံးကြိမ်ရွတ်ဆိုဆုတောင်း၍အခမ်းအနား ကို ရုပ်သိမ်းလိုက်ကြပြီးမင်္ဂလာဝိုင်းတော်အဖွဲ့ က အောင်စေပိုင်စေ ဓမ္မတေးဖြင့်သီဆိုပူဇော်ကာ သံဃာတော်များအား ဆွမ်းဆန်စိမ်းလောင်းလှူခဲ့ကြသည်
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်စာဖြေဌာနမှ ၂၀၂၀-ပြည့်နှစ်၊ ဓမ္မာစရိယနှင့်ပထမပြန်စာမေးပွဲတွင်ဝင်ရောက်ဖြေဆို အောင်မြင်ကြသောစာအောင်သံဃာတော်များမှာ ဓမ္မာစရိယ(၃)ကျမ်းအောင်သံဃာတော်(၁၆)ပါး၊ ပထမအကြီးတန်းအောင် သံဃာတော်(၁၈)ပါး၊ ပထမအလတ်တန်းအောင်သံဃာတော်(၁၆)ပါး၊ ပထမအငယ်တန်းအောင်သံဃာတော်(၆၁)ပါး၊ အခြေ ပြုမူလတန်းအောင်သံဃာတော်(၁၆)ပါး၊ မြိတ်ခရိုင်စာအောင်သံဃာတော်(၉၂)ပါး၊ ကော့သောင်းခရိုင်မှစာအောင် သံဃာ တော်(၅၁)ပါးရှိကြောင်းသိရသည်။


တိုင်းဒေသကြီး(ပြန်/ဆက်)    
၀၉၄၂၂၂၀၃၆၄၉

နောက်ဆုံးရ သတင်း