ထားဝယ် ဖေဖော်ဝါရီ ၁၁
တနင်္သာရီတိုင်းဒေသကြီး၊ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံပြန်ရေးဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၂၂) ကိုယနေ့နံနက် ၁၁ နာရီ ကထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျင်းပ သည်။
အစည်းအဝေးတွင်တိုင်းဒေသကြီးကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီအတွင်းရေးမှူး၊တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးသိန်းလင်း က လက်ရှိဖြစ်ပေါ်နေသောကိုဗစ်-၁၉ ရောဂါပိုးမျိုး ရိုးဗီဇအသစ်အိုမီခရွန်နှင့်ပတ်သက်၍ သက်ဆိုင်ရာတိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများသိရှိ အောင်ခေါ်ယူ၍ တွေ့ဆုံဆွေးနွေးပွဲပြုလုပ်ရခြင်းဖြစ်ကြောင်း၊ ကော့သောင်းနှင့်မြိတ်ခရိုင်များတွေ့ဆုံဆွေးနွေးပြီးဖြစ်၍ ထားဝယ် ခရိုင်အနေဖြင့်တိုင်းဒေသကြီးအစိုးရနှင့်ပေါင်းစပ်၍ညှိနှိုင်းဆွေးနွေးပေးစေလိုကြောင်း၊ ပြီးခဲ့သောတစ်ပတ်အတွင်း ၌ ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာ ၁၂ ဦးတွေ့ရှိခဲ့ပြီးကုသဆဲအနေဖြင့် ၇၁ ဦးရှီခဲ့ကြောင်း၊ တက်ရောက်လာသော ဌာနဆိုင်ရာများအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှထုတ်ပြန်ထားသောညွှန်ကြားချက်များ ကိုတိတိကျကျလိုက်နာ ဆောင်ရွက် ရန်လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် ကော်မတီအဖွဲ့ဝင်လူမှုရေးရာဝန်ကြီးဦးယဉ်ထွေး က ပြည်သူများသိရှိလိုက်နာရေးအတွက် လက်ကမ်းစာစောင် များ ဖြင့်အသိပညာပေးရေးl ကြက် ခြေနီတပ်ဖွဲ့ များl ပရဟိတလူငယ်များနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရေး လိုအပ် သည်များဖြည့်စွက်ရှင်းလင်းဆွေးနွေးပြောကြားပြီးတိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးမှူးက ကိုဗစ်-၁၉ရောဂါဓာတ်ခွဲ အတည်ပြုလူနာများဆေးရုံဆင်းခွင့်ပြုရန် သတ်မှတ် ချက်များ (Version-7)နှင့်ပတ်သက်၍ရှင်းလင်းဆွေးနွေး ပြောကြားသည်။
ဆက်လက်၍တက်ရောက်လာသောကော်မတီဝင်များနှင့်ဌာနဆိုင်ရာတာဝန်ရှိသူများက ဆောင်ရွက်ထားရှိမှုအခြေအနေများ ၊ ရှေ့ဆက်လက်ဆောင်ရွက်မည့်အစီအမံများကိုရှင်းလင်းဆွေးနွေးအကြံပြုရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးသိန်းလင်း က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသတင်းရရှိသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)

