ထားဝယ် ဩဂုတ် ၂၅
သင်ကြားရေးအထောက်အကူပြု တိုင်းရင်းသားဘာသာ စာပေသင်ဆရာ၊ ဆရာမများ အရည်အသွေးမြှင့်အထောက် အကူပြုဆွေးနွေးပွဲ(၂/၂၀၂၃)ပိတ်ပွဲအခမ်းအနားကိုယနေ့နံနက် ၈ နာရီခွဲ က တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ထားဝယ်ပညာရေးဒီဂရီကောလိပ်၊ တိက္ခပညာခန်းမ၌ကျင်းပသည်။
အခမ်းအနားတွင်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက ဆွေးနွေးပွဲဆိုသည်မှာ တစ်ဦးနှင့် တစ်ဦး တိုင်းရင်းသားအစု အဖွဲ့ဖြစ်ပြီးမိမိတို့သိရှိနားလည်ထားသောလက်ရှိကျင့်သုံးနေသည့် တိုင်းရင်းသားအမွေအနှစ်များ၊ ရိုးရာဓလေ့၊ ဘာသာစကား၊ ယဉ်ကျေးမှု စသည့်တို့ကို တစ်ဦးနှင့်တစ်ဦးအမြင်အချင်းဖလှယ်ကာ ပိုမိုကောင်းမွန်သောပညာရပ်များ ကိုအတူယူကာ မိမိဒေသမှာရှိသော တိုင်းရင်းသားကလေးသူငယ်များအားသင်ယူစေပြီးနောင်အနာဂတ်တွင် နို်ငငံတော် အတွက်တန်ဖိုးရှိသောလူငယ်လူရွယ်များဖြစ်အောင် ဖော်ထုတ်ပေးရန်ရည်ရွယ်၍ ဆွေးနွေးပွဲပြုလုပ်ရခြင်းဖြစ်ကြောင်း နှင့်တိုင်းဒေသကြီးအတွက် တန်ဖိုးရှိသောအခမ်းအနား ဖြစ်ကြောင်း၊ တိုင်းရင်းသားဘာသာစာပေသင်ဆရာ၊ဆရာမများ အနေဖြင့် အရည်အသွေးမြှင့် အထောက်အကူပြုဆွေးနွေးပွဲတက်ရောက်ခြင်းဖြင့် နိုင်ငံ၏ရေမြေသဘာဝအရင်းအမြစ် များကို ထိန်းသိမ်းစောင့်ရှောက်လိုစိတ်၊ သမိုင်းကြောင်းနောက်ခံများကို သိရှိနားလည်ပြီး တိုင်းရင်းသားအချင်းချင်း ရင်းနှီးချစ်ကြည်စွာနေထိုင်လိုစိတ်များရှင်သန်လာမှာဖြစ်ကြောင်း၊ တိုင်းရင်းသားလူမျိုးစုများ၏ယဉ်ကျေးမှုများ၊ ဓလေ့ထုံးတမ်းများကိုတန်ဖိုးထားခြင်း အသိအမှတ် ပြုခြင်းသည် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက် ရန်ပထမခြေလှမ်း ဖြစ်ကြောင်း၊ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ဆိုသည်မှာမိမိတို့ဘိုးဘွားစဉ်ဆက်များ က လက်ဆင့်ကမ်း အမွေဆက်ခံလာသောယဉ်ကျေးမှုဓလေ့ထုံးတမ်းများနှင့်နေထိုင်ပြုမှုပုံစံများဖြစ်သကဲ့သို့ မိမိတို့၏ သားစဉ်မြေးဆက်ကို လည်းလက်ဆင့်ကမ်းသွားရမည့် အရာများလည်းဖြစ်ကြောင်း၊ တက်ရောက် လာကြသော ဆရာ/ဆရာများအနေဖြင့် မိမိဒေသမှာရှိသောကလေးသူငယ်များကို ယခုဆွေးနွေးပွဲမှရရှိလာသော ရလဒ်များအပေါ်မူတည်ပြီး ကလေးသူငယ်များ အတွက် သော်လည်းကောင်း၊ ဒေသအတွက်သော်လည်းကောင်း၊ နိုင်ငံအတွက်သော်လည်းကောင်း ပိုမိုတန်ဖိုးရှိသော ကလေးသူငယ်များဖြစ်အာင်သင်ကြားပြသဆွေးနွေးပေးကြရန်လိုအပ်ကြောင်း၊ နိုင်ငံ့အနာဂတ်တွင်အားကိုးအားထား ရာရင်သွေးငယ်များ၏ စာပေတတ်မြောက်ရေး၊ ပညာရည်မြင့်မားရေးအတွက် အခက်အခဲအကျပ်အတည်းများကြားက ဆရာဟူသော မွန်မြတ်လှသည့် ဂုဏ်ပုဒ်နှင့်အညီ ကောင်းမွန်မြင့်မြတ်သောစိတ်ထားများဖြင့် သင်ကြားရေး တာဝန်များ ကိုကြိုးပမ်းထမ်းဆောင်လျက်ရှိသည့် ဆရာ၊ ဆရာမများအား ချီးကျူးဂုဏ်ပြု ပါကြောင်းနှင့် နိုင်ငံတော်နှင့် တိုင်းဒေသကြီးအတွက် တန်ဖိုးရှိသောကလေးသူငယ်များ ဖြစ်အောင် ဝိုင်းဝန်းပြီး ကူညီဆောင်ရွက်ပေးကြရန်လိုအပ် ကြောင်းပြောကြားပြီး သင်တန်းပြီးမြောက် ကြောင်းလက်မှတ်ပေးအပ်သည်။
ထို့နောက်သင်တန်းသူများကိုယ်စားသင်တန်းသူတစ်ဦးကကျေးဇူးတင်စကားပြောကြားပြီးဆရာ/များနှင့် ကျောင်းသား /သူများက မင်္ဂလာပါသီချင်း၊ လောကအားမာန်သီချင်းများဖြင့် ကပြ ဖျော်ဖြေနေမှုများကို ကြည့်ရှုအားပေးကာ တိုင်းဒေသကြီးအစိုးရအဖွဲ့က အတုယူကပြ ဖျော်ဖြေမှုများကို ဆုငွေကျပ်(၂)သိန်းချီးမြှင့်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် နှင့်ဝန်ကြီးများက ဆရာ/မများနှင့် တိုင်းရင်းသားများအားရင်းရင်းနှီးနှီးလိုက်လံနုတ်ဆက်ခဲ့ကြောင်းသတင်း ရရှိသည်။
တိုင်းဒေသကြီးပြန်/ဆက်)

