ထားဝယ် ဩဂုတ် ၂၈
တနင်္သာရီတိုင်းဒေသကြီးကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့ညှိနှိုင်းအစည်းအဝေးကိုယနေ့မွန်းလွဲပိုင်းက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ကျင်းပသည်။

အစည်းအဝေးတွင်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက ကုန်ဈေးနှုန်းတည်ငြိမ်ရေး အတွက်တိုင်းဒေသကြီးအတွင်း ဆောင်ရွက်ရမည့်လုပ်ငန်းများကိုဝိုင်းဝန်းပြီးအကြံပြု ဆွေးနွေးနိုင်ရန်အတွက်ခေါ်ယူရခြင်းဖြစ်ကြောင်း၊ ကုန်ဈေးနှုန်း အနေဖြင့်အရေးကြီးမှာ ကုန်ဈေးနှုန်း မတက်နိုင်အောင် ထုတ်လုပ်မှုနှင့်သုံးစွဲမှုအပေါ်မူတည်ကြောင်း၊ အထူးသဖြင့် တိုင်းဒေသကြီးတွင်အဓိကအခြေခံစားကုန်ဖြစ်သော ဆန်၊ ဆီသည်အဓိကဖြစ်ကြောင်း၊ ဆန်စပါးစိုက်ပျိုးမှုရှိ သော်လည်းထွက်နှုန်းအနေဖြင့် ၇၄ % ကျော်သာရှိပြီးတိုင်းဒေသကြီးတွင်ဆန်ဖူလုံမှုရှိမှသာ မှီခိုကင်းမဲ့စွာရပ်တည်နိုင် မည်ဖြစ်ကြောင်း၊ ဆန်ဖူလုံမှုရရှိရေးလိုအပ်ချက်များရှိနေသည့်အတွက်အခြားတိုင်းဒေသကြိး/ပြည်နယ်များမှတင်သွင်း နေရပြီးဖြန့်ဖြူး ပေးနေရကြောင်း၊ ဆီဖူလုံမှုသည်လည်းအရေးကြီးပြီးတိုင်းဒေသကြီးတွင်ဆီအုန်းဧက(၄ သိန်း)ခန့်ရှိ ကြောင်း၊ ဆီအုန်းမှဆီချောထုတ်လုပ်နိုင်မည်ဆိုပါက လုံလောက်စွာစားသုံးနိုင်မှာဖြစ်ကြောင်း၊တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့်ဆီတန်(၂၀)စက်ရုံတည်ဆောက်နိုင်ရေးကြိုးစားဆောင်ရွက်လျက်ရှိပြီး တစ်ရက်လျှင်တန်(၂၀)ကျမည်ဆိုပါက တစ်တန်ပိသာ(၆၀၀)တန်(၂၀) တစ်သောင်းကျော်ကျနိုင်သည့်အတွက် တိုင်းဒေသကြီးအတွင်းဆီဖူလုံ လာမည်ဖြစ်ပါကြောင်း၊ ဒေသအတွက်အဓိကပံ့ပိုးမှုဆောင်ရွက်ပေးရမည့်စိုက်ပျိုးရေးဦးစီးဌာနနှင့်ဆက်စပ်ဌာနဆိုင်ရာ တာဝန်ရှိသူများ က ပူးပေါင်း ကူညီဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ တိုင်းဒေသကြီးတွင်ဒေသထွက်ကုန်များစွာရှိပြီး ပင်လယ်မှ ပုဇွန်၊ ဂဏန်း၊ ငါး၊ ပုလဲ စသည့် ရေထွက်ကုန်များစွာရှိကြောင်း၊ ဒေသအလိုက်ဆန်ဖူလုံမှုသည် အရေးကြီး ကိစ္စရပ်ဖြစ်၍ စီမံချက်ချမှတ်ဆောင်ရွက်ရန််လိုအပ်ကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲအနေဖြင့်လိုအပ်သည်များကို ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ကုန်ဈေးနှုန်းတည်ငြိမ် ရေးတွင် သား၊ ငါး နှင့်မီးဖိုချောင်သုံးပစ္စည်းများ အပါအဝင် ဝိုင်းဝန်းအကြံပြုဆွေးနွေးပေရန်လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ က ကုန်ဈေးနှုန်းတည်ငြိမ်ရေးနှင့် ပတ်သက်၍ ဆောင်ရွက်ထားရှိမှုအခြေအနေနှင့် ရှေ့ဆက်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များအားရှင်းလင်းဆွေးနွေး တင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဆွေးနွေးတင်ပြချက်များအပေါ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်းသတင်းရရှိသည်။
















တိုင်းဒေသကြီး(ပြန်/ဆက်)

