တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့

တနင်္သာရီတိုင်းဒေသကြီး

အစိုးရအဖွဲ့

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို လူငယ်ရေးရာလုပ်ငန်းကော်မတီအစည်းအဝေးသို့တက်ရောက်

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို လူငယ်ရေးရာလုပ်ငန်းကော်မတီအစည်းအဝေးသို့တက်ရောက်

ထားဝယ်   ဩဂုတ် ၂၉

တနင်္သာရီတိုင်းဒေသကြီးလူငယ်ရေးရာလုပ်ငန်းကော်မတီအစည်းအဝေးကိုယနေ့နံနက် ၉ နာရီခွဲ က ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ကျင်းပသည်။

Tnigov

အစည်းအဝေးတွင်တိုင်းဒေသကြီးလူငယ်ရေးရာလုပ်ငန်းကော်မတီဥက္ကဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက   နို်ငငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက်(၉)ရပ်တွင် ပါဝင်သည့် လူမှုရေး ဦးတည်ချက်ထဲတွင် လူငယ်ကဏ္ဍ နှင့်ပတ်သက်၍ဆောင်ရွက်ရမည့်ကိစ္စရပ်များအား ဆောင်ရွက် နိုင်ရန်အတွက် ပြုလုပ်ရခြင်းဖြစ်ကြောင်း၊ ၂၀၂၃ ခုနှစ် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အတွက် “ကမ္ဘာကြီးရေရှည်တည်တံ့ဖို့ လူငယ့်စွမ်းအားဖြင့် ဖန်တီးစို့” ဆောင်ပုဒ်နှင့်အညီ မျိုးဆက်သစ် လူငယ်များအချင်းချင်းပူးပေါင်း၍ လူငယ်များ၏ စွမ်းအားကိုအသုံးပြုပြီး ကမ္ဘာကြီးရေရှည်တည်တံ့ နိုင်စေရေးအတွက် အရှိန်မြှင့်တင်ဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်း၊ နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ်ပါဝင်နိုင်ရေး ဗလငါးတန်နှင့် ပြည့်စုံ သောလူငယ်များ ဖြစ်စေရန် လူငယ် ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေးသည် အဓိကကျကြောင်း၊ တိုင်းဒေသကြီးတွင်လူငယ်ကဏ္ဍနှင့်ပတ်သက်၍ တစ်စိုက်မတ်မတ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ လူငယ်ကဏ္ဍအနေဖြင့် မည်သည့်အချိန်ကာလမဆို ပြုစုပျိုးထောင် ပေးနိုင်ရေးအတွက် အမြဲတမ်းလိုအပ်သော လုပ်ငန်းဖြစ်ကြောင်း၊ လူငယ်များအားမြေတောင် မြှောက်ပေး နိုင်ရေးအတွက် အဖွဲ့အစည်းများ၊ အသင်းအဖွဲ့များ၊ ဌာနဆိုင်ရာများနှင့် ပူးပေါင်းပြီး ဆောင်ရွက်ပေးစေလို ကြောင်း၊ အဓိကအနေဖြင့် ပညာရေး၊ ကျန်းမာရေးအခြေခံပြီး လူငယ်များအား လမ်းမှားမရောက်အောင်၊ မူးယစ်ဆေး နှင့်အခြား ဘေးဖြစ်စေတက်သောအန္တရာယ်များအား ကာကွယ်ပြီး ပညာရေး၊ ကျန်းမာရေး၊ မူးယစ်ဆေးဝါး နှင့် အခြား ဘေးဖြစ်စေတတ်သည့် အန္တရာယ်များ၊ အားကစားနှင့်အပန်းဖြေခြင်း၊ အလုပ်အကိုင်အခွင့်အလမ်း၊ စီးပွားရေး၊ နိုင်ငံရေး၊  စာပေအနုပညာနှင့် ယဉ်ကျေးမှု၊ သုတေသန၊ သိပ္ပံနှင့်နည်း ပညာ၊ ပြည်သူ့နီတိနှင့် နိုင်ငံ့သားကောင်း ဖြစ်မှု၊ သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ငြိမ်းချမ်းရေးနှင့်ဘဝလုံခြုံရေး၊ ကျား/မ ညီမျှမှု၊ လူ့အခွင့်အရေး နိုင်ငံတကာဆက်ဆံရေး၊ စသည့်ကဏ္ဍ(၁၆)ရပ်အားပိုင်းခြားပြီး အပိုင်း အလိုက်၊ ကဏ္ဍ အလိုက်မြှင့်တင်ဆောင်ရွက်လျက်ရှိကြောင်း၊   လူငယ်ဆိုသည်မှာ ကျောင်းသား လူငယ်ကစပြီး အဓိကကျောင်းသားဘဝကစ၍ သေချာပြုစုပျိုးထောင်ပေးနိုင်ရန်အရေး ကြီးကြောင်း၊ တက်ရောက်လာသူများအနေဖြင့် လူငယ်ကဏ္ဍနှင့်ပတ်သက်၍အပိုင်းအလိုက်၊ ကဏ္ဍအလိုက် ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ နိုင်ငံတော်နှင့်လူမျိုးအား ကာကွယ်စောင့်ရှောက်နိုင်ရန် နေရာ ယူလာမည့် ကလေးလူငယ်များအား ကျန်းမာသန်စွမ်းပညာရည်ပြည့်ဝသော နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ရှိသော ကလေးများဖြစ်စေရေးလိုအပ်သောကြောင့် ဝိုင်းဝန်းကြိုးပမ်း အကောင်အထည် ဖော်ဆောင်ရွက်ပေးရန်လိုအပ်ကြောင်းပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးမှူးဦးစိုးမိုးနိုင်က  လူငယ်ရေးရာမူဝါဒ ဆိုင်ရာ အမျိုးသား အဆင့်မဟာဗျူဟာစီမံချက်(၂၀၂၀-၂၀၂၄)တွင်ပါရှိသည့် လူငယ်ဖွံ့ဖြိုးရေးဆိုင်ရာ အဓိကကဏ္ဍ(၁၆)ခုအား ရှင်းလင်းတင်ပြရာ ဌာနဆိုင်ရာတာဝန်ရှိသူများက ဌာနအလိုက် လုပ်ငန်း များဆောင်ရွက် ထားရှိမှုအခြေ အနေ များအားရှင်းလင်းဆွေးနွေးပြောကြားပြီး ဆွေးနွေးတင်ပြချက် များအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ညှိနှိုင်း ဆောင်ရွက် ပေးပြီး လုပ်ငန်းများအောင်မြင်စေရေး အတွက် ကော်မတီများဖွဲ့စည်းထားရန်လိုအပ်ကြောင်းမှာကြားခဲ့ ကြောင်း သတင်းရရှိသည်၊
တိုင်းဒေသကြီး(ပြန်/ဆက်)

Tnigov

နောက်ဆုံးရ သတင်း