တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့

တနင်္သာရီတိုင်းဒေသကြီး

အစိုးရအဖွဲ့

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို လူငယ်သီတင်းပတ်အဖြစ်ကျင်းပသည့်လူငယ်စကားဝိုင်းအခမ်းအနား သို့တက်ရောက်

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို  လူငယ်သီတင်းပတ်အဖြစ်ကျင်းပသည့်လူငယ်စကားဝိုင်းအခမ်းအနား သို့တက်ရောက်

ထားဝယ်     စက်တင်ဘာ ၅

တနင်္သာရီတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ထားဝယ်ပညာ ရေး ဒီဂရီကောလိပ်တို့ပူးပေါင်း၍ လူငယ်သီတင်းပတ်အဖြစ်ကျင်းပသည့်လူငယ်စကားဝိုင်းအခမ်းအနား ကိုယနေ့ နံနက် ၈ နာရီခွဲ က ထားဝယ်မြို့၊ ထားဝယ်ပညာရေးဒီဂရီကောလိပ်၊ တိက္ခပညာခန်းမ၌ကျင်းပသည်။

tnigov

အခမ်းအနားတွင်တိုင်းဒေသကြီးလူငယ်ရေးရာကော်မတီဥက္ကဌ၊တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို က နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ဦးတည်ချက် (၉)ရပ် အနက်လူမှုရေးဦးတည်ချက်၏တတိယအချက်ဖြစ်သော  နိုင်ငံ၏ဖွံဖြိုး တိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့်အဓိကစွမ်းအားစုအဖြစ်ပါဝင်နိုင်ရေး ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကိုမြှင့်တင်ဆောင်ရွက်ရေးဆိုသည့်အချက်နှင့်အညီ လူငယ်များဘက်စုံဖွံ့ဖြိုး တိုးတက်ရေးအတွက်မူဝါဒများ၊ ရည်မှန်းချက်များနှင့်အညီလုပ်ငန်းစဉ်များကိုကဏ္ဍပေါင်းစုံကနေဆောင်ရွက်ပေးလျက် ရှိ ကြောင်း၊ လူငယ်များတွင် အနာဂါတ်အတွက်စိတ်ကူးများ၊ စိုးရိမ်မှုများ ၊ အိပ်မက်များ ၊ မျှော်လင့်ချက်များ ကိုယ်စီရှိ နေကြမှာဖြစ်ကြောင်း၊ စိတ်ကူးများနှင့်အိပ်မက်များလက်တွေ့အကောင်အထည်ဖော်သည်နေရာ တွင်စာအုပ်စာစောင် များ ကိုဖတ်ရှုခြင်း၊ အတွေ့အကြုံရှိသူများကိုမေးမြန်းခြင်းကနေရရှိနိုင်သလို လူငယ်အချင်းချင်း တိုင်ပင်ဆွေးနွေးခြင်း တို့ကနေလည်းရရှိနိုင်ကြောင်း၊ တိုင်ပင်ဆွေးနွေးခြင်း၊ အမြင်ခြင်းဖလှယ်ခြင်းသည်အတွေးအမြင်များအားပိုမိုကျယ်ပြန့် လာစေနိုင်ပြီးအတွေးအမြင်ကျယ်ပြန့်လာခြင်းမှတဆင့်ပန်းတိုင်ဆီသို့ချီတက်ရာတွင် အထောက်အပံ့ကောင်းများရရှိ နိုင်ရန်အတွက်ယနေ့လူငယ်စကားဝိုင်းကျင်းပရခြင်းဖြစ်ပါကြောင်း၊  နိုင်ငံတော်အစိုးရအနေဖြင့် လူငယ်များကိုတန်ဖိုး ရှိသောလူသားအရင်းအနှီးများအဖြစ်မျှော်မှန်းပြီးပြုစုပျိုးထောင်ပေးလျက်ရှိပါကြောင်း၊လူငယ်များကိုယ်တိုင် ကလည်း မိမိကိုယ်မိမိတန်ဖိုးရှိသည့်လူသားများဖြစ်အောင်ကျင့်ကြံကြိုးကုတ်အားထုတ်ကြရန်လိုအပ်ကြောင်း၊ တစ်နည်းအား ဖြင့် မိမိကိုယ်ကိုကောင်းအောင်ကြိုးစားခြင်းသည်မိမိပတ်ဝန်းကျင်အတွက်၊ မိမိနိုင်ငံ၊ မိမိလူ့အဖွဲ့အစည်းအတွက်ပါ ကောင်းအောင်ကြိုးစားနေခြင်းဖြစ်သည်ကို သတိပြုဆောင်ရွက်ကြရန်လိုအပ်ကြောင်း ပြောကြားသည်။


ထို့နောက် တိုင်းဒေသကြီးပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးဒေါ်ယဉ်ယဉ်နု က ဦးဆောင်ဆွေးနွေးသူ(Moderator)အဖြစ်ဆောင်ရွက်ပြီး ဆွေးနွေးပြောကြားသူများအဖြစ်ထားဝယ်ပညာရေးဒီဂရီ ကောလိပ်မှကျောင်းသား/သူများဖြစ်ကြသည့်ဒုတိယနှစ်(ဒုတိယနှစ်ဝက်)ကျောင်းသား မောင်ဖြိုးအာကာကျော် က လူငယ်နှင့်စာဖတ်ခြင်း၊ ဒုတိယနှစ်(ပထမနှစ်ဝက်)ကျောင်သူ မရတနာခင် က လူငယ်နှင့်မူးယစ်ဆေးဝါး၊ ပထမနှစ် (ဒုတိယနှစ်ဝက်)ကျောင်းသား မောင်ဇွဲမာန် က လူငယ်နှင့်အားကစား၊ ပထမနှစ် (ဒုတိယနှစ်ဝက်)ကျောင်းသူ မဥမ္မာသော် က လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး၊ ဒုတိယနှစ်(ပထမနှစ်ဝက်)ကျောင်းသား မောင်သက်အောင်က လူငယ်နှင့်စာရိတ္တ၊ ဒုတိယနှစ်(ဒုတိယနှစ်ဝက်)ကျောင်းသူ မခင်မီမီဆု က လူငယ်နှင့် လူမှုမီဒီယာစသည့် ခေါင်းစဉ်များ ဖြင့် ဆွေးနွေး ခဲ့ကြသည်။

ယင်းနောက် တက်ရောက်လာသော ကျောင်းသား/သူများနှင့်အပြန်အလှန်မေးမြန်းဆွေးနွေးကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်ကဆွေးနွေးပြောကြားသောကျောင်းသား/သူများအားဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ကာ ထားဝယ်ပညာရေး ဒီဂရီကောလိပ်ကျောင်းအုပ်ကြီးဒေါ်နီနီသန်းထံ အားကစားပစ္စည်းပေးအပ်သည်။

ဆက်လက်၍တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်နှင့် တိုင်းဒေသကြီးဝန်ကြီး များ က ထားဝယ်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန က ခင်းကျင်းပြသထားသော သုတရသစာအုပ် စာစောင်များအာကြည့်ရှုအားပေးသည်။

လူငယ်များ၊ အသိပညာစွမ်းအား၊ အတတ်ပညာစွမ်းအား၊ အတွေးအခေါ်စွမ်းအားများ ပြည့်ဝစေပြီးလူအများရှေ့ စကား ပြောဆိုရာ၌ရဲဝံ့စွာပြောဆိုဆွေးနွေးနိုင်သည့်အလေ့အကျင့်ကောင်းများရရှိစေရန် စာဖတ်ခြင်းဖြင့် အသိပညာဗဟုသုတ များနှင့်ပြည့်စုံပြီးဗလငါးတန်နှင့် ပြည့်စုံသောလူငယ်များ ပေါ်ထွန်းလာစေရန်၊ လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် အတွက်ရည်ရွယ်၍လူငယ်စကားဝိုင်းများ ကျင်ပပေးခြင်းဖြစ်ပါကြောင်း၊ Edu Park ကိုယ်ပိုင်အထက်တန်းကျောင်း ၊ ဆရာမိုးဒီကိုယ်ပိုင်အထက်တန်းကျောင်း၊ မဟာရွှေဂုဏ်ထူးကိုယ်ပိုင်ကျောင်း နှင့် ပန်းကံကော်ရနံ့ကိုယ်ပိုင် အထက်တန်ကျောင်း များကိုလည်းကျင်ပပေးခဲ့ပြီး ယနေ့ထားဝယ်ပညာရေးဒီဂရီကောလိပ်ကို ၅ ကြိမ်မြောက်ကျင်းပ ခြင်းဖြစ်ကာတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီ၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာ ဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ဆက်လက်ပြုလုပ်ကျင်းပပေးသွား မည်ဖြစ်ကြောင်းသတင်းရရှိသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)

tnigov

နောက်ဆုံးရ သတင်း