တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့

တနင်္သာရီတိုင်းဒေသကြီး

အစိုးရအဖွဲ့

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေဖြင့်တင်ဒါခေါ်ယူဆောင်ရွက်သည့်နယ်စပ်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ အတွက်အိတ်ဖွင့်တင်ဒါဖွင့်ပွဲအခမ်းအနားကျင်းပ

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေဖြင့်တင်ဒါခေါ်ယူဆောင်ရွက်သည့်နယ်စပ်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ အတွက်အိတ်ဖွင့်တင်ဒါဖွင့်ပွဲအခမ်းအနားကျင်းပ

ထားဝယ်    ဩဂုတ် ၆


၂ဝ၂၃-၂ဝ၂၄ ဘဏ္ဍာရေးနှစ်၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ရန်ပုံငွေဖြင့်တင်ဒါခေါ်ယူဆောင်ရွက်သည့်နယ်စပ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက်အိတ်ဖွင့်တင်ဒါဖွင့်ပွဲကိုယနေ့နံနက် ၉ နာရီခွဲ က  ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည်။

Tnigov

အခမ်းအနားတွင်တိုင်းဒေသကြီးအစိုးရအဖွဲ့စီးပွားရေးရာဝန်ကြီးဦးမောင်ကြီး  က ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးအစိုးရအဖွဲ့( မူလ )ခွင့်ပြုရန်ပုံငွေဖြင့် နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းအား လုပ်ငန်းစု ၄၇ ခု ခွင့်ပြုရန်ပုံ ငွေ ၁၂၁၂၇.၀၁၂ သန်း ဖြင့် ၂၇-၇-၂၀၂၃ ရက်နေ့မှ ၂၅-၈-၂၀၂၃ ရက်နေ့အထိ တင် ဒါ ခေါ်ယူ ဆောင်ရွက်ခဲ့ပြီး တင် ဒါ ဝင်ရောက်ယှဉ်ပြိုင်သည့် ကုမ္ပဏီ ၁၂၉ ခု ရှိကာ အိတ်ဖွင့်တင်ဒါတင်သွင်းသည့်လျှောက်လွှာစုစုပေါင်း ၂၆၅ စောင် တင်သွင်းနိုင်ခဲ့ကြောင်း၊ နယ်စပ် ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ ဖြင့် ဆောင်ရွက် မည့် လုပ်ငန်းများအား ကော်မတီ ( ၄ ) ခု ဖွဲ့စည်း၍ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ တင်ဒါဝင်ရောက်ယှဉ်ပြိုင်သည့်ကုမ္ပဏီအားလုံးကို Price Proposal တင်သွင်း ခွင့်ပြုခဲ့ပြီး Profile and Technical Proposal နှင့် Price Proposal ရလဒ်များကိုကြည့်တင်ဒါအောင်မြင်သူအဖြစ် ရွေးချယ်သွားမှာဖြစ်ကြောင်း၊ တနင်္သာရီတိုင်းဒေသကြီးအတွင်းဆောင်ရွက်မည့်နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းကို ကုမ္ပဏီများမှတင်သွင်းခဲ့မှုရလဒ်များအားတိုင်းဒေသကြီးအစိုးရအဖွဲ့(Cabinet )အစည်းအဝေးသို့တင်ပြအတည်ပြုချက် ရယူပြီး အစည်းအဝေးဆုံးဖြတ်ချက်ဖြင့် တင်ဒါအောင်မြင်သောကုမ္ပဏီကိုဆက်သွယ်အကြောင်းကြားပေးသွားမှာဖြစ် ကြောင်း၊ မိမိတင်ဒါအောင်မြင်၍တာဝန်ယူဆောင်ရွက်မည့်လုပ်ငန်းများကိုအရည်အသွေးပြည့်မီစွာနှင့်သတ်မှတ်ကာလ အတွင်းအချိန်မီပြီးစီးနိုင်ရေးအတွက် လူအင်အား၊ စက်ယန္တရားအင်အားများဖြင့်ဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားသည်။


ထို့နောက်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ အတွင်းရေးမှူးဦးခင်မောင်ချို က ဓါတ်သတ္တုခွန်ကိစ္စရပ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီးတိုင်းဒေသကြီးဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှညွှန်ကြားရေးမှူး ဦးရန်လင်းအောင် က တင်ဒါဖွင့်ပွဲ နှင့် ပတ်သက်၍ရှင်းလင်းပြောကြားကာ  တာဝန်ရှိသူများ က တင်ဒါတင်သွင်းသည့်ကုမ္ပဏီများ၏ လုပ်ငန်းစုအလိုက် ဈေးနှုန်း အဆိုပြုလွှာများအားဖွင့်ဖောက်၍ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသတင်းရရှိသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)

Tnigov

Tnigov

 

နောက်ဆုံးရ သတင်း