တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့

တနင်္သာရီတိုင်းဒေသကြီး

အစိုးရအဖွဲ့

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို လူငယ်များဗလငါးတန်ဖွံ့ဖြိုးရေးအစီအစဉ် ဘွဲ့ယူစာတမ်းများ ဖတ်ကြား ခြင်းအခမ်းအနားသို့တက်ရောက်

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို လူငယ်များဗလငါးတန်ဖွံ့ဖြိုးရေးအစီအစဉ် ဘွဲ့ယူစာတမ်းများ ဖတ်ကြား ခြင်းအခမ်းအနားသို့တက်ရောက်

ထားဝယ်      စက်တင်ဘာ  ၇

၂၀၂၂-၂၀၂၃၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ လူငယ်များဗလငါးတန်ဖွံ့ဖြိုးရေးအစီအစဉ်ဘွဲ့ယူစာတမ်းများဖတ်ကြားခြင်း အခမ်းအနားနှင့်ဈေးရောင်းပွဲတော်ကိုယနေ့နံနက်ပိုင်းက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ထားဝယ်တက္ကသိုလ် ပင်မဆောင် ၌ကျင်းပသည်။

ရှေးဦးစွာဘာသာရပ်အသီးသီးမှကျောင်းသား/သူများ၏ မုန့်ပဲသရေစာများရောင်းချနေမှုကို တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးနှင့်တိုင်းဒေသကြီးဝန်ကြီးများ က လှည့်လည်ကြည့်ရှု အားပေးသည်။

ထို့နောက်ဆရာ/ဆရာမများနှင့်ကျောင်းသား/သူများက ပညာရိပ်မြုံ ထားဝယ်တက္ကသိုလ်သီချင်း၊ ထားဝယ်ရိုးရာ အက၊ Fitness Dance များဖြင့်ကပြသီဆိုဖျော်ဖြေခဲ့ကြသည်။


Tnigov

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက  တက္ကသိုလ်၊ ဒီဂရီကောလိပ်များ၏ ဆရာ၊ ဆရာမများ သည် မျိုးဆက်သစ်လူ့စွမ်းအားအရင်းအမြစ်များကို လေ့ကျင့်ပျိုးထောင်ရာတွင် သက်ဆိုင်ရာဘာသာရပ်အသီသီးကို ခေတ်မီသင်ရိုးညွှန်းတမ်းများဖြင့် ပညာရပ်အား နားလည်တတ်ကျွမ်းလာအောင် သင်ကြားပေးလျက်ရှိကြောင်း၊ လက်တွေ့  ဘဝ၌ ဆက်စပ်အသုံးချနိုင်စွမ်းအား မြင့်မားလာစေရန် ပရောဂျက်အခြေပြု လေ့ကျင့်သင်ကြားမှု( Project Based Learning)ဖြင့် အတွေးအခေါ်ရင့်သန်ပြီး တီထွင်နိုင်စွမ်းမြင့်မားသည့် လူ့စွမ်းအားအရင်းအမြစ်များကို လေ့ကျင့် ပျိုးထောင်ပေးလျက်ရှိကြောင်း၊ ပရောဂျက်အခြေပြု လေ့ကျင့်သင်ကြားမှု( Project Based Learning)သည် ကျောင်း သား/သူများတွင် အဖွဲ့လိုက်လုပ်ဆောင်ခြင်း။ တီထွင်ဖန်တီးတွေးခေါ်မှုမြင့်မားခြင်း၊ ပြဿနာဖြေရှင်းခြင်း၊ ပူးပေါင်း လုပ်ကိုင်နိုင်စွမ်းရှိခြင်း၊ မိမိကိုယ်ကိုယုံကြည်မှုရှိခြင်းစသည့်စွမ်းရည်များကို ဖွံ့ဖြိုးတိုးတက်စေရန် လေ့ကျင့်ပျိုးထောင် ပေးပြီးဖြစ်ကြောင်း၊ ထားဝယ်တက္ကသိုလ်ရင်ခွင်တွင်ခိုလုံပြီး တွေးခေါ်ကြံဆ ဝေဖန် ပိုင်းခြားနိုင်သော အသိဉာဏ်ရှီ၍ ဗလငါးတန်ပြည့်စုံ ဘွဲ့ရအရည်အသွေးပြည့် လူ့စွမ်းအား အရင်းအမြစ်များဖြစ်ကာ နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များ၌ ကုန်ထုတ်လုပ်မှု အထောက်အကူပြု ပညာရှင်များ ဖြစ်ကြရန်လိုအပ်ကြောင်းပြောကြားသည်။

ဆက်လက်၍ ထားဝယ်တက္ကသိုလ်ကျောင်းသားဟောင်းစီးပွားရေးလုပ်ငန်းရှင် ဦးအောင်မင်းနိုင်က အလုပ်အကိုင် အခွင့်အလမ်းများအကြောင်း ဟောပြောပြီး ဘာသာရပ်အသီးသီးမှ ကျောင်းသား/သူများ က အဖွဲ့အလိုက်သုတေသန စာတမ်းများဖတ်ကြားသည်။


ထို့နောက်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက သုတေသနစာတမ်းရှင်များအားဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပြီး အကောင်းဆုံစာတမ်းရှင် ပထမဆုရရှိသော ရုက္ခဗေဒဘာသာရပ်၊ ဒုတိယဘူမိဗေဒဘာသာရပ်၊ တတိယ ရူပဗေဒဘာသာရပ် အဖွဲ့များအားဆုချီးမြှင့်ကာ တိုင်းဒေသကြီးအစိုးရအဖွဲ့က သီဆိုဖျော်ဖြေသောအဖွဲ့များအား ဆုငွေ(၃)သိန်းချီးမြှင့်ခဲ့ကြောင်းသတင်းရရှိသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)

Tnigov

Tnigov

နောက်ဆုံးရ သတင်း