အခမ်းအနားတွင်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ဦးတည်ချက်(၉)ရပ်အနက် လူမှုရေးဦးတည်ချက်တွင် လူတိုင်းလက်လှမ်းမီသည့်ဘက်စုံပညာရေးစနစ်နှင့် ဗလငါးတန်နှင့်ပြည့်စုံသောလူငယ်များဖြစ် ရေးဆိုသည့်ပညာရေးနှင့်ဆက်နွယ်နေသောဦးတည်ချက်များကို သတ်မှတ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိ ကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် တိုင်းဒေသကြီးအတွင်းပညာရေး၊ ကျန်းမာရေး၊ ဒေသဖွံ့ဖြိုးရေး၊ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူကွင်းဆင်းစိစစ်၍ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊တိုင်းရင်းသားများ၏ပညာရေး၊ကျန်းမာရေး၊ စီးပွားရေးနှင့်လမ်းပန်းဆက်သွယ် ရေး၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးစသည့်လုပ်ငန်းရပ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဘဏ္ဍာရန်ပုံငွေဖြင့်လိုအပ်သည်များကို နှစ်စဉ်ဖြည့်ဆည်းပံ့ပိုးထောက်ပံ့ပေးလျက်ရှိကြောင်း၊ ဆလုံလူမျိုးများ၏လူမှုစီးပွား ဘဝဖွံ့ဖြိုးတိုးတက်စေရေးအတွက် နှစ်စဉ် ကျပ်သန်း(၁၀၀)၊ ကရင်၊ မွန်၊ ထားဝယ်လူမျိုးများအတွက် ကျပ်သန်း(၁၅၀)ကို ၂၀၂၃-၂၀၂၄ ခု၊ ဘဏ္ဍာရေး နှစ်တွင်ခွင့်ပြုပေးခဲ့ကြောင်း၊ ပညာရေးသင်ကြား၊ သင်ယူမှုတွင် လိုအပ်ချက်များရှိနေသော တိုင်းရင်းသားပရဟိတပညာရေးကျောင်းများ၌ အတိုင်းအတာတစ်ခုအထိ အထောက်အပံ့ဖြစ်စေရန်ရည်ရွယ်ပြီးကျပ်သန်း (၆၀)ခန့်ကျခံ သုံးစွဲထောက်ပံ့ပေးခြင်းဖြစ်ကြောင်း၊ ထို့အပြင်တိုင်းရင်းသားရေးရာကိစ္စရပ်များ၊ တိုင်းရင်းသားအခွင့်အရေး ဆိုင်ရာကိစ္စရပ်များ မဆုံးရှုံးရအောင်၊ နစ်နာမှုမရှိအောင်၊ တိုင်းရင်းသားအခွင့်အရေးများဆိုင်ရာ ဖိုရမ်ကျင်းပပြီး အသိပညာ ပေးကာ တိုင်းရင်းသားအရေးကို စောင့်ရှောက်ဖြေရှင်းကူညီပံ့ပိုး ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကရင်၊ ထားဝယ်၊ မွန် တိုင်းရင်းသားများ၏ စကား၊ စာပေ၊ ယဉ်ကျေးမှု၊ နေ့ထူးနေ့မြတ်များနှင့်ရိုးရာဓလေ့ထုံးတမ်းများ မပျောက်ပျက်အောင် ရေရှည်ထိန်းသိမ်းနိုင်ရေးအတွက် သင်တန်းများ၊ ပွဲတော်များ၊ အခမ်းအနားများ ကျင်းပဆောင်ရွက်နိုင်အောင် ကူညီပံပိုး ပေးလျက်ရှိကြောင်း၊ ထားဝယ်ခရိုင်အတွင်းရှိ တိုင်းရင်းသား ပရဟိတပညာရေးကျောင်းများ၏လိုအပ်ချက်များကို အထောက်အပံ့ဖြစ်စေရန်အတွက် ဆန်၊ ဆီတို့ကို ထောက်ပံ့ပေးအပ်သလို မြိတ်ခရိုင်နှင့်ကော့သောင်းခရိုင်အတွင်းရှိ တိုင်းရင်းသား ပရဟိတပညာကျောင်းများသို့လည်း ထောက်ပံ့ပေးအပ်လှူဒါန်းပြီးဖြစ်ကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အနေဖြင့် တိုင်းရင်းသားများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေးအတွက် နှစ်စဉ်လိုအပ်ချက်များကို ပို၍ပို၍ ပံ့ပိုးကူညီ ဖြည့်စည်းပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းပြောကြားသည်။
ထို့နောက်တိုင်းဒေသကြီးအစိုးရအဖွဲ့ က ထားဝယ်ခရိုင်အတွင်းရှိပရဟိတပညာရေးကျောင်း(၁၃)ကျောင်းအတွက်ဆန် (၁၇၀)အိတ်၊ ဆီ(၃၅၆.၅)ပိဿာအား ထောက်ပံ့ပေးအပ်ပြီးပရဟိတပညာရေးကျောင်းများကိုယ်စားဆရာကြီးဦးဉာဏ်ဝင်း က ကျေးဇူးတင်စကားပြောကြားသည်။
ဆက်လက်၍တိုင်းဒေသကြီးဝန်ကြီးချုပ် က တက်ရောက်လာသောတိုင်းရင်းသားများအား ရင်းရင်းနှီးနှီးလိုက်လံနူတ်ဆက် သည်။ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ က မြိတ်ခရိုင်အတွင်းရှိပရဟိတပညာရေးကျောင်း(၂၀)ကျောင်းအတွက်ဆန် (၃၅၇) အိတ်၊ဆီ(၈၇၂)ပိဿာနှင့်ကော့သောင်းခရိုင်ရှိပရဟိတပညာရေးကျောင်း(၁)ကျောင်းအတွက်ဆန် (၆၆) အိတ်၊ ဆီ(၁၆၀.၅) ပိဿာအား ထောက်ပံ့ပေးအပ်ခဲ့ပြီးဖြစ်ကြောင်းသတင်းရရှိသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)

