ထားဝယ် စက်တင်ဘာ ၁၅
" ရာသီဥတုပြောင်းလဲမှု လျှော့ချရေး အိုဇုန်းလွှာ ထိန်းသိမ်းကာကွယ်ပေး "ဟူသော ဆောင်ပုဒ်နှင့်အညီ၂၀၂၃ ခုနှစ်“ ကမ္ဘာ့ အိုဇုန်းလွှာထိန်းသိမ်းရေးနေ့” အထိမ်းအမှတ်အခမ်းအနားကိုယနေ့နံနက် ၉ နာရီခွဲ က တနင်္သာရီတိုင်းဒေသကြီး ၊ ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ကျင်းပသည်။
အခမ်းအနားတွင်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက မြန်မာနိုင်ငံအနေဖြင့် အိုဇုန်းလွှာ ကာကွယ်ရေးဆိုင်ရာ ဗီယင်နာကွန်းဗင်းရှင်း၊ အိုဇုန်းလွှာပျက်စီးစေသော ဒြပ်ပစ္စည်းများဆိုင်ရာမွန်ထရီရယ်နောက်ဆက်တွဲစာချုပ်နှင့် ၎င်း၏
ပြင်ဆင်ချက်များတွင် အဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်ဆောင်ရွက်လျက်ရှိကြောင်း၊ အိုဇုန်းလွှာပျက်စီးစေမည့်ဒြပ်ပစ္စည်းများ လျှော့ချရပ်ဆိုင်းရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်မှုအနေဖြင့် ကလိုရိုဖလူရိုကာဗွန်( CFCs) တင်သွင်းမှု ကို ၂၀၀၇ ခုနှစ်တွင် လည်းကောင်း၊ ဟိုက်ဒရိုကလိုရိုဖလူရိုကာဗွန် (HCFCs) ဓာတ်ငွေ့သုံး မြင်းကောင်ရေ ၂.၅ အောက် လေအေးပေးစက် တင်သွင်းမှုကို၂၀၂၀ ပြည့်နှစ်တွင်လည်းကောင်း ရပ်ဆိုင်းခဲ့ပြီးဖြစ်ကြောင်း၊ ပြင်ဆင်ချက်များအနက် မြန်မာနိုင်ငံက ဝင်ရောက်ရန်ကျန်ရှိနေသည့်ကီဂါလီပြင်ဆင်ချက်ကိုမကြာမီကာလအတွင်းအဖွဲ့ဝင်နိုင်ငံအဖြစ် ဝင်ရောက်နိုင်ရေးကြိုးစားဆောင်ရွက်လျက်ရှိပါကြောင်း၊ ကီဂါလီပြင်ဆင်ချက်အရရေခဲသေတ္တာနှင့် လေအေးပေးစက် များ၊ . Chillers စတဲ့ အအေးပေးစက်ပစ္စည်းများတွင်ထည့်သွင်းအသုံးပြုသ်ည့ ဟိုက်ဒရိုဖလူရိုကာဗွန် (HFCs) သုံးစွဲမှုကို ၂၀၂၄ ခုနှစ်တွင် စတင်ကန့်သတ်ထိန်းချုပ်သွားမှာဖြစ်ပြီး ၂၀၂၉ ခုနှစ်မှ စတင်ကာ နှစ်အလိုက် လျှော့ချသွား ရမည်ဖြစ်ပါကြောင်း၊ အိုဇုန်းလွှာသည် သက်ရှိများ အသက်ရှင်ရပ်တည်နိုင်ရေးအတွက် မရှိမဖြစ်အရေးကြီးသည့်အလွှာ တစ်ခုဖြစ်သည့်အတွက် နောင်အနာဂတ်မျိုးဆက်များအထိဆက်လက်ထိန်းသိမ်းကြရမှာဖြစ်ပါကြောင်း၊ အိုဇုန်းလွှာ ပျက်စီးစေပြီးကမ္ဘာကြီးပူနွေးမှုအညွှန်းကိန်းမြင့်မားစေသော ဒြပ်ပစ္စည်းများကို မလိုအပ်ဘဲ မသုံးစွဲကြရန်နှင့် ကမ္ဘာကြီး ပူနွေးမှု အညွှန်းကိန်းနိမ့်သော ဒြပ်ပစ္စည်းများကို ရွေးချယ် ဝယ်ယူအသုံးပြုကြရန်လိုအပ်ကြောင်း၊ သို့မှသာ အိုဇုန်းလွှာ ပျက်စီးမှု၊ ရာသီဥတုပြောင်းလဲမှုများကိုလျှော့ချနိုင်မည့်အပြင်စားနပ်ရိက္ခာဆုံးရှုံးမှုအားကာကွယ်နိုင်မည့်အကျိုးကျေးဇူး များ ရရှိစေနိုင်မှာ ဖြစ်ကြောင်း၊ “ရာသီဥတုပြောင်းလဲမှု လျှော့ချရေး အိုဇုန်းလွှာ ထိန်းသိမ်း ကာကွယ်ပေးဆောင်ပုဒ် နှင့်အညီအိုဇုန်းလွှာထိန်းသိမ်းကာကွယ်ရေး လုပ်ငန်းတွေကို အားလုံး တတ်နိုင်သည်ကစပြီး ပူးပေါင်းပါဝင် ဆောင်ရွက် ပေးကြရန်လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် ၂၀၂၃ ခုနှစ် “ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့” အထိမ်းအမှတ် ကုလသမဂ္ဂအထွေထွေရေးမှူးချုပ် ၏ သဝဏ်လွှာဗီဒီယိုနှင့် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်ဗီဒီယိုပြသမှုအား တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊တိုင်းဒေသကြီးဝန်ကြီးများကကြည့်ရှပြီးကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်း ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးဆုနှင့် သရုပ်ဖော်ပန်းချီဆုရရှိသောကျောင်းသား/သူများအားဆုချီးမြှင့်သည်။
ဆက်လက်၍တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အထိမ်းအမှတ်ပိုစတာများနှင့် ပြခန်းများပြသထားမှု
အား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်းသတင်းရရှိသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)

