တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့

တနင်္သာရီတိုင်းဒေသကြီး

အစိုးရအဖွဲ့

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV) ထိုးနှံခြင်းဖွင့်ပွဲ အခမ်းအနားသို့တက်ရောက်

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV) ထိုးနှံခြင်းဖွင့်ပွဲ အခမ်းအနားသို့တက်ရောက်

ထားဝယ်   စက်တင်ဘာ ၁၈
“အသက်(၉)နှစ်ပြည့်ပြီး(၁၂)နှစ်မကျော်သောကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV) ကျောင်းအခြေပြု စတင်ထိုးနှံခြင်း ဖွင့်ပွဲအခမ်းအနား ”ကို ယနေ့နံနက် ၉ နာရီခွဲ က တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ကျင်းပသည်။

အခမ်းအနားတွင်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို က အသက်(၉)နှစ်ပြည့်ပြီး(၁၂)နှစ်မကျော်သောကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV)ထိုးနှံပေးခြင်းဖြင့်နောင်တစ်ချိန်မှာသားအိမ်ခေါင်းကင်ဆာရောဂါဖြစ်ပွား မှုကိုကာကွယ်နိုင်မှာဖြစ်ကြောင်း၊ သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံထားပါက နောင်(၅)နှစ်မှ(၈)နှစ်ကြာ သည့်အခါတွင်အသက်(၁၃)နှစ်မှအသက်(၁၉)နှစ် အတွင်းရှိသော မိန်းကလေးများအား သားအိမ်ခေါင်းကင်ဆာဗိုင်းရပ်စ်ပိုး  ကူးစက်မှုနှုန်း(၈၃) ရာခိုင်နှုန်းလျှော့ချနိုင်မှာဖြစ်ပြီး အသက် (၁၅)နှစ်မှ (၁၉)နှစ်အရွယ် မိန်းကလေးများတွင်အဖြစ်များသော  ကနဦးကင်ဆာဖြစ်ပွားမှုနှုန်းကို(၃၁)ရာခိုင်နှုန်းထိလျှော့ချနိုင်မှာဖြစ်ကြောင်း၊ကျောင်းအခြေပြုသားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံခြင်းဆောင်ရွက်ပြီးသည်နှင့်အမျိုးသမီးများတွင် ဖြစ်ပွားမှုအများဆုံးကင်ဆာဖြစ်သောကြောင့် ကာကွယ် ဆေးဖြင့်ကာကွယ်၍ရသောရောဂါဖြစ်ကြောင်း၊သားအိမ်ခေါင်းကင်ဆာရောဂါဖြစ်ပွားသေဆုံးမှုမှလျှော့ချနိုင်ရန်တစ်နိုင်ငံလုံး  အသက်(၉)နှစ်ပြည့်ပြီးအသက်(၁၂)နှစ်မကျော်သောကျောင်းပြင်ပမိန်းကလေးများကိုပါထိုးနှံရန်အတွက်ကျန်းမာရေးဝန်ကြီး ဌာနက စီစဉ်ထားရှိကြောင်း၊ ကျောင်းအခြေပြုသားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးထိုးနှံဆောင်ရွက်အပြီး  ပြည်သူ လူထုအခြေပြုသားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးထိုးနှံမှုကိုအောင်မြင်စွာဆောင်ရွက်နိုင်ရန်အတွက် စီမံအုပ်ချုပ် ရေးအဖွဲ့ အဆင့်ဆင့်နှင့် ရပ်မိရပ်ဖများအပါအဝင် ပြည်သူလူထုများ အားလုံးကကျန်းမာရေးဝန်ကြီးဌာနနှင့် ပေါင်းစပ်ညှိနှိုင်း  ၍အကျုံးဝင်လူဦးရေစာရင်း ကောက်ယူခြင်း၊ကာကွယ်ဆေးထိုးနှံနိုင်ရန် ပြည်သူလူထုအတွင်းသတင်းစကား ပြောကြားခြင်း ၊စည်းရုံးဆောင်ရွက်ခြင်းနှင့်ဆေးထိုးစုရပ်များတွင ်ပူးပေါင်းဆောင်ရွက်ခြင်းများကိုတက်ညီလက်ညီဆောင်ရွက်သွားကြရန်  လိုအပ်ကြောင်း၊အသက်(၉)နှစ်ပြည့်ပြီး(၁၂)နှစ်မကျော်သောကျောင်းသူများကိုသားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) ထိုးနှံခြင်းမှာကာကွယ်ဆေးထိုးလွှမ်းခြုံမှု ရာနှုန်းပြည့်ရရှိနိုင်ရန်အတွက် တာဝန်ရှိသူ အဆင့်ဆင့်ပူးပေါင်းဆောင်ရွက် သွားကြရန်နှင့် အကျုံးဝင်သမီးငယ်များ အားလုံးကိုအပြည့်အဝထိုးနှံပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားကြရန်လိုအပ် ကြောင်းပြောကြားသည်။Tnigov

ထို့နောက်တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးမှူးဒေါက်တာအောင်ငွေစံ က သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ် ဆေးထိုးနှံခြင်းလုပ်ငန်းနှင့်ပတ်သက်၍ရှင်းလင်းတင်ပြပြီး သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV)ထိုးနှံခြင်း အထိမ်းအမှတ် video clip ပြသနေမှု၊  ပြခန်းငယ်ခင်းကျင်းပြသမှုနှင့် ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး (HPV) ထိုးနှံခြင်းတို့ကို တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများ က ကြည့်ရှုအားပေး၍ လက်ဆောင်ပစ္စည်းပေးအပ်ခဲ့ကြောင်းသတင်းရရှိသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)

Tnigov

Tnigov

 

နောက်ဆုံးရ သတင်း