ထားဝယ် စက်တင်ဘာ ၂၂
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင်ဌာနဆိုင်ရာများစုပေါင်း၍ ပြည်သူ့အကျိုးပြုလုပ်ငန်းများ အပတ်စဉ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီး/ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ စုပေါင်း၍ထားဝယ်ပြည်သူ့ဆေးရုံကြီးဝင်းအတွင်း ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပစေရေးအတွက် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထို့နောက်တပ်မတော်တပ်ရင်းတပ်ဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ဌာနဆိုင်ရာအရာထမ်း အမှုထမ်းများတို့က ဆေးရုံကြီးဝင်းအတွင်းစုပေါင်းသန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို၊တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်ဒေါ်ပိုက်ပိုက်အေး၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် ၊ဒုတိယတိုင်းမှူးဗိုလ်မှူးကြီးအောင်မျိုးထွန်းနှင့် တိုင်းဒေသကြီး ဝန်ကြီးများက လှည့်လည်၍ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုနှင့် တာဝန်ရှိသူများ က သူနာပြုသင်တန်းကျောင်းရှိ ပြည်ထောင်စုရန်ပုံငွေဖြင့်တည်ဆောက်ထားသည့် Auditorium ခန်းမဆောင်အားကြည့်ရှုစစ်ဆေးကာ တိုင်းဒေသကြီးပြည်သူ့ကျန်းမာ ရေးဦးစီးမှူးဒေါက်တာအောင်ငွေစံက ဆောင်ရွက်ထားရှိမှုအခြေအနေ များအား ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က သူနာပြုသင်တန်းကျောင်းရှိ သင်တန်းသား/သူများနှင့် ဝန်ထမ်းများ၏နေထိုင် စားသောက်ရေးအဆင်ပြေနိုင်အောင် တိုင်းဒေသကြီးအစိုးရအဖွဲ့က ဆောင်ရွက် ပေးနိုင်ရေးအတွက် လာရောက်ခြင်းဖြစ်ကြောင်း၊ အခြေခံစားသောက်ကုန်ဖြစ်သည့်ဆန်၊ ဆီများကို သက်သာသောဈေးနှုန်းဖြင့်ရောင်းချပေးနိုင်အောင်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်းပြောကြားပြီး ဆန်၊ဆီများဝယ်ယူစားသုံးနိုင်အောင်ရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများ နှင့်ညှိနှိုင်းဆောင်ရွက် ပေးခဲ့သည်။
ဆက်လက်၍တိုင်းဒေသကြီး/ခရိုင်/မြို့နယ်ဌာနဆိုင်ရာများက ဆေးရုံကြီးဝင်းအတွင်း အမှိုက်သရိုက်များ၊ သစ်ပင်ခြုံနွယ်များနှင့်မြက်ပင်များရှင်းလင်းခြင်း၊ ပေါင်းမြက်များနှင့်ခြုံနွယ်ပိတ်ပေါင်းများအား မြက်ခုတ် စက်ဖြင့်ရှင်းလင်းခြင်း၊ အမှိုက်ကားဖြင့်သယ်ယူစွန့်ပစ်ပေးခြင်းထွက်ရှိလာသော အမှိုက်များအား အမှိုက်သိမ်းယာဉ်ဖြင့်သိမ်းဆည်းပြီး စနစ်တကျစွန့်ပစ်ခြင်းများကို စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)

