ထားဝယ် စက်တင်ဘာ ၂၅
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်သူနာပြုသင်တန်းကျောင်း၊ အပတ်စဉ်(၃၀)ဂျူတီကုတ်နှင့် ဦးဆောင်း အပ်နှင်းပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ထားဝယ်မြို့၊ ထားဝယ်သူနာပြုသင်တန်းကျောင်း၊ Auditorium ခန်းမ၌ကျင်းပသည်။
အခမ်းအနားတွင်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက မြန်မာနိုင်ငံတွင် ကျန်းမာရေးစောင့်ရှောက်မှု ပေးရာ၌ အလွန်အရေးပါသော သူနာပြုဆရာ/ဆရာမများအဖြစ် မွေးထုတ်မည့်သူနာပြုဆရာ/ဆရာမ လောင်းလျာများအတွက် အရေးကြီး လှသည့် ဂုဏ်ယူဖွယ်အခမ်းအနားတစ်ခု လည်းဖြစ်ကြောင်း၊ Coating and Capping Ceremory ဆိုသည်မှာ(၃) နှစ်တာ သင်တန်းကာလ၏ သင်တန်းအကြိုကာလ YearI,SemesterIသင်ယူစစ်ဆေးခဲ့ပြီး အောင်မြင်သည့် သူနာပြုသင်တန်းသား /သင်တန်းသူများအတွက် သတ်မှတ်ထားသော အဆောင်အယောင်ဖြစ်သော Duty Coat နှင့် ဦးဆောင်းကိုအပ်နှင်း ချီးမြှင့်သည့် မင်္ဂလာရှိလှသည့် အခမ်းအနား ဖြစ်ကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့်ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်များဖြစ်သည့်သူနာပြု၊သားဖွားများနှင့် ဆေးဘက်ဆိုင်ရာပညာရှင်များကို လေ့ကျင့် မွေးထုတ်ပေးရာတွင် ပြည်သူလူထု အားအရည်အသွေးပြည့်ဝသောကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန် နိုင်ငံတော်၏ လိုအပ်ချက်နှင့်အညီလေ့ကျင့် မွေးထုတ် လျက်ရှိကြောင်း၊ ကျန်းမာရေးဌာနအောက်တွင် သူနာပြုတက္ကသိုလ်(၂)ခုကိုထူထောင်ခဲ့ပြီး သူနာပြုသိပ္ပံဘွဲ့(B.N.Sc)အပြင် သူနာပြုမဟာသိပ္ပံဘွဲ့ (M.N.Sc)၊သူနာပြုပါရဂူဘွဲ့(Ph.d)ကိုပါ အပ်နှင်းနိုင်ပြီဖြစ်ကြောင်း၊ သူနာပြုနှင့်သားဖွား ဒီပလိုမာ သင်တန်းကျောင်းကိုလည်း (၅၀)ကျောင်းအထိ တိုးချဲ့ဖွင့်လှစ်ပေးခဲ့ပြီဖြစ်ကြောင်း၊ နိုင်ငံရပ်ခြားနှင့် ဆက်သွယ်အကူအညီယူပြီး အဆင့်မြင့်သူနာပြုအတတ်ပညာများကို ထပ်လောင်းသင်ကြားပေးလျက် ရှိကြောင်း၊ နိုင်ငံတော်ကအရည်အသွေးပြည့်မှီ သောကျန်းမာရေးစောင့်ရှောက်မှုနှင့် အဆင့်အတန်း မြင့်မားစေရေး ဆောင်ရွက်ရာတွင်ပြည်သူများအားထားရသည့် အရည်အချင်းရှိသော ဘက်စုံတော်သည့် သူနာပြုကောင်းများလေ့ကျင့်မွေးထုတ်ပေးရမှာဖြစ်ကြောင်း၊ မိမိတို့၏ အသက်မွေးဝမ်းကြောင်းအတတ် ပညာရပ်ဖြစ်သော သူနာပြုပညာရပ်ကိုမွန်မြတ်သောလုပ်ငန်းအဖြစ် ရေရှည်အောင်မြင်စေရန်အတွက် အထူးအလေးထားကြိုးစားဆောင်ရွက်ကြပါရန် နှင့် ဖလော့ရင့်နိုက်တင်ဂေးကဲ့သို့ သူနာပြုများများစွာ ပေါ်ထွန်းလာပါစေကြောင်း ပြောကြားသည်။
ထို့နောက်တိုင်းဒေသကြီးကုသရေးဦးစီးမှူး၊ထားဝယ်သူနာပြုသင်တန်းကျောင်း (စီမံ-ဥက္ကဌ) ဒေါက်တာ အောင်ငွေစံက အမှာစကားပြောကြားပြီး ထားဝယ်သူနာပြုသင်တန်းကျောင်း၊ကျောင်းအုပ်ကြီး ဒေါ်သင်းသင်းလှိုင်က(Coating and Capping )နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားကာ တာဝန်ရှိသူများ က အပတ်စဉ် (၃၀) သင်တန်းသား/သူ(၄၆)ဦးအား ဂျူတီကုတ်အင်္ကျီနှင့်ဦးဆောင်းအပ်နှင်းသည်။
ဆက်လက်၍ကျောင်းအုပ်ကြီး၊ ကျောင်းအုပ်(စီမံ)နှင့် ကျောင်းအုပ်(သင်ကြား)တို့ထံမှ လက်ဆင့်ကမ်း ဆီမီးတိုင်များကို ထွန်းညှိ၍ သူနာပြုသစ္စာအဓိဌာန်ရွတ်ဆိုပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ထောက်ပံ့ ငွေကျပ်(၅)သိန်းအား ပေးအပ်ကာ (ပထမ၊ ဒုတိယ၊ တတိယ)ပညာရည်ချွန်ဆုရရှိသူများအား ဆုချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)

