တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့

တနင်္သာရီတိုင်းဒေသကြီး

အစိုးရအဖွဲ့

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အခမ်းအနား သို့တက်ရောက်

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အခမ်းအနား သို့တက်ရောက်

ထားဝယ်       အောက်တိုဘာ ၁
၂၀၂၃ ခုနှစ်၊ သက်ကြီးသူများဘဝသာယာဖို့ သက်ရွယ်စုံညီပါဝင်လို့ ဝိုင်းဝန်းဖြည့်ဆည်း ကြပါစို့ဟူသော ဆောင်ပုဒ်နှင့်အညီ အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီ က တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ သာသနာ့ဗိမာန်တော်၌ ကျင်းပကြောင်းသိရသည်။
ရှေးဦးစွာတက်ရောက်လာသော ဧည့်သည်တော်များက  အဘိုးအဘွားများအား ကန်တော့ ကျိုးဖြင့် ရှိခိုးကန်တော့ကြသည်။

TNI

အခမ်းအနားတွင် တိုင်းဒေသကြီး သက်ကြီးရွယ်အိုများဆိုင်ရာကော်မတီ နာယက၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို က ကမ္ဘာအရပ်ရပ်မှာရှိသော သက်ကြီးရွယ်အိုများ၏ လူမှုစီးပွားရေးဘဝ ဖွံ့ဖြိုးတိုးတက်စေရန် ကုလသမဂ္ဂအဖွဲ့ကြီးက နှစ်စဉ်အောက်တိုဘာလ (၁)ရက်နေ့ ကို အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့ ဟု သတ်မှတ်ထားခဲ့ကြောင်း၊ မိမိတို့  မြန်မာ့လူ့အဖွဲ့အစည်းသည် ရှေးအစဉ်အလာအဆက်ဆက်ကတည်းက သက်ကြီး ဘိုးဘွားများ ကို လေးစားတန်ဖိုးထားတတ်ကြပြီး သားသမီး၊ မြေးမြစ်များက အတူနေထိုင် ပြုစုစောင့်ရှောက် တတ်ကြသည့် အစဉ်အလာအားဖြင့်မှတ်ယူခဲ့ကြောင်း၊ သက်ကြီးဘိုးဘွားပြုစု စောင့်ရှောက်ရေး အတွက် မိသားစုအဆင့်နှင့် ရပ်ရွာအဆင့်စနစ်များကို ပိုမိုခိုင်မာအားကောင်းလာအောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးကြရန်လိုအပ်ကြောင်း၊ သက်ဆိုင်ရာအစိုးရအဖွဲ့အစည်းများ အနေဖြင့် ဘိုးဘွားများဖြတ်သန်းကြုံတွေ့လာခဲ့ရသည့်အတွေ့အကြုံ ပညာရပ်နှင့်ဗဟုသုတများ သည်တန်ဖိုးမဖြတ်နိုင်သော အရာများဖြစ်ပြီး အတွေ့အကြုံနှင့်ပညာရပ်များကို အနာဂါတ် မျိုးဆက်သစ်များအတွက် လက်ဆင့်ကမ်းမျှဝေပေးနိုင်ရန်နှင့် သက်ကြီးဘိုးဘွားများ၏ အတွေ့အကြုံများ၊ ပညာရပ်များကိုအသုံးချနိုင်ရန် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေး သွားရမှာဖြစ်ကြောင်း၊ သက်ကြီးဘိုးဘွားများ၏ဘဝ အမှန်တကယ်လုံခြုံမှုရှိရေးနှင့် သက်ကြီး ဘိုးဘွားများ၏ စွမ်းအားကို နိုင်ငံတော်တည်ဆောက်ရေးဖြစ်စဉ်မှာ ထည့်သွင်းအသုံးပြုသွား နိုင်ရေးအတွက် အခွင့်အလမ်းဖန်တီးပေးဆောင်ရွက်သွားရမှာဖြစ်ကြောင်း ပြောကြားသည်။

TNI

ထို့နောက်တိုင်းဒေသကြီးအစိုးရအဖွဲ့ က အဘိုး/အဘွားများအား အလှူငွေနှင့် ကန်တော့ ပစ္စည်းများပေးအပ်ပြီး ဘိုးဘွားများကိုယ်စား အဘိုးတစ်ဦးကကျေးဇူးတင်စကား ပြန်လည် ပြောကြားကာ ဘိုးဘွားများအား ပြည်သူ့ကျန်းမာရေးဦးစီးဌာန က ကျန်းမာရေးစောင့်ရှောက်မှု ပေးသည်။
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့က အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့ အထိမ်းအမှတ်အဖြစ် ကန်တော့ခံ အဘိုး/အဘွား(၃၅)ဦးအပါအဝင် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ ဘိုးဘွား(၉၅)ဦးအတွက် တစ်ဦးလျှင်ကန်တော့ငွေနှင့် ကန်တော့ပစ္စည်းစုစုပေါင်း တန်ဘိုးကျပ်(၁)သိန်းနှုန်းဖြင့် လည်းကောင်း၊ တိုင်းဒေသကြီး အတွင်းရှိအသက်အကြီးဆုံး (၃)ဦးအတွက် တစ်ဦးလျှင်ကျပ်(၂)သိန်းနှုန်းဖြင့်လည်းကောင်း၊ စုစုပေါင်းလှူဒါန်းငွေကျပ် (၁၀၁)သိန်းဖြစ်ကြောင်းသတင်းရရှိသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)


TNI

နောက်ဆုံးရ သတင်း