ထားဝယ် အောက်တိုဘာ ၅
တနင်္သာရီတိုင်းဒေသကြီး ၂ဝ၂၃ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့အခမ်းအနားနှင့် မြတ်ဆရာပူဇော်ပွဲ အခမ်းအနားကိုယနေ့ နံနက် ၉ နာရီ က ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ကျင်းပသည်။
ရှေးဦးစွာထားဝယ်မြို့နယ် ရမ္မဇူဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှ ကျောင်းသား/သူများက ပြည့်စုံလှစွာ ဆရာ့မေတ္တာသီချင်းဖြင့်လည်းကောင်း၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူများ က “ မြတ်ဆရာ”သီချင်းဖြင့်လည်းကောင်း ဂုဏ်ပြုသီဆိုဖွင့်လှစ်ခဲ့သည်။
အခမ်းအနားတွင်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ကမ္ဘာ့ဆရာများနေ့ အထိမ်းမအမှတ်အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက ဖတ်ကြားပြီး ကုလသမဂ္ဂလက်အောက်ခံအဖွဲ့(၅)ဖွဲ့၏ အဖွဲ့ခေါင်းဆောင်များကပေးပို့သည့် စုပေါင်းသဝဏ်လွှာကို တိုင်းဒေသကြီးပညာရေးမှူးရုံး၊ ညွှန်ကြားရေးမှူးဦးဝင်းနောင်က ဖတ်ကြားခဲ့သည်။
ထို့နောက်အပူဇော်ခံဆရာကြီး/ဆရာမကြီးများ ကိုယ်စားဆရာကြီးတစ်ဦးက မေတ္တာစကား ချီးမြှင့်ပြီး အမှတ်(၃)အခြေခံ ပညာ အထက်တန်းကျောင်း မှကျောင်းသား/သူများ က “ခု၊ ဆယ်၊ ရာ၊ ထောင်၊ သောင်း၊ သိန်း၊ သန်း ၊ ကုဋေ" သီချင်း ဖြင့် သီဆိုတင်ဆက်ဖျော်ဖြေသည်။
ဆက်လက်၍တိုင်းဒေသကြီးဝန်ကြီးချုပ် ၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်နှင့် ဝန်ကြီးများက ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်ထူးချွန်ဆရာဆု၊ စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲတွင် ဆုရကျောင်းသား/ကျောင်းသူ များအား ဆုများအသီးသီးပေးအပ်ချီးမြှင့်ကာ ကျောင်းသား/သူများ က “ မြတ်ဆရာ ”သီချင်းဖြင့် သီဆိုဂုဏ်ပြုခဲ့ကြ သည်။
ဆက်လက်၍ တာဝန်ရှိသူများက မြတ်ဆရာတို့၏ ဂုဏ်ကျေးဇူးကို ထုတ်ဖော်တင်ပြကြပြီး အငြိမ်းစားဆရာကြီး၊ ဆရာမကြီးများအား ကန်တော့ပစ္စည်းများပေးအပ်ကာဆရာကြီး၊ ဆရာမကြီး များက ဆုံးမသြဝါဒစကားပြောကြား ခဲ့ကြောင်းသတင်းရရှိသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)

