တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့

တနင်္သာရီတိုင်းဒေသကြီး

အစိုးရအဖွဲ့

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို တိုင်းဒေသကြီးလက်ဝှေ့အဖွဲ့အားဂုဏ်ပြုပွဲအခမ်းအနား သို့တက်ရောက်

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို တိုင်းဒေသကြီးလက်ဝှေ့အဖွဲ့အားဂုဏ်ပြုပွဲအခမ်းအနား သို့တက်ရောက်

ထားဝယ်     အောက်တိုဘာ ၁၃

 

(၄၉)ကြိမ်မြောက်ပြည်နယ်နှင့်တိုင်းဒေသကြီးလက်ဝှေ့ပြိုင်ပွဲတွင် တံခွန်စိုက်ဒိုင်းဆုဆွတ်ခူးရရှိခဲ့သော တနင်္သာရီတိုင်းဒေသကြီးလက်ဝှေ့အဖွဲ့အား ဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့မွန်းလွဲ၁နာရီကထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ကျင်းပသည်။

 

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက တိုင်းဒေသကြီးအနေဖြင့် လက်ဝှေ့ကစား နည်းတွင် မြန်မာ့လက်ရွေးစင်အားကစားသမားများ မွေးထုတ်ပေးနိုင်သော အစဉ်အလာရှိသည့် တိုင်း တစ်ခုဖြစ်ကြောင်း၊တိုင်းဒေသကြီးအတွင်း မြန်မာ့လက်ရွေးစင်အမျိုးသမီးလက်ဝှေ့သမားများ ဖြစ်လာ နိုင်မည့် အားကစားသမားများသည် မြို့နယ်များတွင်ရှိသော လက်ဝှေ့လေ့ကျင့်ရေးစခန်းများ၊ အားကစားနှင့်ကာယပညာသိပ္ပံကျောင်းအသီးသီးတွင် နေ့စဉ်သင်ကြားလေ့ကျင့်လျှက်ရှိနေပြီဖြစ်ကြောင်း၊ ၂၀၂၂ခုနှစ်တွင် ကျင်းပသောပြည်နယ်နှင့်တိုင်းဒေသကြီး လက်ဝှေ့ပြိုင်ပွဲတွင် အမျိုးသမီး အသင်းအနေဖြင့် ရွှေ(၃)ခု အမျိုးသမီးတံခွန်စိုက်ဆုဖလား၊ ၂၀၂၃ ခုနှစ်တွင်ရွှေ(၅)ခု၊ ကြေး(၄)ခုနှင့် အမျိုးသမီးတံခွန်စိုက် ဆုဖလား၊ စုပေါင်းတံခွန်စိုက်ဆုဖလားတို့ကို အစဉ်အလာမပျက် (၆)ကြိမ် ဆက်တိုက်ဆွတ်ခူးနိုင်ခဲ့ခြင်း ဖြစ်ကြောင်း၊ တိုင်းဒေသကြီးလက်ဝှေ့အဖွဲ့အား တိုင်းဒေသကြီးအစိုးရအဖွဲ့ အနေဖြင့်သော်လည်းကောင်း၊ တိုင်းဒေသကြီးအတွင်းမှာရှိသော ပြည်သူလူထုများ၏ ကိုယ်စားသော်လည်းကောင်း များစွာနှစ်ထောင်း အားရချီးကျူးဂုဏ်ပြုပါကြောင်း၊  တိုင်းဒေသကြီးလက်ဝှေ့အဖွဲ့အနေဖြင့် ရရှိပြီးသော  အောင်မြင်မှုများ ကိုအနာဂါတ်သို့တိုင်အောင် ထိန်းသိမ်းသယ်ဆောင် သွားနိုင်ရန်အတွက်မလျော့သောဇွဲ၊ လုံ့လ၊ ဝီရိယ၊ အားမာန်၊ စိတ်ဓါတ်များဖြင့် ဆက်လက်ကြိုးပမ်းအားထုတ်သွားကြရန်၊ တရားသဖြင့်ယှဉ်ပြိုင်၊ နိုင်အောင် ကြိုးပမ်းယှဉ်ပြိုင်လျှင် နိုင်ရမည်ဆိုတဲ့ ဆောင်ပုဒ်များကို လက်ကိုင်ထားပြီး တိုင်းဂုဏ်ဆောင် နိုင်ငံ့ ဂုဏ်ဆောင် အားကစားသမားကောင်းများဖြစ်အောင် ကြိုးစားသွားကြရန်လိုအပ်ကြောင်း ပြောကြား သည်။


Tnigov

ထို့နောက် တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးဦးစိုးမိုးနိုင်က အောင်နိုင် ရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ခဲ့သည့် အခြေအနေအား ရှင်းလင်းတင်ပြပြီး တာဝန်ရှိသူများက ရရှိလာသော ဆုဖလားများအား တိုင်းဒေသကြီးဝန်ကြီးချုပ်ထံအပ်နှံသည်။

 

ဆက်လက်၍တိုင်းဒေသကြီးအစိုးရအဖွဲ့က အုပ်ချုပ်/နည်းပြ/ဒိုင်အဖွဲ့အား ဂုဏ်ပြုဆုငွေကျပ်(၁၈)သိန်း၊ (၅၀)ကီလိုတန်း ပြိုင်ပွဲတွင်(ရွှေ)တံဆိပ်ဆွတ်ခူးရရှိသောမအေးအေးပြည့်အားဂုဏ်ပြုဆုငွေကျပ်(၆)သိန်း၊ (၅၂)ကီလိုတန်းပြိုင်ပွဲတွင်(ရွှေ) တံဆိပ်ဆွတ်ခူးရရှိသောမအေးသီရီကျော်အားဂုဏ်ပြုဆုငွေကျပ်(၆)သိန်း၊ (၅၄)ကီလိုတန်းပြိုင်ပွဲတွင်(ရွှေ)တံဆိပ်ဆွတ်ခူး ရရှိသောမထက်ထက်ဝင်းအားဂုဏ်ပြုဆုငွေကျပ်(၆)သိန်း၊ (၆၀)ကီလိုတန်းပြိုင်ပွဲတွင်(ရွှေ)တံဆိပ်ဆွတ်ခူးရရှိသော မထားထားနွယ်အားဂုဏ်ပြုဆုငွေကျပ်(၆)သိန်း၊ (၄၆)ကီလိုတန်းပြိုင်ပွဲတွင်(ရွှေ)တံဆိပ်ဆွတ်ခူးရရှိသော မအေးအေးမှု အား ဂုဏ်ပြုဆုငွေကျပ်(၆)သိန်း၊ (၅၇)ကီလိုတန်း ပြိုင်ပွဲတွင်(ကြေး)တံဆိပ်ဆွတ်ခူးရရှိသော မသန္တာဖြိုးအား ဂုဏ်ပြုဆုငွေကျပ် (၁)သိန်း၊ အမျိုးသမီးအကောင်းဆုံးလက်ဝှေ့သမားဆုရရှိသည့်မအေးအေးပြည့်အား ဂုဏ်ပြုဆုငွေကျပ်(၂)သိန်းနှင့် ကြေးတံဆိပ်ဆုရရှိသည့် အမျိုးသား(၃)ဦးအားတစ်ဦးလျှင်(၁)သိန်းစီ အားလည်းကောင်း၊ တိုင်းဒေသကြီး အမျိုးသမီးရေးရာ နှင့်မိခင်နှင့် ကလေးအဖွဲ့က ဆုရအားကစားသမားများအား ဂုဏ်ပြုဆုငွေ(၂)သိန်းကျပ် အားလည်းကောင်း၊ လက်ဝှေ့ဆပ်ကော်မတီက ဂုဏ်ပြုဆုငွေ(၁၀)သိန်းကျပ်အားလည်းကောင်း၊ အသီးသီး ပေးအပ်ချီးမြှင့်ပြီး ဆုရအားကစားသမားများကိုယ်စား လက်ဝှေ့အသင်းအဖွဲ့ခေါင်းဆောင်ဦးသန့်ဇော်မိုးက ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)

Tnigov

Tnigov

Tnigov

နောက်ဆုံးရ သတင်း