တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့

တနင်္သာရီတိုင်းဒေသကြီး

အစိုးရအဖွဲ့

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို ၂၀၂၃ခုနှစ်၊ (၁၃)ကြိမ်မြောက် စုပေါင်းမဟာ ဘုံကထိန်အလှူတော် မင်္ဂလာအခမ်းအနား ကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို ၂၀၂၃ခုနှစ်၊ (၁၃)ကြိမ်မြောက် စုပေါင်းမဟာ ဘုံကထိန်အလှူတော် မင်္ဂလာအခမ်းအနား ကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်

ထားဝယ်     အောက်တိုဘာ ၁၆

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ကကြီးမှူးကျင်းပမည့် ၂၀၂၃ ခုနှစ်၊ (၁၃)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာအခမ်းအနားကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၉ နာရီ က ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ကျင်းပသည်။

အစည်းအဝေးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို က စုပေါင်းမဟာဘုံကထိန် အလှူတော် မင်္ဂလာအခမ်းအနားသည် နှစ်စဉ်နှစ်တိုင်းပြုလုပ်ကျင်းပနေသော ဘာသာရေး အခမ်းအနားဖြစ်သောကြောင့် မြန်မာ့ဓလေ့ထုံးတမ်း အစဉ်အလာနှင့်အညီ စည်ကားသိုက်မြိုက် စွာဖြင့် ပျော်ပျော်ရွင်ရွင်ဖြစ်အောင်ကျင်းပ ပြုလုပ်နိုင်ရေးအတွက် အစည်းအဝေးခေါ်ယူရခြင်း ဖြစ်ကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဌာနဆိုင်ရာများနှင့် ပြည်သူလူထုများဖြင့် ပူးပေါင်းလုပ်ဆောင်ရသောအလှူတော်မင်္ဂလာဖြစ်ကြောင်း၊ သံဃာတော်များကြိုဆို ပင့်ဆောင် ရမည့်လုပ်ငန်း၊ ပဒေသာပင်များ လှည့်လည်ပူဇော်မည့်လုပ်ငန်း၊ သံဃာတော်များအား ဆွမ်းဆက်ကပ် ရေးနှင့် ဧည့်သည်များအားကျွေးမွေးဧည့်ခံရေးလုပ်ငန်း၊ ပဒေသာပင်များအား မဲဖောက်ပေးရေးနှင့်ပို့ဆောင်ရမည့် လုပ်ငန်းများအားစည်စည်ကားကားဖြစ်အောင် ဌာနဆိုင်ရာ များအနေဖြင့် လုပ်ငန်းကော်မတီအလိုက် ဝိုင်းဝန်းအကြံပြုဆွေးနွေးပေးစေလိုကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ထားဝယ်ဒေသတွင် ဘာသာသာသနာရေးပွဲတော်များအား အတိုင်းအတာတစ်ခုအထိဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

Tnigov

ထိုနောက်လုပ်ငန်းကော်မတီဝင်များက အခမ်းအနားပြင်ဆင်ရေးလုပ်ငန်း၊ ဘဏ္ဍာငွေ ဆိုင်ရာနှင့် ပဒေသာပင်လှူဒါန်းရေးဆိုင်ရာလုပ်ငန်း၊ သံဃာ့တော်များပင့်ဆောင်ရေး၊ ပဒေသာပင် နှင့်လှူဖွယ်ဝတ္ထုပစ္စည်းများလက်ခံဆက်ကပ်ရေးလုပ်ငန်း၊ ပဒေသာပင်များနေရာချထားရေး၊ ထိန်းသိမ်းရေးနှင့်ပို့ဆောင်ရေးလုပ်ငန်း၊ ဖိတ်ကြားရေး၊ ပြန်ကြားရေးနှင့် သတင်းထုတ်ပြန်ရေး လုပ်ငန်း၊ ကျန်းမာရေးနှင့်လုံခြုံရေးလုပ်ငန်း၊ ပဒေသာပင်များလှည့်လည်ပူဇော်နိုင်ရေးလုပ်ငန်း၊ ဆွမ်းဆက်ကပ်လှူဒါန်းနိုင်ရေး၊ ချက်ပြုတ်ရေးနှင့်ဧည့်ခံကျွေးမွေးရေးလုပ်ငန်း စသည့်တို့ကို ရှင်းလင်းဆွေးနွေးတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆွေးနွေးတင်ပြချက်များအပေါ်တွင် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)

Tnigov

Tnigov

Tnigov

နောက်ဆုံးရ သတင်း