တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့

တနင်္သာရီတိုင်းဒေသကြီး

အစိုးရအဖွဲ့

ထားဝယ်မြို့အောက်ဆီဂျင်စက်ရုံတည်ဆောက်ရေး အောက်ဆီဂျင်စက်ရောက်ရှိမှုအား တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများကြည့်ရှု့စစ်ဆေး

ထားဝယ်မြို့အောက်ဆီဂျင်စက်ရုံတည်ဆောက်ရေး အောက်ဆီဂျင်စက်ရောက်ရှိမှုအား တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများကြည့်ရှု့စစ်ဆေး ထားဝယ်မြို့အောက်ဆီဂျင်စက်ရုံတည်ဆောက်ရေး အောက်ဆီဂျင်စက်ရောက်ရှိမှုအား တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများကြည့်ရှု့စစ်ဆေး ထားဝယ်မြို့အောက်ဆီဂျင်စက်ရုံတည်ဆောက်ရေး အောက်ဆီဂျင်စက်ရောက်ရှိမှုအား တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများကြည့်ရှု့စစ်ဆေး ထားဝယ်မြို့အောက်ဆီဂျင်စက်ရုံတည်ဆောက်ရေး အောက်ဆီဂျင်စက်ရောက်ရှိမှုအား တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများကြည့်ရှု့စစ်ဆေး ထားဝယ်မြို့အောက်ဆီဂျင်စက်ရုံတည်ဆောက်ရေး အောက်ဆီဂျင်စက်ရောက်ရှိမှုအား တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများကြည့်ရှု့စစ်ဆေး ထားဝယ်မြို့အောက်ဆီဂျင်စက်ရုံတည်ဆောက်ရေး အောက်ဆီဂျင်စက်ရောက်ရှိမှုအား တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများကြည့်ရှု့စစ်ဆေး ထားဝယ်မြို့အောက်ဆီဂျင်စက်ရုံတည်ဆောက်ရေး အောက်ဆီဂျင်စက်ရောက်ရှိမှုအား တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများကြည့်ရှု့စစ်ဆေး

ထားဝယ်             သြဂုတ် ၁၄
တနင်္သာရီတိုင်းဒေသကြီးထားဝယ်မြို့တွင် ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာများအပါအဝင် အောက်ဆီဂျင်လိုအပ်သောလူနာများအတွက် အရေးပေါ် အောက်ဆီဂျင်လုံလောက်မှုရရှိစေရန်ရည်ရွယ်လျက်တစ်ရက်လျှင် (၄၀)လီတာဆံ့အောက်ဆီဂျင်အိုးအလုံး(၂၀၀)အထိထုတ်လုပ်နိုင်သည့်အောက်ဆီဂျင်စက်ကို တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့၏အစီအစဉ်ဖြင့်ဝယ်ယူဆောင်ရွက်လျက်ရှိရာယနေ့နံနက် ၉ နာရီအချိန်တွင်ထားဝယ်မြို့၊ ကမြောကင်း လမ်း၊ တိုင်းဒေသကြီးလွှတ်တော်ရုံးအနောက်ဘက် ၊  တည်ဆောက်ရေးလုပ်ငန်းနေရာသို့ရောက်ရှိပြီးဖြစ်ကြောင်းသိရသည်။

အဆိုပါစက်ရောက်ရှိရာနေရာသို့တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမြတ်ကို ၊  ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ်၊ဒုတိယတိုင်းမှူးဗိုလ်မှူးချုပ်သစ်လွင်ထူး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်တာဝန်ရှိသူများ က သွားရောက်ကြည့်ရှု့စစ်ဆေးခဲ့ကြရာအောက်ဆီဂျင်စက်တည်ဆောက်ရေးကုမ္ပဏီတာဝန်ခံဦးမျိုးလွင် က တနင်္သာရီ တိုင်းဒေသကြီးထားဝယ်မြို့တွင်တည်ဆောက်လျက်ရှိသည့်အောက်ဆီဂျင်စက်ရုံအတွက်အောက်ဆီဂျင်စက်မှာ တရုတ် နိုင်ငံထုတ် NZO-  60 NM3 အမျိုးအစားဖြစ်ကြောင်း တစ်ရက်လျှင်အောက်ဆီဂျင်လီတာ(၄၀)ဆံ့အိုး(၂၀၀)အထိ ထုတ်လုပ် နိုင်မည်ဖြစ်ပါကြောင်းရှင်းလင်းတင်ပြရာတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမြတ်ကို က အောက်ဆီဂျင်စက် တည်ဆောက်ရေးလုပ်ငန်းများအလျင်အမြန်ဆောင်ရွက်နိင်ရေး သက်ဆိုင်ရာကုမ္ပဏီနှင့်တည်ဆောက်ရေး ကော်မတီများ အနေဖြင့်လည်းကောင်း၊စက်တပ်ဆင်ပြီးပါကအောက်ဆီဂျင်ထုတ်လုပ်ပြီးအောက်ဆီဂျင်လိုအပ်သည့်လူနာများအားအမြန်ဆုံးဖြန့်ဝေပေးနိုင်ရေးအတွက်တိုင်းဒေသကြီးကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီအနေဖြင့် လည်းကောင်းဝိုင်းဝန်းဆောင်ရွက်ပေးကြရန်နှင့်အောက်ဆီဂျင်စက်ထုတ်လုပ်နိုင်ပြီးဆိုပါကအောက်ဆီဂျင်ဖြန့်ဝေသည့် လုပ်ငန်းများကိုစနစ်တကျဖြင့်အချိန်နှင့်တပြေးညီဆောင်ရွက်နိုင်ရေးကြိုတင်စီစဉ်ဆောင်ရွက်ထားရှိကြရန် တာဝန်ရှိသူ အသီးသီးတို့အားလမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။

အဆိုပါအောက်ဆီဂျင်စက်ရုံတည်ဆောက်ရေးအတွက်အောက်ဆီဂျင်စက်ကို တနင်္သာရီတိုင်းဒေသကြီးအစိုးရ အဖွဲ့ခွင့်ပြုရန်ပုံငွေဖြင့်လည်းကောင်း ၊ ပင်မ အဆောက် အဦ(ပေ ၃၀× ပေ ၆၀)ကိုတိုင်းဒေသကြီးဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်း က တာဝန်ယူဆောက်လုပ်လှူဒါန်း ခြင်းဖြင့်လည်းကောင်း၊ အုပ်ချုပ်မှုအဆောက်အဦ(၁)လုံး(ပေ ၄၀× ပေ ၁၈)အား တိုင်းဒေသကြီးငါးဆရာများအဖွဲ့ က တာဝန်ယူ ဆောက်လုပ်လှူဒါန်းခြင်းဖြစ် လည်းကောင်းဆောင်ရွက် လျက်ရှိပြီးစက်ရုံတည်ဆောက်ပြီးရေးအတွက်သက်ဆိုင်ရာတာဝန်ရှိသူများ ကလည်းအချိန်နှင့်တပြေးညီကြိုးပမ်း အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်းသိရှိရသည် သွားမည်ဖြစ်ကြောင်းသိရှိရသည်။
(တိုင်းဒေသကြီးပြန်/ဆက်)

 

နောက်ဆုံးရ သတင်း