တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့

တနင်္သာရီတိုင်းဒေသကြီး

အစိုးရအဖွဲ့

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို ဗဟိုအဆင့်ပြိုင်ပွဲတွင် သွားရောက်ယှဉ်ပြိုင်မည့် တိုင်းဒေသကြီးကိုယ်စားပြုအဆို၊အက၊ အရေး၊ အတီးအဖွဲ့အားကြည့်ရှုအားပေး

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို ဗဟိုအဆင့်ပြိုင်ပွဲတွင် သွားရောက်ယှဉ်ပြိုင်မည့် တိုင်းဒေသကြီးကိုယ်စားပြုအဆို၊အက၊ အရေး၊ အတီးအဖွဲ့အားကြည့်ရှုအားပေး

ထားဝယ်   အောက်တိုဘာ ၁၇

 

နေပြည်တော်တွင်ကျင်းပပြုလုပ်မည့် ၂၀၂၃ ခုနှစ်(၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲဗဟိုအဆင့်ပြိုင်ပွဲတွင်သွားရောက်ယှဉ်ပြိုင်မည့် တနင်္သာရီတိုင်း ဒေသကြီးကိုယ်စားပြုအဆို၊ အက၊ အရေး၊ အတီးအဖွဲ့သည် ထားဝယ်မြို့၊ ကွန်ပျူတာတက္ကသိုလ် (ထားဝယ်)ရှိ အဆောင်များ၌  စခန်းသွင်းလေ့ကျင့်လျက်ရှိရာ ယနေ့မွန်းလွဲပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို၊  တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီး ချုပ်နှင့်အစိုးရအဖွဲ့ဝန်ကြီးများက လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။tni

ထို့နောက်တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက (၂၄)ကြိမ်မြောက် မြန်မာ့ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ တွင် အခြေခံပညာအဆင့်အသက်(၁၀-၁၅)နှစ်၊ (၁၅-၂၀)နှစ်၊  အဆင့်မြင့်ပညာ အဆင့်၊ ဝါသနာရှင် အဆင့်တို့တွင် ပြိုင်ပွဲဝင်များ၏ စခန်းသွင်း လေ့ကျင့်နေမှုများကို ကြည့်ရှုအားပေး သည်။


tni

ဆက်လက်၍တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက ဗဟိုအဆင့်ပြိုင်ပွဲတွင် သွားရောက် ယှဉ်ပြိုင် မည့် တိုင်းဒေသကြီးကိုယ်စားပြုအဆို၊အက၊အရေး၊အတီးအဖွဲ့အား တိုင်းဒေသကြီး အစိုးရအဖွဲ့ အနေဖြင့် လိုအပ်သည်များကိုဖြည့်စည်းပေးနိုင်ရန်အတွက် လာရောက်ရခြင်းဖြစ်ကြောင်း၊ မကြာခင် စခန်းသွင်းလေ့ကျင့်ချိန်ပြီးစီးမှာဖြစ်သည့်အတွက် လေ့ကျင့်နေချိန်တွင် ပင်ပမ်းစွာဖြင့် အားကြိုးမာန်တက်လေ့ကျင့်နေသည်ကိုတွေ့ရကြောင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ပြိုင်ပွဲများအားလုံး တိုင်းဒေသကြီးဂုဏ်ဆောင်ပြီး အကောင်းဆုံးယှဉ်ပြိုင်မည်ဟု ယုံကြည် ကြောင်း၊  သွားရောက်ယှဉ်ပြိုင်သည့်အခါတွင် သွားလာနေထိုင်ရေး၊ အစားအသောက်နှင့် ကျန်းမာရေး ဂရုစိုက်ကြရန်လိုအပ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း(၁၀)မြို့နယ်ရှိ ပြိုင်ပွဲဝင် အားလုံးစုပေါင်းပြီး သွားရောက်ရမှာဖြစ်သောကြောင့် ညီအစ်ကိုမောင်နှမရင်းသဖွယ် တစ်ဦးနှင့် တစ်ဦးချစ်ချစ်ခင်ခင်စည်လုံးညီညွတ်စွာဖြင့် သွားရောက်ရန် လိုအပ်ကြောင်း၊  ပြိုင်ပွဲဝင်များ အားလုံး အကောင်းဆုံးယှဉ်ပြိုင်ခဲ့ပြီး ကျန်းမာရေးအပါအဝင်ညီညွတ်စွာဖြင့် ဆောင်ရွက်ကြရန် လိုအပ်ကြောင်းပြောကြားသည်။


tni

tni

tni

ထို့နောက်တိုင်းဒေဿကြီးအစိုးရအဖွဲ့ကစခန်းသွင်းလေ့ကျင့်နေသူများအား ထောက်ပံ့ငွေ ကျပ်(၁၀)သိန်းပေးအပ်ပြီး ဗဟိုအဆင့်ပြိုင်ပွဲတွင် သွားရောက်ယှဉ်ပြိုင်မည့် တိုင်းဒေသကြီး ကိုယ်စားပြုအဆို၊အက၊ အရေး၊ အတီးအဖွဲ့အား ရင်းရင်းနှီးနှီးလိုက်လံနူတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။

 

တိုင်းဒေသကြီး(ပြန်/ဆက်)

နောက်ဆုံးရ သတင်း