တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့

တနင်္သာရီတိုင်းဒေသကြီး

အစိုးရအဖွဲ့

ထားဝယ်မြို့တွင် ကလေးလုပ်သားစစ်တမ်း(၂၀၂၂-၂၀၂၃)အစီရင်ခံစာမိတ်ဆက်ပွဲ အခမ်းအနား ကျင်းပ

ထားဝယ်မြို့တွင် ကလေးလုပ်သားစစ်တမ်း(၂၀၂၂-၂၀၂၃)အစီရင်ခံစာမိတ်ဆက်ပွဲ အခမ်းအနား ကျင်းပ

ထားဝယ်     အောက်တိုဘာ ၁၇

 

အစားအစာထုတ်လုပ်ခြင်းနှင့်လက်ကား၊ လက်လီရောင်းဝယ်ရေး၊ မော်တော်ယာဉ်နှင့်မော်တော် ဆိုင်ကယ်ပြင်ဆင်ခြင်းကဏ္ဍများရှိကလေးလုပ်သားစစ်တမ်း(၂၀၂၂-၂၀၂၃) အစီရင်ခံစာမိတ်ဆက် ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီ က ထားဝယ်မြို့၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ကျင်းပသည်။tnitni

အခမ်းအနားတွင် တိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေး ဆိုင်ရာစာရင်းကောက်ယူ ရေးလုပ်ငန်း ကော်မတီဥက္ကဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့လူမှုရေးရာဝန်ကြီးဦးသန့်ဇင်က လူငယ်များနှင့်ကလေးများသည် နိုင်ငံ၏တန်ဖိုးမဖြတ်နိုင်သော အရင်းအမြစ်များ ဖြစ်ကြောင်း၊ ၎င်းတို့ဖွံ့ဖြိုးတိုးတက်မှုအခန်းကဏ္ဍသည် နိုင်ငံတစ်နိုင်ငံ၏အနာဂတ်ပုံရိပ်ကို ထင်ဟပ်စေ ကြောင်း၊ ကလေးလုပ်သားပပျောက်ရေးသည်မျက်မှောက်ခေတ် Global  Issue တစ်ခုဖြစ်ပြီး နိုင်ငံအတွက်ကြီးမားသော စိန်ခေါ်မှုဖြစ်သလိုအမျိုးသားရေးတာဝန်တစ်ရပ်ဖြစ်သည့်အတွက် မြန်မာနိုင်ငံကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီနှင့်လုပ်ငန်းကော်မတီ (၈)ခုကို ၂၀၁၈ခုနှစ်တွင်စတင်ဖွဲ့စည်းခဲ့ပြီး တနင်္သာရီတိုင်းဒေသကြီးကော်မတီ၊ လုပ်ငန်း ကော်မတီများဖွဲ့စည်းကာ သက်ဆိုင်ရာလုပ်ငန်းကော်မတီများအလိုက်လက်တွေ့ အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ ကလေးလုပ်သား စစ်တမ်း(၂၀၂၂-၂၀၂၃)တွေ့ရှိချက်များ အစားအစာထုတ်လုပ်ခြင်းကဏ္ဍနှင့်လက်လီရောင်းဝယ်ရေး၊ မော်တော်ယာဉ်နှင့်မော်တော် ဆိုင်ကယ်ပြင်ဆင်ခြင်းကဏ္ဍများရှိ ကလေးလုပ်သားများ၏ အခြေအနေများကိုကောင်းစွာ သိမြင်နိုင်မှာဖြစ်ပြီး မူဝါဒဖော်ဆောင်သူများနှင့်ဆုံးဖြတ်ချက်ချမှတ်သူများအတွက် ကလေး လုပ်သားပြဿနာကို ကိုင်တွယ်ဖြေရှင်းရာတွင် အထောက်အကူပြုနိုင်မယ်ဟု မျှော်လင့်ပါ ကြောင်းနှင့် လိုအပ်သည်များကို အကြံပြု ဆွေးနွေးပေးစေလိုကြောင်းပြောကြားသည်။


tnitni

tni

tni

ထို့နောက် ကော်မတီအတွင်းရေးမှူး၊ ဗဟိုစာရင်းအင်းအဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်ဥမ္မာမြင့်သိန်းက  အစားအစာထုတ်လုပ်ခြင်းဏ္ဍနှင့်လက်ကား၊ လက်လီရောင်းဝယ်ရေး၊ မော်တော်ယာဉ်၊မော်တော်ဆိုင်ကယ်ပြင်ဆင်ခြင်းကဏ္ဍများရှိ ကလေးလုပ်သားအခြေအနေကို သိရှိစေရန်နှင့် ကလေးလုပ်သားလျော့နည်းပပျောက်စေရေး အတွက် အခြေခံ အချက်အလက်များ ကောက်ယူရန်၊ ကလေးလုပ်သားများ၏အခွင့်အရေးများကိုထိရောက်စွာ ကာကွယ်ပေးနိုင်ရန်၊ ကလေးသူငယ်ဆိုင်ရာမူဝါဒများကိုရေးဆွဲရာတွင်လက်ရှိအခြေအနေများကိုဖော်ပြသောညွှန်းကိန်း များရရှိရန်နှင့်အဆိုပါညွှန်းကိန်းများ အပေါ်လေ့လာဆန်းစစ်မှုများနှင့် မူဝါဒအထောက်အကူ ဖြစ်စေမည့်အကြောင်းအရာများကိုရရှိနိုင်ရန်၊ ရရှိလာသောကလေးလုပ်သားစာရင်းကိုစောင့်ကြည့် လေ့လာရန် စသည့်ရည်ရွယ်ချက်ဖြင့် ကျင်းပရခြင်းဖြစ်ကြောင်းနှင့် ကလေးလုပ်သားစစ်တမ်း (၂၀၂၂-၂၀၂၃)အစီရင်ခံစာအား ရှင်းလင်းတင်ပြသည်။tni

ဆက်လက်၍တက်ရောက်လာသောကော်မတီဝင်များက  ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ရှေ့ဆက်ပူးပေါင်း ဆောင်ရွက်မည့်အခြေအနေများအား အကြံပြုရှင်းလင်းဆွေးနွေး တင်ပြကြရာ ဆွေးနွေးတင်ပြချက်များအပေါ်  တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးက ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်းသတင်းရရှိသည်။

                                 

တိုင်းဒေသကြီး(ပြန်/ဆက်)tni

နောက်ဆုံးရ သတင်း