တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့

တနင်္သာရီတိုင်းဒေသကြီး

အစိုးရအဖွဲ့

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကို တိုင်းဒေသကြီးအဆင့်အခြေခံပညာ ကျောင်းသား အားကစားပြိုင်ပွဲ (အမျိုးသား)ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားသို့တက်ရောက်

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကို   တိုင်းဒေသကြီးအဆင့်အခြေခံပညာ ကျောင်းသား အားကစားပြိုင်ပွဲ (အမျိုးသား)ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားသို့တက်ရောက်

ထားဝယ်    နိုဝင်ဘာ ၁၃

တနင်္သာရီတိုင်းဒေသကြီး၊ ၂၀၂၃-၂၀၄ ပညာသင်နှစ်၊ တိုင်းဒေသကြီးအဆင့် အခြေခံပညာ ကျောင်းသားအားကစားပြိုင်ပွဲ (အမျိုးသား)ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ခြင်းအခမ်းအနားကို နိုဝင်ဘာ ၁၃ ရက်နေ့ မွန်းလွဲ ၃ နာရီက ထားဝယ်မြို့၊ ရွှေဝယ်သီရိအားကစားကွင်း၌ ကျင်းပသည်။tni

ရှေးဦးစွာ (အမျိုးသား)ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲသို့ တက်ရောက်လာသည့် ထားဝယ်မြို့နယ် အသင်းနှင့် သရက်ချောင်းမြို့နယ်အသင်းတို့၏ ယှဉ်ပြိုင်ကစားနေမှုကို တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ၊ အားကစားသမားများနှင့် အားကစားဝါသနာရှင်များက ကြည့်ရှုအားပေးရာ ထားဝယ် မြို့နယ်အသင်းက (၃)ဂိုး(၀)ဂိုးဖြင့် အနိုင်ရရှိသည်။tni

ထို့နောက် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဆက်လက်ကျင်းပရာ တိုင်းဒေသကြီးပညာရေး ညွှန်ကြားရေးမှူးဦးဝင်းနောင်က ပွဲစဉ်တစ်လျှောက်ကူညီဆောင်ရွက်ပေးသော ကြက်ခြေတပ်ဖွဲ့အား ဂုဏ်ပြု ဆုချီးမြှင့်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်ချိုက အမျိုးသားပိုက်ကျော်ခြင်း ပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့်သရက်ချောင်းမြို့နယ်အသင်းနှင့် ပထမဆုရရှိသည့် ထားဝယ်မြို့နယ် အသင်းအားလည်းကောင်း၊ တိုင်းဒေသကြီးဥပဒေချုပ်ဦးအုန်းသန်းက အမျိုးသမီး ပြေး/ခုန်/ ပစ်ပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့် သရက်ချောင်းမြို့နယ်အသင်းနှင့် ပထမဆုရရှိသည့် ရေဖြူမြို့နယ်အသင်းအား လည်းကောင်း၊ တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီးစောမာတင်လူသာက အမျိုးသားပြေး/ခုန်/ ပစ် ပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့် ရေဖြူမြို့နယ်အသင်းနှင့် ပထမဆုရရှိသည့် ထားဝယ်မြို့နယ်အသင်းအား လည်းကောင်း တစ်ဦးချင်းဆုနှင့်ငွေသားဆု ပေးအပ်ချီးမြှင့်သည်။tni

ဆက်လက်၍ တိုင်းဒေသကြီးလမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးခင်ကျော်က အမျိုးသမီး ဘော်လီဘောပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့် သရက်ချောင်းမြို့နယ်အသင်းနှင့် ပထမဆုရရှိသည့် ထားဝယ် မြို့နယ်အသင်းအားလည်းကောင်း၊ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးဦးသန့်ဇင်က အမျိုးသားဘော်လီဘော ပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့်လောင်းလုံးမြို့နယ်အသင်းနှင့် ပထမဆုရရှိသည့်ထားဝယ်မြို့နယ်အသင်းအား လည်းကောင်း၊ တိုင်းဒေသကြီးသယံဇာတရေးရာဝန်ကြီး ဦးခင်မောင်မြင့်က အမျိုးသား ဘောလုံးပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့် သရက်ချောင်းမြို့နယ်အသင်းအားလည်းကောင်း၊ တိုင်းဒေသကြီးစီးပွားရေးရာဝန်ကြီး ဦးမောင်ကြီးက အမျိုးသမီးဘောလုံးပြိုင်ပွဲတွင်ဒုတိယဆုရရှိသည့်ရေဖြူမြို့နယ်အသင်းအားလည်းကောင်း၊  တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိူလ်မှူးကြီးမင်းမင်းလတ် က အမျိုးသားဘောလုံး ပြိုင်ပွဲတွင် ပထမဆုရရှိသည့် ထားဝယ်မြို့နယ်အသင်းအားလည်းကောင်း တစ်ဦးချင်းဆုနှင့် ငွေသားဆု ပေးအပ်ချီးမြှင့်သည်။ tni

ယင်းနောက် တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေးက အမျိုးသမီး ဘောလုံးပြိုင်ပွဲတွင် ပထမဆုရရှိသည့် ထားဝယ်မြို့နယ်အသင်းအား တစ်ဦးချင်းဆုနှင့် ငွေသားဆု ပေးအပ်ချီးမြှင့်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက  အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ၊ အမျိုးသား/အမျိုးသမီးပြေးခုန်ပစ်ပြိုင်ပွဲ၊ အမျိုးသား/အမျိုးသမီးဘော်လီဘောပြိုင်ပွဲ အမျိုးသား/ အမျိုးသမီး ဘောလုံးပြိုင်ပွဲများတွင် ပထမဆုရရှိသည့်အသင်းများအား တံခွန်စိုက်ဆုဖလားများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။

 

တိုင်းဒေသကြီး(ပြန်/ဆက်)


tni

နောက်ဆုံးရ သတင်း