တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့

တနင်္သာရီတိုင်းဒေသကြီး

အစိုးရအဖွဲ့

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို ရွှေသာလျောင်းဘုရားကြီးပြုပြင်ရန်နှင့် ထားဝယ်တက္ကသိုလ် ဓမ္မာရုံ ဆောက်လုပ်နိုင်ရန်အတွက် အလှူငွေပေးအပ်ပွဲ အခမ်းအနားသို့တက်ရောက်

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို ရွှေသာလျောင်းဘုရားကြီးပြုပြင်ရန်နှင့် ထားဝယ်တက္ကသိုလ် ဓမ္မာရုံ ဆောက်လုပ်နိုင်ရန်အတွက် အလှူငွေပေးအပ်ပွဲ အခမ်းအနားသို့တက်ရောက်

ထားဝယ်   နိုဝင်ဘာ ၁၄

 

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ကနိုင်းဒါကျေးရွာတွင် တည်ထားကိုးကွယ်လျက်ရှိသော ရွှေသာလျောင်းဘုရားကြီးပြုပြင်ရန်နှင့် ထားဝယ်တက္ကသိုလ်ဓမ္မာရုံ ဆောက်လုပ်နိုင်ရန်အတွက် အလှူငွေ ပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။tni

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက ရွှေသာလျောင်းဘုရားကြီးသည် နှစ်ပေါင်း ကြာမြင့်နေပြီဖြစ်သောကြောင့် ဦးခေါင်းတော် နှင့် မျက်လုံးတော် ယိုးယွင်းလာသည့်အတွက် ပြုပြင်ရန်နှင့် တိုင်းဒေသကြီးအတွက် နောင်တစ်ချိန်တွင် တာဝန်ယူမည့်မျိုးဆက်သစ်လူငယ်များ ပညာသင်ကြားနေသော ကျောင်းသား/သူများအတွက် ဘာသာသာသနာပြုလုပ်နိုင် အောင်ထားဝယ်တက္ကသိုလ်ဓမ္မာရုံ ဆောက်လုပ် နိုင်ရန်အတွက် အလှူငွေပေးအပ်ပွဲအခမ်းအနားဖြစ်ကြောင်း၊ စေတနာရှင်၊ အလှူရှင်များ၏ လှူဒါန်း ငွေများကိုသက်ဆိုင်ရာတာဝန်ရှိသူများထံပေးအပ်သွားမည်ဖြစ်ကြောင်း၊ ဘုရားကြီးသည် ရှေးနှစ်ပေါင်း များစွာကတည်းက ဂေါပကအဖွဲ့၊ တာဝန်ရှိသူများနှင့်ဒေသဆိုင်ရာ တာဝန်ရှိသူတို့ပူးပေါင်းပြီး ရေရှည် တည်တံ့ခိုင်မြဲအောင်ဆောင်ရွက်ခဲ့ကြောင်း၊ ရွှေသာလျောင်းဘုရားကြီးသည် သမိုင်းဝင်ဘုရားကြီးလည်း ဖြစ်ပြီးခေတ်အဆက်ဆက်တည်တံ့ခိုင်မြဲအောင်ထိန်းသိမ်းလာခဲ့ကြောင်း၊ ဘုရားကြီးအားဂေါပကအဖွဲ့မှဦး ဆောင်၍ပြုပြင် မွမ်းမံဆောင်ရွက်ခဲ့ရာ မကြာခင်ကာလအတွင်းပြီးစီးမှာဖြစ်ကြောင်း၊တက္ကသိုလ်ဓမ္မာရုံ များတွင်အာစရိယပူဇော်ပွဲနှင့် အခါကြီးရက်ကြီးများတွင်ဘာသာရေးအခမ်းအနားများ ပြုလုပ်လျက် ရှိကြောင်း၊  တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်ထားဝယ်တက္ကသိုလ်တွင် ဓမ္မာရုံ(၁)ခု၊ မြိတ််တက္ကသိုလ်တွင် ဓမ္မာရုံ(၁)ခုတည်ဆောက်လျက်ရှိရာမကြာခင်ကာလအတွင်းတည်ဆောက်ပြီးစီးမည်ဖြစ်ကြောင်း၊ တိုင်းဒေသ ကြီးအတွင်းကုမ္ပဏီနှင့်စီးပွားရေးလုပ်ငန်းရှင်များကဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအားတစ်ဖက် တစ်လမ်းက ဆောင်ရွက်ပေးသည့်အတွက်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ကျေးဇူးတင်ရှိကြောင်း ပြော ကြားသည်။tni

ထို့နောက်ရွှေသာလျောင်းဘုရားကြီးပြုပြင်ရန်အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့က လှူဒါန်းငွေ ကျပ်(၁၀)သိန်း၊ကုမ္ပဏီနှင့်စီးပွားရေးလုပ်ငန်းရှင်များ၊စေတနာရှင်၊အလှူရှင်များလှူဒါန်းငွေ ကျပ်(၅၀)သိန်း၊ ထားဝယ်တက္ကသိုလ် ဓမ္မာရုံဆောက်လုပ်နိုင်ရန်အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့ကလှူဒါန်းငွေ ကျပ်(၁၀)သိန်း၊ ကုမ္ပဏီနှင့် စီးပွားရေးလုပ်ငန်းရှင်များ၊ စေတနာရှင်၊ အလှူရှင်များက လှူဒါန်းငွေကျပ် (၄၅၀)သိန်း စုစုပေါင်းလှူဒါန်းငွေကျပ် (၅၂၀)သိန်းကျပ်အား သက်ဆိုင်ရာတာဝန်ရှိသူများထံ ပေးအပ် လှူဒါန်းခဲ့သည်။tni

ဆက်လက်၍တိုင်းဒေသကြီးဝန်ကြီးချုပ်က အလှူရှင်များအားဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပြီး  ထားဝယ်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာသန်းသန်းဦးက ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။tni

 

နောက်ဆုံးရ သတင်း