ထားဝယ် နိုဝင်ဘာ ၁၆
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုသည် တိုင်းဒေသကြီးဝန်ကြီးများနှင့်အတူ ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းက လောင်းလုံးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ လောင်းလုံးဒေသအတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်နိုင်ရန်အတွက် ဌာန ဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများအား တွေ့ဆုံခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ လောင်းလုံးမြို့နယ်အုပ်ချုပ်ရေးမှူးဦးကျော်လွင်က ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ လမ်းပန်းဆက်သွယ်ရေးလုပ်ငန်း၊နယ်မြေဒေသဆောင်ရွက်ထားရှိမှုအခြေအနေ၊ကြုံတွေ့နေရသော အခက် အခဲများအားရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက ရှင်းလင်းတင်ပြချက်များအပေါ်တွင် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ထို့နောက်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက လမ်းညွှန်အမှာစကားပြောကြားရာ၌ လောင်းလုံး မြို့နယ်သည် လမ်းပန်းဆက်သွယ်ရေးနှင့်စီးပွားအချက်အချာကျသော နေရာဒေသတစ်ခုဖြစ်ပြီး ယခုအခါတွင် အခက်အခဲပြဿနာများကြောင့် လျော့နည်းကျဆင်းလာသည်ကိုတွေ့ရကြောင်း၊ လောင်းလုံး မြို့နယ်အနေ ဖြင့်ပညာရေး၊ကျန်းမာရေးနိမ့်ဆင်းလာသည်ကိုတွေ့ရကြောင်း ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အနေဖြင့် လောင်းလုံးဒေသအတွင်း နယ်မြေအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ စီးပွားရေးဖွံ့ဖြိုးမှုနှင့်လမ်းပန်း ဆက်သွယ်ရေးလုပ်ငန်းများကြိုးစားဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ လောင်းလုံးဒေသအတွင်းရှိ တန်ဖိုးရှိသောပင်လယ်ကမ်းခြေများစွာရှိပြီး ကမ်းခြေများတွင် နိုင်ငံခြား ခရီးသွားဧည့်သည်များကိုလာရောက် လည်ပတ်နိုင်အောင်ဆွဲဆောင်နိုင်ကြောင်း၊ ယခင်ကလောင်းလုံး ဒေသအနေအထားသည် ထိုင်းနိုင်ငံတွင်ရှိသော ဖူးခက်နှင့်သဏ္ဍန်တူကြောင်း၊ ကမ်းခြေတစ်လျှောက်တွင် ရေကူးမည့်နေရာများ၊ အပန်းဖြေမည့်နေရာများ၊ ညအိပ်တည်းခိုမည့်နေရာများ၊ စားသောက်ဆိုင်များဖြင့် ရှိခဲ့မည်ဆိုပါကလောင်းလုံးဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိလာနိုင်မည်ဟု မျှော်လင့် ထားရှိကြောင်း၊ ယခုအခါလောင်းလုံးနယ်မြေဒေသအတွင်း မလိုလားအပ်သောပြဿနာများ၊ မဖြစ်သင့် မဖြစ်ထိုက် သောကိစ္စရပ်များကြုံတွေ့လာရကြောင်း၊ လောင်လုံးဒေသအတွင်းဦးစားပေးအနေဖြင့် အေးချမ်းသာယာရေး၊ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ ပညာရေး၊ ကျန်းမာရေးသည်လည်းအရေးကြီးကြောင်း၊ တက်ရောက်လာသူများအနေဖြင့် အခက်အခဲများ ရှိပါက တင်ပြပေးရန်လိုအပ်ပြီးသက်ဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ဌာနဆိုင်ရာဝန်ထမ်းများအား လာရောက်တွေ့ဆုံပြီး အားပေးစကားပြောကြားခြင်းဖြစ်ကြောင်းပြောကြားသည်။
ဆက်လက်၍တိုင်းဒေသကြီးအစိုးရအဖွဲ့က ဆန်အိတ်များပေးအပ်ရာ တာဝန်ရှိသူများလက်ခံရယူပြီး တက်ရောက်လာသူများကဆောင်ရွက်ထားရှိမှုအခြေအနေ၊ကြုံတွေ့ရသောအခက်အခဲများ ရှင်းလင်းဆွေး နွေးတင်ပြရာဆွေးနွေးတင်ပြချက်များအပေါ်တွင်တိုင်းဒေသကြီးဝန်ကြီးချုပ်က သက်ဆိုင်ရာတာဝန်ရှိသူများ နှင့်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ထို့နောက်တိုင်းဒေသကြီးဝန်ကြီးချုပ်က လောင်းလုံးမြို့နယ်ရဲစခန်းရှိတပ်ဖွဲ့ဝင်များနှင့်မိသားစုဝင် များ၊ပညာရေးဌာနမှဆရာ/ဆရာမများ၊ပြည်သူ့ဆေးရုံကြီးမှ အရာထမ်းအမှုထမ်းများ၊လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဆိုင်ရာအရာထမ်း၊ အမှုထမ်းများအား သီးခြားတွေ့ဆုံ၍ အားပေးစကားပြောကြားပြီး ဆန်၊ ဆီ၊ အခြေခံစားသောက်ကုန်များ၊ ကျောင်းသုံး ဗလာစာအုပ်များ၊ ထောက်ပံ့ငွေများပေးအပ်သည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ထားဝယ်တက္ကသိုလ်ဝင်း အတွင်း တည်ဆောက်နေသော ဓမ္မာရုံအားကြည်ရှု့စစ်ဆေးရာ ထားဝယ်တက္ကသိုလ်ပါမောက္ခချုပ်ဒေါက်တာသန်းသန်းဦးက ဆောင်ရွက် နေမှု အခြေအနေများအား ရှင်းလင်းတင်ပြသည်။ထို့နောက်တိုင်းဒေသကြီးဝန်ကြီးချုပ်က တာဝန်ရှိသူများအားဓမ္မာရုံအား သတ်မှတ်ကာလအတွင်း ပြီးစီးရန်လိုအပ်ကြောင်း၊ လေဝင်လေထွက် ၊ ရေ၊ မီး အလုံအလောက်ရှိရန်လိုအပ်ကြောင်းနှင့် ဓမ္မာရုံ ပတ်ဝန်းကျင်သန့်ရှင်းသာယာရေးအတွက် သစ်ပင်၊ ပန်းပင်များ စိုက်ပျိုးထားရှိရန်လိုအပ်ကြောင်း ပြောကြား သည်။
ထို့နောက်တိုင်းဒေသကြီးဝန်ကြီးချုပ်က တာဝန်ရှိသူများအားဓမ္မာရုံအား သတ်မှတ်ကာလအတွင်း ပြီးစီးရန်လိုအပ်ကြောင်း၊ လေဝင်လေထွက် ၊ ရေ၊ မီး အလုံအလောက်ရှိရန်လိုအပ်ကြောင်းနှင့် ဓမ္မာရုံ ပတ်ဝန်းကျင်သန့်ရှင်းသာယာရေးအတွက် သစ်ပင်၊ ပန်းပင်များ စိုက်ပျိုးထားရှိရန်လိုအပ်ကြောင်း ပြောကြား သည်။
အလားတူပင် သက်ဆိုင်ရာဌာနဆိုင်ရာအကြီးအကဲများက မိမိတို့ရုံးရှိအရာထမ်းအမှုထမ်းများနှင့် မိသားစုဝင်များအား တွေ့ဆုံအားပေးစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

