တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့

တနင်္သာရီတိုင်းဒေသကြီး

အစိုးရအဖွဲ့

ထားဝယ်မြို့အတွင်း (၁၃)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပဒေသာပင် စည်ကားသိုက်မြိုက်စွာဖြင့် လှည့်လည်ပူဇော်

ထားဝယ်မြို့အတွင်း (၁၃)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပဒေသာပင် စည်ကားသိုက်မြိုက်စွာဖြင့် လှည့်လည်ပူဇော်

ထားဝယ်      နိုဝင်ဘာ ၁၇

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူးကျင်းပသည့် ၁၃၈၅ခုနှစ်၊တေရသမ(၁၃)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပဒေသာပင်လှည့်လည်ပူဇော်ပွဲကို ယနေ့နံနက်ပိုင်းက ထားဝယ်မြို့အတွင်း စည်ကားသိုက်မြိုက်စွာဖြင့်လှည့်လည်ပူဇော်ခံရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို၊တိုင်းဒေသကြီး ဝန်ကြီးများနှင့်တာဝန်ရှိသူများက ကြည်ရှု့အားပေးခဲ့သည်။tni

ထို့သို့ပူဇော်ခံရာ၌ ဌာနဆိုင်ရာအရာထမ်း၊ အမူထမ်းများလိုက်ပါ၍ကား(၈၀)စီးဖြင့် စုရပ်ဖြစ်သော ထားဝယ်မြို့၊သာသနာ့ဗိမာန်တော်မှတဆင့် လေယာဉ်ကွင်းလမ်းအတိုင်း ဗိုလ်ချုပ်ကြေးရုပ်အထိ၊ အာဇာနည်လမ်းအတိုင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးရှေ့၊ ဗိုလ်ချုပ်လမ်း၊ ကမြောကင်းလမ်း၊ အမှတ် (၄)လမ်း၊ ဆင်ဆိပ်လမ်း ၊ မီးသတ်လမ်းဆုံ၊ မြို့ပတ်လမ်းအတိုင်း သာသနာ့ဗိမာန်တော်အထိအတီး အမှုတ် အကအခုန်များဖြင့် ပဒေသာပင်များအားလှည့်လည်ပူဇော်ခံခဲ့သည်။tni

ပဒေသာပင်များအားသာသနာ့ဗိမာန်တော်တွင် ပူဇော်ခံထားရှိမှာဖြစ်ကြောင်းနှင့်(၁၃)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်အလှူတော်အခမ်းအနားကိုနိုဝင်ဘာ ၁၈ ရက်နေ့တွင်ကျင်းပမည်ဖြစ်ကြောင်း သိရပြီးပဒေသာပင်များကို တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဌာနဆိုင်ရာများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ စေတနာရှင်၊အလှူရှင်များ၏ စုစုပေါင်းလှူဒါန်းငွေ (၈၅,၅၄၈,၈၅၀) ကျပ်၊ပဒေသာပင်(၁၃၆)ပင်ဖြစ် ကြောင်းသတင်းရရှိသည်။tni

နောက်ဆုံးရ သတင်း