ထားဝယ် နိုဝင်ဘာ ၂၀
“အခွင့်အရေးအားလုံးရရှိရေး ကလေးသူငယ်တိုင်းအတွက် ဖော်ဆောင်ပေး”ဟူသည့် ဆောင်ပုဒ်နှင့်အညီ (၃၄)နှစ် မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း နှစ်ပတ်လည်နေ့ အထိမ်းအမှတ်၊ ကမ္ဘာ့ကလေးများနေ့၊ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက တနင်္သာရီတိုင်း ဒေသကြီး၊ ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ကျင်းပသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း နှစ်ပတ်လည်နေ့အထိမ်းအမှတ်(ကမ္ဘာ့ကလေးများနေ့)အဖြစ် နှစ်စဉ်နှစ်တိုင်း ပြုလုပ်ကျင်းပလျက်ရှိကြောင်း၊ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂသဘောတူ စာချုပ်မှာပါရှိသည့် ကလေးသူငယ်အခွင့်အရေး(၄)ရပ်ဖြစ်သော ကလေးသူငယ်များ အသက်ရှင်သန်ခွင့်၊ ကလေးသူငယ်များ ဖွံ့ဖြိုးတိုးတက်ခွင့်၊ ကလေးသူငယ်များကို အကြမ်းဖက်မှု၊ လျစ်လျူရှုမှုနှင့်ခေါင်းပုံ ဖြတ်မှုအမျိုးမျိုးမှ ကာကွယ်စောင့်ရှောက်ခံပိုင်ခွင့်နှင့် ကလေးသူငယ်များ၏ အရေးကိစ္စရပ်များတွင် ကလေးသူငယ်များကိုယ်တိုင် ပူးပေါင်းပါဝင်ဆောင်ရွက်ခွင့်တို့ကို တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ကလေးသူငယ်တိုင်းရရှိစေရန် တိုင်းဒေသကြီးကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာကော်မတီကို လည်းကောင်း၊ ခရိုင်/မြို့နယ်ကလေးသူငယ်အခွင့်အရေး များဆိုင်ရာကော်မတီများကိုလည်းကောင်း ဖွဲ့စည်းပေးခဲ့ပြီးဖြစ်ကြောင်း၊ ကလေးသူငယ်များ၏အခွင့်အရေးများကိုဆောင်ရွက်ရာတွင်ပိုမို ထိရောက် စွာဆောင်ရွက်နိုင်ရန်အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးမှဦးဆောင်၍ လူမှုဝန်ထမ်း ဦးစီးဌာနနှင့်ဆက်စပ်ဌာနများ၊ ကလေးသူငယ်အရေးကိစ္စဆောင်ရွက်နေသော လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များပါဝင်သည့် တိုင်းဒေသကြီးက ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီကို တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးက (၂၇.၈.၂၀၂၁)ရက်နေ့တွင် ပြန်လည်ပြင်ဆင်ဖွဲ့စည်းပေးခဲ့ပြီးဖြစ်ပါ ကြောင်း၊ ကလေးသူငယ်များသည် နိုင်ငံတစ်နိုင်ငံ၏အနာဂတ်ဖြစ်သောကြောင့် ယနေ့ခေတ်တွင် ကလေးသူငယ်များ၏ ပညာရေး၊ ကျန်းမာရေးကဏ္ဍရပ်များအား အလေးထားဂရုစိုက်ခြင်းဖြင့် ကလေးများ အတွက်ပိုမိုကောင်းမွန်ပြီး လုံခြုံစိတ်ချရသော အနာဂတ်တစ်ခုဖန်တီးပေးနိုင်ပြီဖြစ်ကြောင်း၊ ကလေးသူငယ်များ၏မွေးရာပါအခွင့်အရေးမဆုံးရှုံးစေရန်၊ ကလေးသူငယ်များ၏ အခွင့်အရေးများကို ကလေးမိဘများ၊ ကလေးများ နှင့်ပြည်သူလူထုတစ်ရပ်လုံး သိရှိရန်နှင့် ကလေးတိုင်းလက်လှမ်းမီ တန်းတူညီတူရရှိနိုင်ရန်အတွက် တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအသီးသီးကနေ စဉ်ဆက်မပြတ် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း နှစ်ပတ်လည်နေ့အထိမ်း အမှတ် Video Clip အားလည်းကောင်း၊ မူလတန်းကြိုကျောင်းမှသားငယ်သမီးငယ်များက တောင်ယာဝင်ချိန်၊ ပြည်ထောင်စုရဲ့ထာဝရ၊ ကောက်စိုက်ချိန် တေးသီချင်းများဖြင့်လည်းကောင်း၊ ကိုယ်စီစွမ်းအား နှင့် ကူညီတတ်သော ရှဉ့်ညိုလေးပုံပြင်များနှင့် သီတင်းကျွတ်လကဗျာများ၏ သီဆိုဖျော်ဖြေနေမှုများအား တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီး ချုပ်နှင့်တိုင်းဒေသကြီးဝန်ကြီးများက ကြည့်ရှုအားပေးပြီး အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

