ထားဝယ် နိုဝင်ဘာ ၂၀
(၂၄)ကြိမ်မြောက်မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ဗဟိုအဆင့်)ပြိုင်ပွဲတွင်ဆုရရှိခဲ့ သည့်ပြိုင်ပွဲဝင်များအား ဂုဏ်ပြုအခမ်းအနားကိုယနေ့မွန်းလွဲ ၁ နာရီ က ထားဝယ်မြို့၊ တနင်္သာရီတိုင်း ဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ကျင်းပသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို က မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို ၁၉၉၃ ခုနှစ်မှစတင်ပြီး မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အဆင့်မှ နိုင်ငံတော် အဆင့်အထိ ခမ်းနားသိုက်မြိုက်စွာ နှစ်စဉ်ရည်ရွယ်ချက်ကောင်းများဖြင့် ၂၀၁၆ခုနှစ်အထိ(၂၂)ကြိမ်တိုင် ကျင်းပပြုလုပ်ခဲ့ပြီး၂၀၁၇ ခုနှစ်မှ၂၀၂၁ ခုနှစ်အထိ ငါးနှစ် တာကာလအတွင်း အကြောင်းအမျိုးမျိုးကြောင့် ကျင်းပနိုင်ခဲ့ခြင်းမရှိခဲ့ကြောင်း၊ ထို့သို့သော အခြေအနေများကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ကမြန်မာ့ရိုးရာယဉ်ကျေးမှု အမွေအနှစ်များနှင့်အမျိုးသားယဉ်ကျေးမှုစရိုက်လက္ခဏာများ မပျောက်ပျက် အောင်ထိန်းသိမ်းစောင့်ရှောက်နိုင်ရေးအတွက် ဦးတည်ချက်(၄)ရပ် ချမှတ်ပြီး (၂၃) ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို သာမက (၂၄) ကြိမ်မြောက်အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ များကို နေပြည်တော်တွင် ခမ်းခမ်းနားနားနှင့်စည်ကားသိုက်မြိုက်စွာ အောင်မြင်စွာကျင်းပနိုင်ခဲ့ပြီးဖြစ်ကြောင်း၊ (၂၄)ကြိမ်မြောက်အဆို၊ အက၊ အရေး၊ အတီး ဗဟိုအဆင့်ပြိုင်ပွဲတွင် မိမိတို့တနင်္သာရီတိုင်း ဒေသကြီးက မျိုးဆက်သစ်ရွက်ပုန်းသီးပြိုင်ပွဲဝင်လူငယ်မောင်မယ်များအနေဖြင့်အဆိုဘာသာရပ်၊မဟာဂီတ၊ ကာလပေါ် တေး/ခေတ်ဟောင်းတေး၊ အမျိုးဂုဏ်၊ ဇာတိဂုဏ်တေးသီချင်းများကဏ္ဍတွင် (၂၂)ဦး၊ အကဘာသာရပ်တွင် (၆၄)ဦး၊ အရေးဘာသာရပ်တွင် (၂)ဦး၊ အတီးဘာသာရပ်တွင် (၂၃)ဦး၊ ပြိုင်ပွဲဝင်စုစုပေါင်း (၁၀၇)ဦးဖြင့် ယခင်နှစ်ထက် ပိုမိုပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီးရွှေတံဆိပ်ဆု (၄)ဆု၊ ငွေ တံဆိပ်ဆု (၃)ခု၊ ကြေးတံဆိပ်ဆု (၁၂)ခု၊ဂုဏ်ပြုဆု(၁)ခု၊စုစုပေါင်းဆု(၂၀)ခုဖြင့် တိုင်းဒေသကြီး/ပြည်နယ်အဆင့်တွင်အဆင့်(၉)ရရှိ၍အောင် မြင်မှုများရရှိခဲ့သည်ကိုတွေ့ရှိခဲ့ရကြောင်း၊တိုင်းဒေသကြီးဂုဏ်ဆောင် အောင်မြင်မှုများရရှိအောင်စွမ်း ဆောင်ပေးနိုင်ခဲ့ကြသော အနုပညာရှင်မျိုးဆက်သစ်ဆုရပြိုင်ပွဲဝင်များ၊ဆုမရရှိခဲ့သော်လည်းအတတ်နိုင် ဆုံးကြိုးစားယှဉ်ပြိုင်ခဲ့ကြသောပြိုင်ပွဲဝင်များ၊အုပ်ချုပ်သူများ၊ပံ့ပိုးသူများ အစရှိသူတို့ကိုကျေးဇူးတင်ရှိပါ ကြောင်းနှင့်ယခုနှစ်တွေ့ကြုံခဲ့ရသော အားနည်းချက်များကိုအားသာချက်များအဖြစ်ပြောင်းလဲကာလာ မည့်နှစ်၌ကျင်းပမည့်(၂၅)ကြိမ်မြောက်မြန်မာ့ရိုးရာယဉ်ကျေးမှုအဆို၊အက၊ အရေး၊ အတီးပြိုင်ပွဲတွင်လည်း တိုင်းဒေသကြီးဂုဏ်ဆောင်နိုင်ရေးအတွက် ပြိုင်ပွဲဝင်လူငယ်မောင်မယ်များအနေဖြင့် အင်တိုက်အားတိုက် ကြိုးပမ်းဆောင်ရွက် ကြရန်လိုအပ်ကြောင်းပြောကြားသည်။
ထို့နောက်အောင်နိုင်ရေးကော်မတီက ကြိုတင်ပြင်ဆင်ဆောင်ရွက်မှုများနှင့်ပြိုင်ပွဲယှဉ်ပြိုင်ခဲ့သည့်အခြေ အနေများအားရှင်းလင်းတင်ပြပြီး ထားဝယ်တိုင်းရင်းသားရိုးရာအကပြိုင်ပွဲတွင်ရရှိသောဂုဏ်ပြုဆုဒိုင်း အားအောင်နိုင်ရေးအဖွဲ့ခေါင်းဆောင် တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီးဦးသန့်ဇင်က တိုင်းဒေသကြီး ဝန်ကြီးချုပ်ထံသို့ပေးအပ်သည်။_1700550576.jpg)
ဆက်လက်၍တိုင်းဒေသကြိးအစိုးရအဖွဲ့က (ဗဟိုအဆင့်)ပြိုင်ပွဲတွင် ပထမဆုရရှိခဲ့သည့်ပြိုင်ပွဲဝင်များအား ထပ်ဆင့်ဂုဏ်ပြုငွေ(၂)သိန်းကျပ်၊ဒုတိယ(၁)သိန်းခွဲကျပ်၊တတိယ(၁)သိန်းကျပ်နှင့် ထားဝယ်တိုင်းရင်းသား ရိုးရာအကအဖွဲ့အားထပ်ဆင့်ဂုဏ်ပြုငွေ(၂)သိန်းကျပ်အား ပေးအပ်ချီးမြှင့်ပြီး ပြိုင်ပွဲဝင်များကိုယ်စားဆုရ ပြိုင်ပွဲဝင် (၁)ဦး ကကျေးဇူးတင်စကားပြောကြားခဲ့ကြောင်းသတင်းရရှိသည်။

