တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့

တနင်္သာရီတိုင်းဒေသကြီး

အစိုးရအဖွဲ့

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို ရဲမှုထမ်းဟောင်းအဖွဲ့ဝင်များအား ထောက်ပံ့ပေးအပ်ပွဲအ ခမ်းအနားသို့တက်ရောက်

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို ရဲမှုထမ်းဟောင်းအဖွဲ့ဝင်များအား ထောက်ပံ့ပေးအပ်ပွဲအ ခမ်းအနားသို့တက်ရောက်

ထားဝယ်         နိုဝင်ဘာ ၂၁

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့က ရဲမှုထမ်းဟောင်းအဖွဲ့ဝင်များအား ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကိုယနေ့နံနက် နာရီခွဲက ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ကျင်းပသည်။tni

အခမ်းအနားတွင်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက မြန်မာနိုင်ငံရဲမှုထမ်းဟောင်းအဖွဲ့ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ၂၂--၂၀၂၂ ရက်နေ့တွင်စတင်ဖွဲ့စည်းခဲ့ကြောင်း၊ ထားဝယ်မြို့နယ် ရဲမှုထမ်းဟောင်းအဖွဲ့အားမြန်မာနိုင်ငံရဲမှုထမ်းဟောင်းအဖွဲ့ဗဟိုချုပ်က ၅--၂၀၂၂ ရက်နေ့တွင်အတည် ပြုခဲ့ပြီးမြိတ်မြို့နယ်နှင့်ကော့သောင်းမြို့နယ်အား ၇--၂၀၂၂ရက်နေ့တွင်အတည်ပြုခဲ့ကြောင်း၊ တိုင်းဒေသ ကြီးအတွင်း ထားဝယ်မြို့နယ်ရဲမှုထမ်းဟောင်းအဖွဲ့ဝင်(၄၈)ဦး၊ မြိတ်မြို့နယ်ရဲမှုထမ်းဟောင်းအဖွဲ့ဝင် (၄၈) ဦး၊ ကော့သောင်းမြို့နယ်ရဲမှုထမ်းဟောင်းအဖွဲ့ဝင်(၃၀)ဦး စုစုပေါင်း(၁၂၆)ဦးဖြင့် ဖွဲ့စည်းနိုင်ခဲ့ကြောင်း၊  မြန်မာနိုင်ငံရဲမှုထမ်းဟောင်းများအဖွဲ့၏ ရည်ရွယ်ချက်(၄)ရပ်ဖြစ်သည့်ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်း သားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးတို့ကို ထိန်းသိမ်းစောင့်ရှောက် ရန်နှင့်နိုင်ငံတော်၏ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင်ပါဝင်ဆောင်ရွက်ရန်၊ ပြည်တွင်းလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများတွင်တာဝန် အသီးသီးဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၏အရန် အင်အားအဖြစ် ပါဝင်ဆောင်ရွက်ရန်၊ရဲမှုထမ်းဟောင်းအဖွဲ့ဝင်များ စည်းလုံးညီညွတ်စွာဖြင့်အချင်းချင်းအပြန်အလှန်ကူညီ ပေးရန်၊နိုင်ငံတော်အကျိုးပြုလုပ်ငန်းများတွင်စုစည်းညီညွတ်စွာဖြင့် ပါဝင်ဆောင်ရွက်ရန်စသည့်အချက် များကိုအောင်မြင်မှုရရှိအောင်အကောင်အထည်ဖော်ဆောင်ရွက်သွားကြရမှာဖြစ်ကြောင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့်ထားဝယ်မြို့နယ်၊ မြိတ်မြို့နယ်၊ ကော့သောင်းမြို့ နယ်ရှိ ရဲမှုထမ်းဟောင်းအဖွဲ့ များ အားတစ်ဖွဲ့လျှင်မတည်ရန်ပုံငွေကျပ် (၃၀) သိန်းစီနဲ့စုစုပေါင်းကျပ် (၉၀) သိန်းအားထောက်ပံ့ပေးခဲ့ပြီး ဖြစ်ပြီးယနေ့တွင်ရဲမှုထမ်းဟောင်းတပ်ဖွဲ့ဝင် (၁) ဦးလျှင် ဆန် ၆ ပြည်ပါ(၁)အိတ်၊ ဆီ(၁)ပိဿာ နှင့် ကြက်ဥအစရှိသောစားသောက်ကုန်များထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း၊ ရဲမှုထမ်းဟောင်းအဖွဲ့ဝင် များအနေဖြင့် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ မှုခင်းကျဆင်းရေး၊ မူးယစ်ဆေးဝါးအန္တရာယ်ကာကွယ် တားဆီးရေးလုပ်ငန်းများတွင် လိုအပ်ချက်အရသက်ဆိုင်ရာဌာနများက အကူအညီတောင်းခံလာပါက ကူညီပံ့ပိုး ပူးပေါင်းဆောင်ရွက်ပေးကြရန်လိုအပ်ကြောင်းပြောကြားသည်။tni

ထို့နောက်တိုင်းဒေသကြီးအစိုးရအဖွဲ့က ရဲမှုထမ်းဟောင်းအဖွဲ့ဝင်များအားငွေကျပ် (၉၀) သိန်း၊ ရဲမှုထမ်းဟောင်းအဖွဲ့ဝင်များအား အခြေခံစားကုန်များနှင့် တိုင်းဒေသကြီးရဲတပ်ဖွဲ့အားငွေကျပ် (၅၀) သိန်း ထောက်ပံ့ပေးအပ်ပြီး ရဲမှုထမ်းဟောင်း အဖွဲ့ဝင်များအားလုံး၏ကိုယ်စား ရဲမှုထမ်းဟောင်း(၁)ဦးက ကျေးဇူးတင်စကားပြောကြားသည်။tni

ဆက်လက်၍တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်နှင့် တိုင်းဒေသကြီးဝန်ကြီးများက တက်ရောက်လာသော ရဲမှုထမ်းဟောင်းအဖွဲ့ဝင်များအား ရင်းရင်းနှီးနှီး လိုက်လံနူတ်ဆက်ခဲ့ကြောင်းသတင်းရရှိသည်။tni

 

နောက်ဆုံးရ သတင်း