တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့

တနင်္သာရီတိုင်းဒေသကြီး

အစိုးရအဖွဲ့

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို အမျိုးသမီးများအပေါ်အကြမ်းဖက်မှု ပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှု အထိမ်းအမှတ် အခမ်းအနားသို့တက်ရောက်

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို အမျိုးသမီးများအပေါ်အကြမ်းဖက်မှု ပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှု အထိမ်းအမှတ် အခမ်းအနားသို့တက်ရောက်

ထားဝယ်          နိုဝင်ဘာ ၂၅

“အမျိုးသမီးများအပေါ်အကြမ်းဖက်မှုကာကွယ်ရေးပေါင်းစုရင်းနှီးမြှပ်နှံပေး” ဟူသော ဆောင်ပုဒ်နှင့်အညီ အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှု အထိမ်းအမှတ် အခမ်းအနားကိုယနေ့မွန်းလွဲ ၁ နာရီ က တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ကျင်းပသည်။tni

အခမ်းအနားတွင်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက အမျိုးသမီးများအပေါ် အကြမ်းဖက် မှုပပျောက်ရေး(၁၆)ရက်တာလှုပ်ရှားမှု အထိမ်းအမှတ်အနေဖြင့် နိုဝင်ဘာလ(၂၅)ရက်နေ့မှ ဒီဇင်ဘာလ(၁၀)ရက်နေ့ထိ လူထုလှုပ်ရှားမှုများကို နှစ်စဉ်ကျင်းပလျက်ရှိကြောင်း၊ ၁၉၉၁ ခုနှစ်တွင် ကမ္ဘာလုံးဆိုင်ရာအမျိုးသမီးခေါင်းဆောင်မှုဗဟိုဌာန Center for Women's  Global Leadershipမှ နိုင်ငံတကာလှုပ်ရှားမှု International Campaignအသွင်ဖြင့် စတင်ဆောင်ရွက်ခဲ့ကြောင်း၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး(၁၆)ရက်တာ လှုပ်ရှားဆောင်ရွက်မှုများကို မြန်မာနိုင်ငံအနေဖြင့် ၂၀၁၈ခုနှစ်ကစ၍ ဆောင်ရွက်လျက်ရှိကြောင်း၊ တိုင်းဒေသကြီးအမျိုးသမီး ကော်မတီအနေဖြင့် မြန်မာနိုင်ငံလုံးဆိုင်ရာ  အမျိုးသမီးကော်မတီကနေချမှတ်ထားသည့်မူဝါဒ(၄)ရပ်၊ လုပ်ငန်းတာဝန်(၁၂)ရပ်နှင့်အညီ အမျိုးသမီးများအခွင့်အရေးအပြည့်အဝရရှိစေရေးနှင့် အမျိုးသမီး များဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးစားဆောင်ရွက်လျက်ရကြောင်း၊ အမျိုးသမီးများဖွံ့ဖြိုးတိုးတက် ရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာစီမံကိန်း (NationalStrategic Plan for the Advancement  of Women NSPAW) (၂၀၁၃-၂၀၂၂) ကိုလည်း ကျား၊ မ ရေးရာဆိုင်ရာ လုပ်ငန်းဆောင်ရွက်ချက်များအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း Phase II ကိုလည်းရေးဆွဲဆောင်ရွက်လျက်ရှိကြောင်း၊ တိုင်းဒေသကြီး အနေဖြင့် အကြမ်းဖက်ခံရသည့်အမျိုးသမီးများကို ယာယီလက်ခံစောင့်ရှောက်ပေးနိုင်ရေးအတွက် ထားဝယ်မြို့တွင် One Stop Women Support Center (OSWSC) တစ်ခုကိုဖွင့်လှစ်နိုင်ရေးဆောင် ရွက်လျက်ရှိကြောင်း၊ တနင်္သာရီတိုင်းဒေသကြီးအတွင်း အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးနှင့် ကာကွယ်စောင့်ရှောက်မှုများ စီစဉ်ဆောင်ရွက်ပေးနေသော အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ ဆက်စပ်ဌာနအဖွဲ့အစည်းများအနေဖြင့်လည်း ယခုနှစ်ဆောင်ပုဒ်နှင့်အညီ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုကာကွယ်ရေးအတွက် ပိုမိုမြှင့်တင်ဖော်ဆောင်သွားကြ ရန်လိုအပ်ကြောင်းပြောကြား သည်။tni

ထို့နောက် (၁၆)ရက်တာအမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးဆိုင်ရာ အသိပညာပေး Video Clip ပြသနေမှုအားလည်းကောင်း၊ သားငယ်သမီးငယ်များ၏"မြန်မာပြည်မှာ" သီချင်းဖြင့် ဖျော်ဖြေတင်ဆက်နေမှုအားလည်းကောင်း တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများ က ကြည့်ရှုအားပေးပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်ကတေးသီချင်းဖြင့် ဖျော်ဖြေတင်ဆက်သည့် သားငယ်၊ သမီးငယ်များအား အမှတ်တရလက်ဆောင်များ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။tni

 

နောက်ဆုံးရ သတင်း