တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့

တနင်္သာရီတိုင်းဒေသကြီး

အစိုးရအဖွဲ့

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား ကျင်းပရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့တက်ရောက်

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား ကျင်းပရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့တက်ရောက်

ထားဝယ်   နိုဝင်ဘာ ၂၉

၂၀၂၄ ခုနှစ်၊ (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့ အခမ်းအနားကျင်းပရေးလုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယနေ့မွန်းလွဲ ၁ နာရီ က ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။ tni

အစည်းအဝေးတွင်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကို  ပြခန်းများ၊ စျေးရောင်းပွဲများl အားကစားပြိုင်ပွဲများ၊ ပျော်ပွဲရွင်ပွဲများပြုလုပ်ရန်နှင့် ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးဖြစ်ကြောင်း၊ (၇၆) နှစ်မြောက်လွတ်လပ်ရေးနေ့တွင် အလံတင် အခမ်းအနား၊ လွတ်လပ်ရေးနေ့အခမ်းအနားများအပြင် ပြခန်းများ၊ ဒေသမှထွက်ရှိသော MSME နှင့် ပတ်သက်သော ပြခန်းများ၊ သစ်သီးဝလံ၊ မွေးမြူရေးပြိုင်ပွဲ၊ မိခင်နှင့်ကလေးပြိုင်ပွဲ၊ စျေးရောင်းပွဲများ၊  အားကစားပြိုင်ပွဲ၊ ပျော်ပွဲရွှင်ပွဲများကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း၊ လွတ်လပ်ရေးနေ့အခမ်းအနား စနစ်တကျကျင်းပနိုင်ရေးအတွက် တက်ရောက်လာသူများအနေဖြင့် ကြိုတင်ပြင်ဆင်စီစဉ်ဆောင်ရွက် ထားရန် လိုအပ်ကြောင်းပြောကြားသည်။tni

ထို့နောက် ကော်မတီဝင်များက အခမ်းအနားပြင်ဆင်ရေး၊ ဖိတ်ကြားရေး၊ ပြန်ကြားရေးနှင့် သတင်းထုတ်ပြန်ရေး၊ စစ်ရေးပြ၊ ကြိုဆိုနေရာချထားရေးနှင့်ပို့ဆောင်ရေး၊ စစ်ရေးပြလုပ်ငန်း၊ လုံခြုံ ရေးနှင့် စည်းကမ်းထိန်းသိမ်းရေး၊  ပြခန်းများခင်းကျင်းပြသရေး၊  သစ်သီးဝလံများပြိုင်ပွဲကျင်းပရေး၊  မွေးမြူရေးပြိုင်ပွဲ၊ မိခင်နှင့်ကလေးပြိုင်ပွဲ၊  ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း ၊ ဘဏ္ဍာရေးလုပ်ငန်း၊ အားကစားပြိုင်ပွဲများကျင်းပရေးစသည့် လုပ်ငန်းကော်မတီအလိုက်ရှင်းလင်းဆွေးနွေးတင်ပြကြရာ တိုင်း ဒေသကြီးဝန်ကြီးချုပ်က ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသတင်းရရှိသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)tni

tni

tni

နောက်ဆုံးရ သတင်း