ထားဝယ် ဒီဇင်ဘာ ၅
ထားဝယ်ပညာရေးဒီဂရီကောလိပ်၏ပထမနှစ် (ပထမနှစ်ဝက်) နှင့် PPTT(၁၀/၂၃) ကျောင်းသား၊ကျောင်းသူများအား ကြိုဆိုပွဲအခမ်းအနားကိုယနေ့နံနက် ၉ နာရီခွဲက တနင်္သာရီတိုင်း ဒေသကြီး၊ထားဝယ်မြို့၊ထားဝယ်ပညာရေးဒီဂရီကောလိပ်၊တိက္ခပညာခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက ဆရာ၊ ဆရာမလောင်းများအနေ ဖြင့်ကိုယ့်ဒေသကိုချစ်မြတ်နိုးပြီး၊ ဒေသ၏ဆရာလိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်သောဆရာ့ အတတ်ပညာလက်မှတ်ရဆရာ၊ဆရာမများ၊ဘွဲ့ရဆရာ၊ဆရာမများပေါ်ထွက်လာ မှာဖြစ်သောကြောင့် ဝမ်းသာဂုဏ်ယူမိကြောင်း၊ နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး အတွက်တန်ဖိုးကြီးသောအရင်းအနှီး သည်ပညာရေးဖြစ်ကြောင်း၊ပညာသည် မကုန်ခမ်းနိုင်သော အရင်းအနှီးဖြစ်သည့် အတွက်ပညာရေး အဆင့်အတန်းမြင့်မားအောင် နိုင်ငံတော်အနေဖြင့် ပညာရေးပြုပြင်ပြောင်းလဲမှုများပြုလုပ်ပြီး သင်ရိုး ညွှန်းတမ်းများကိုခေတ်နှင့်အညီပြောင်းလဲရေးဆွဲအကောင်အထည်ဖော်ဆောင်ရွက်လျှက် ရှိကြောင်း၊ ပညာတတ်သူ၊ စိတ်စေတနာကောင်းသူ၊ ကိုယ်ကျင့်တရားကောင်းသူ၊ ထက်မြက်သူ၊ ဝီရိယရှိသူများ ပေါ်ထွက်လာအောင်မွေးဖွားနိုင်သောဆရာများ၏ အခန်းကဏ္ဍသည် လူ့ဘောင်လောကအတွက် အလွန်အရေးကြီးအရေးပါလှကြောင်း၊တိုင်းဒေသကြီး အတွင်းမူလတန်းအဆင့်၊ အလယ်တန်းအဆင့် သင်ဆရာ၊ ဆရာမများလိုအပ်ချက်များပြားလျက်ရှိကြောင်း၊ အခြေခံပညာကျောင်းများတွင်ဆရာ၊ ဆရာမအင်အားနည်းပါးပြီး သင်ကြားသင်ယူမှုထိရောက် အဆင်ပြေမှုမရှိဖြစ်နေကြောင်း၊ပညာရေး ဒီဂရီကောလိပ်တွင်ပညာသင်ယူပြီး မူလတန်းဆရာ့အတတ်ပညာလက်မှတ်ရသူများ၊ B.Sc (Education)၊B.A(Education)ဘွဲ့ရသူများဖြစ်လာသည့်အခါ အနာဂတ်မျိုးဆက်သစ်တို့၏သင်ကြား သင်ယူမှုကို ထိရောက်စွာပံ့ပိုးကူညီပေးနိုင်မည်ဟုယုံကြည်ကြောင်း၊ ပညာပြည့်၀နှလုံးလှသူများ အဖြစ်လောကကောင်းကျိုးသယ်ပိုးဆောင်ရွက်နိုင်သူများဖြစ်အောင် ကြိုးစားကြရန် ပညာရေးဖြင့် ဆရာ့အတတ်ပညာတို့ကိုအမြဲတမ်းဖတ်ရှုလေ့လာခြင်း၊ ဆွေးနွေးခြင်းတို့ဖြင့် မိမိ၏ပညာရည်မြင့်မား တိုးတက်အောင်မြှင့်တင်ဆောင်ရွက်ရန် ကျန်းမာပျော်ရွှင်စွာဖြင့်ပညာကို ကြိုးစားသင်ယူကြရန် လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် ထားဝယ်ပညာရေးဒီဂရီကောလိပ်ကျောင်းအုပ်ကြီးဒေါ်နီနီသန်းက သင်တန်းနှင့် ပတ်သက်၍ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ကျောင်းသား/သူများ က ထားဝယ်ရိုးရာယန်းအက၊ မင်္ဂလာပါ၊ ဘက်စုံဦးတည် DEDC အကများနှင့် သီချင်းသီဆိုဖျော်ဖြေနေမှုတို့ကို တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများနှင့်တက်ရောက်လာကြသော ဌာန ဆိုင်ရာများက ကြည့်ရှုအားပေးပြီး ထားဝယ်ပညာရေး ဒီဂရီကောလိပ်အား တိုင်းဒေသကြီးအစိုးရ အဖွဲ့ကထောက်ပံ့ငွေ(၁၀)သိန်းကို ပေးအပ်ချီးမြှင့်ကာတိုင်းဒေသကြီးဝန်ကြီးချုပ်က တက်ရောက်လာ သော ဆရာ၊ ဆရာမများအား ရင်းရင်းနှီးနှီးလိုက်လံနူတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)


