တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့

တနင်္သာရီတိုင်းဒေသကြီး

အစိုးရအဖွဲ့

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို ဆဋ္ဌမအကြိမ်ထားဝယ်အမျိုးသားနေ့အခမ်းအနားသို့ တက်ရောက်

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို ဆဋ္ဌမအကြိမ်ထားဝယ်အမျိုးသားနေ့အခမ်းအနားသို့ တက်ရောက်

ထားဝယ်    ဒီဇင်ဘာ ၁၃

တနင်္သာရီတိုင်းဒေသကြီး၊ ဆဋ္ဌမအကြိမ်ထားဝယ်အမျိုးသားနေ့အခမ်းအနားကိုယနေ့နံနက် ၈ နာရီခွဲက ထားဝယ်မြို့၊ မြို့တော်ခန်းမကျင်းပသည်။tni

ရှေးဦးစွာထားဝယ်လူမျိုးစုစည်းမှုကော်မတီ(ဗဟို)အဖွဲ့က ထားဝယ်အမျိုးသားအလံတော်အား စင်မြင့်ထက်တွင်စိုက်ထူပြီး ဖိတ်ကြားထားသောဧည့်သည်တော်များက အလံတော်အားအလေးပြု ခဲ့ကြသည်။

tni

ထို့နောက် ထားဝယ်လူမျိုးစုစည်းမှုကော်မတီ(ဗဟို) သြဝါဒစရိယဆရာတော် ဘဒ္ဒန္တဣန္ဒေါ ဘာသ(ရတနာ၊ ထားဝယ်)က သြဝါဒကထာမြွက်ကြားပြီးနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် သတိုးမဟာသရေစည်သူ၊ သတိုးမဟာသီရိသုဓမ္မဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံမှပေးပို့လာသော သဝဏ်လွှာအား ထားဝယ်လူမျိုးစုစည်းမှု ကော်မတီ (ဗဟို) ဦးစီးနာယက၊ ဂုဏ်ထူးဆောင်ဥက္ကဋ္ဌ၊ သီဟသုဓမ္မမဏိဇောတဓရ၊ ဒုတိယဗိုလ်မှူးကြီး တင်မြ (ငြိမ်း)က ဖတ်ကြား သည်။

tni

ဆက်လက်၍တိုင်းဒေသကြီးဝန်ကြီးချုပ်၊ သီရိပျံချီဦးမြတ်ကိုက ထားဝယ်လူမျိုးစုစည်းမှု ကော်မတီကဦးဆောင်၍ ထားဝယ်လူမျိုးများစုစည်းပြီး ထားဝယ်အမျိုးသားညီလာခံကို အောင်မြင် အောင် ကျင်းပနိုင်ခဲ့သော နတ်တော်လဆန်း (၁) ရက်နေ့ကိုထားဝယ်အမျိုးသားနေ့အဖြစ် သတ်မှတ် ပြီးကျင်းပလာခဲ့သည်မှာယနေ့ဆိုရင် (၆) နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ကြောင်း၊ သမိုင်းအထောက်အထား များအရကောဇာသက္ကရာဇ် ၁၁၁၆ ခုနှစ်၊ တပေါင်းလဆန်း  (၁၃ ) ရက်နေ့တွင် ထားဝယ်မြို့အား စတင်တည်ထောင်ခဲ့ပြီး“ဥဩအော်သည် ထားဝယ်တည်” ဟုဆိုကြကြောင်း၊ ထားဝယ်လူမျိုးများ မူလအစကတည်းက နေထိုင်ကြသောကြောင့် မြို့နာမည်ကို ထားဝယ်မြို့ဟုလိုက်ပါခေါ်ဆိုခြင်း ဖြစ်ကြောင်း၊ ထားဝယ်လူမျိုးပေါ်ပေါက်လာပုံသမိုင်းကြောင်းအားရှင်းလင်းပြောကြားပြီး၊ ထားဝယ် သူ/သားများကရှေးဘိုးဘွားဘီဘင်များ၏ သမိုင်းအစဉ်အလာအားသိရှိထားပြီး လက်ဆင့်ကမ်း ထိန်းသိမ်းထားရန်လိုအပ်ကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ရိုးရာယဉ်ကျေးမှုပွဲတော်၊ ဘာသာရေးပွဲတော်များ၊ ပျော်ပွဲရွင်ပွဲများကို ကျင်းပဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ဒေသ၏ဖွံ့ဖြိုးတိုးတက်မှု၊ ဒေသ၏သာယာဝပြောမှု၊ ဒေသမှာရှိသောအလုပ်အကိုင်အခွင့်အလမ်းများ၊ ပညာရေး၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကိုဝိုင်းဝန်း ဆောင်ရွက်ပေးကြရန်လိုအပ်ကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းပြောကြားသည်။

tni

ဆက်လက်၍ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးJeng Phan နော်တောင်မှပေးပို့လာသော သဝဏ်လွှာအား တိုင်းဒေသကြီးတိုင်းရင်းသားရေးရာဝန်ကြီး ဦးစောမာတင်လူသာကဖတ်ကြားပြီး ထားဝယ်လူမျိုးစုစည်းမှု ကော်မတီ(ဗဟို)နာယက ဦးအောင်မြင့်က ထားဝယ်အမျိုးသားနေ့ဖြစ်ပေါ်လာပုံနှင့်အခမ်းအနားကျင်းပရခြင်း၏ရည်ရွယ်ချက် အားရှင်းလင်းပြောကြားသည်။

tni

ထို့နောက်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများကဆရာတော်၊ သံဃာတော်များအား လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်သတိုးမဟာသရေစည်သူ၊သတိုးမဟာသီရိသုဓမ္မဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီးမှ ထားဝယ်အမျိုးသားနေ့အတွက် လှူဒါန်းသော (၇၅) သိန်းကျပ်အား ဝန်ကြီးချုပ်ဦးမြတ်ကိုက ပေးအပ်ရာဒုတိယဗိုလ်မှူးကြီးတင်မြ(ငြိမ်း)က လက်ခံရယူပြီးဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေး အပ်ခဲ့သည်။

tni

ယင်းနောက် တာဝန်ရှိသူများက  ကြက်ခြေနီအသင်းအားဂုဏ်ပြုဆုချီးမြှင့်ပြီးထားဝယ် အမျိုးသားနေ့ အထိမ်းအမှတ် ဖူဆယ်ဘောလုံး အားကစားပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆုနှင့် တတိယဆု ရရှိသော အသင်းများအား ဆုဖလား၊ ဆုတံဆိပ်နှင့် ငွေသားဆုများချီးမြှင့်ကာ ကော်မတီ(ဗဟို) ဥက္ကဋ္ဌဦးအောင်မျိုးက ထားဝယ်အမျိုးသားနေ့ အခမ်းအနားကျင်းပနိုင်သည့် အတွက် ကျေးဇူးတင်စကား ပြောကြားသည်

tni

ဆက်လက်၍ တက်ရောက်လာသောဧည့်သည်တော်များအား ထားဝယ်ရိုးရာအကများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ကဇေယျဝတီကျောင်းတိုက်၌ သံဃာ့တော် များအားနေ့ဆွမ်းဆက်ကပ်ပြီး ဒေသခံပြည်သူများအား နေ့လည်စာဖြင့်တည်ခင်းဧည့်ခံခဲ့ကြောင်း သတင်းရရှိသည်။


tni

tni

 

နောက်ဆုံးရ သတင်း