တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့

တနင်္သာရီတိုင်းဒေသကြီး

အစိုးရအဖွဲ့

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို ပုလဲမွေးမြူ ထုတ်လုပ်ရေး ဆိုင်ရာကိစ္စရပ်များအား ရှင်းလင်းဆွေးနွေးပွဲအခမ်းနားသို့တက်ရောက်

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို ပုလဲမွေးမြူ ထုတ်လုပ်ရေး ဆိုင်ရာကိစ္စရပ်များအား ရှင်းလင်းဆွေးနွေးပွဲအခမ်းနားသို့တက်ရောက်

ထားဝယ်     ဒီဇင်ဘာ ၁၄

အရှေ့တိုင်းပုလဲကုမ္ပဏီလီမိတက်က အခမ်းအနားကို ယနေ့နံနက်ပိုင်းကထားဝယ်မြို့၊ တနင်္သာရီတိုင်း ဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေး ခန်းမ၌ကျင်းပသည်။tni

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို က တနင်္သာရီတိုင်းဒေသကြီးသည် ရှည်လျားသော ပင်လယ်ကမ်းရိုးတန်းများပိုင်ဆိုင်ထားပြီး ကမ်းရိုးတန်းနှင့်ပတ်သက်၍ စီးပွားရေး လုပ်ငန်းရှင်များလာရောက် ရင်းနှီးမြှပ်နှံသူများရှိကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအပေါ်မူတည် ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ဒေသခံပြည်သူများအလုပ်အကိုင်အခွင့်အလမ်းများရရှိရေး၊ နိုင်ငံတော်အတွက် စီးပွားရေးလုပ်ငန်းဖွံ့ဖြိုး တိုးတက်အောင် လုပ်ကိုင်ဆောင်ရွက်ပေးလျက် ရှိကြောင်း၊ တိုင်းဒေသကြီးအတွင်းလုပ်ကိုင်ဆောင်ရွက်နေသော စီးပွားရေးလုပ်ငန်းရှင်များ ညီညွတ် စွာရှိနေသည့်အတွက် နိုင်ငံတော်၏ဖွံဖြိုးတိုးတက်ရေးလုပ်ငန်းများ ဝိုင်းဝန်းပူးပေါင်းလုပ်ကိုင် ဆောင်ရွက်ပေးရန်လိုအပ်ကြောင်းပြောကြားသည်။

tni

ထို့နောက် အရှေ့တိုင်းပုလဲကုမ္ပဏီလီမိတက်မှ ပုလဲမွေးမြူထုတ်လုပ်နေမှုအဆင့်ဆင့်နှင့် ပုလဲမွေးမြူထုတ်လုပ်ရေးဆိုင်ရာ ဆောင်ရွက်ထားရှိမှုအခြေအနေများအား ရှင်းလင်းတင်ပြရာ  တိုင်းဒေသကြီးဝန်ကြီးများက ဖြည့်စွက်ဆွေးနွေးခဲ့ကြပြီး ဆွေးနွေးတင်ပြချက်များအပေါ်တွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသတင်းရရှိသည်။

tnitni

နောက်ဆုံးရ သတင်း