တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့

တနင်္သာရီတိုင်းဒေသကြီး

အစိုးရအဖွဲ့

ထားဝယ်မြို့၌ (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင်အခမ်းအနားနှင့် နိုင်ငံတော်အလံ အလေးပြုပွဲအခမ်းအနားကျင်းပ

ထားဝယ်မြို့၌ (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင်အခမ်းအနားနှင့် နိုင်ငံတော်အလံ အလေးပြုပွဲအခမ်းအနားကျင်းပ

ထားဝယ်       ဇန်နဝါရီ ၄

( ၇၆ )နှစ်မြောက်လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင်အခမ်းအနားနှင့် နိုင်ငံတော် အလံအလေးပြုပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ရွှေဝယ်သီရိအားကစားကွင်း၌ ကျင်းပသည်။

tnigov

ရှေးဦးစွာ နံနက် ၄ နာရီ မိနစ် ၂၀ တွင် ( ၇၆ )နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော် အလံတင် အခမ်းအနားကိုကျင်းပရာ အလံတင်တပ်စုမှဦးဆောင်၍ တိုင်းဒေသကြီးလုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးမင်းမင်းလတ်က နိုင်ငံတော်အလံကို တိုင်ထိပ်လွှင့်တင်ခဲ့ပြီး တက်ရောက်လာ သောဧည့်သည်တော်များ က နိုင်ငံတော်အလံအား အလေးပြုခဲ့ကြသည်။

Tnigov

ထိုနောက် နိုင်ငံတော်အလံအလေးပြုခြင်းနှင့် သဝဏ်လွှာဖတ်ပွဲ အခမ်းအနားကိုနံနက် ၇နာရီ တွင်ဆက်လက်ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီချုပ်၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီး ချုပ်၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၊ ဒုတိယတိုင်းမှူး၊ တိုင်းဒေသကြီးဝန်ကြီးများ၊ အရာရှိ စစ်သည်များ၊ ငြိမ်းချမ်းရေးအဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့၊ ဆရာ/မများ၊ ကျောင်းသား/သူများစုစုပေါင်း (၆၀၀)ဦး ခန့် တက်ရောက်သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက အလေးပြုခံစင်မြင့်တွင် နေရာယူပြီး ဂုဏ်ပြုတပ်ဖွဲ့၏အလေးပြုခြင်းကိုခံယူကာ တက်ရောက်လာသောဧည့်သည်တော်များနှင့်အတူ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံကို အလေးပြုပြီးဂုဏ်ပြုတပ်ဖွဲ့တီးဝိုင်းက နိုင်ငံတော် သီချင်းကိုတီးမှုတ်၍ ကျဆုံးလေပြီးသောအာဇာနည် ခေါင်းဆောင်ကြီးများအား အလေးပြုခဲ့ကြသည်။

၄င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်သတိုးမဟာ သရေစည်သူ ၊ သတိုးမဟာ သီရိသုဓမ္မ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ၂၀၂၄ခုနှစ်၊ (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာကို တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကို က ဖတ်ကြားပြီး ဂုဏ်ပြုတပ်ဖွဲ့၏အလေးပြုခြင်းကိုခံယူကာ အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)

Tnigov

Tnigov

နောက်ဆုံးရ သတင်း